မြစိမ်းရောင်အလေ့အကျင့်များကို ဆောင်ရွက်ဖို့ ဖိလစ်ပိုင်ဟိုတယ်များက ကတိပြု

Wed, 02/24/2016 - 04:49 -- admin_ygn

         သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်တဲ့ အလေ့အကျင့်တွေဖြစ်တဲ့မြစိမ်းရောင်အလေ့ အကျင့်တွေနဲ့အညီဆောင်ရွက်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထိန်းချုပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ခရီးသွား လုပ်ငန်းဝန်ကြီးဌာန(DOT) နဲ့ ဖိလစ်ပိုင်ဟိုတယ်ပိုင်ရှင်များက  ကတိပြုထားကြောင်း ဖိလစ်ပင်းစတားသတင်းမှာ ဖော်ပြပါတယ်။ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနဲ့အဝေးပြေးလမ်းမကြီးများဝန်ကြီးဌာနကထုတ်ပြန်တဲ့ ဖိလစ်ပိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မြစိမ်းရောင်အဆောက်အအုံစည်းမျဉ်းများ(Philippine Green Building Code) ကို စောင့်ထိန်းလိုက်နာမှာဖြစ် ကြောင်းDOT နဲ့ဟိုတယ်ပိုင်ရှင်များအသင်းတို့က ကတိပြုထားပါတယ်။ မြစိမ်း ရောင်အဆောက်အအုံစည်းမျဉ်းအရ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ သယံဇာတစီမံခန့်ခွဲမှု ဆိုင်ရာအခြေအနေများကို  တိုးတက်ကောင်းမွန်စေမယ့် စံနှုန်းမူဘောင်များကိုသတ်မှတ်ပေးထားပါတယ်။ အဲဒီအချက်များမှာ ကုန်ကြမ်း ချွေတာသုံးစွဲမှု၊ နေရာ ရွေးချယ်မှု၊ စီမံကိန်း၊   ဒီဇိုင်း၊   ဆောက်လုပ်ရေး၊ အဆောက်အအုံတွင်းနေထိုင်မှု၊ ကုန်ကျစရိတ်သက်သာစွာနဲ့ အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု စတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဟိုတယ်လုပ်ငန်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ဆောင်ရွက်ခြင်းအားဖြင့် ဖိလစ်ပိုင်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအခွင့်အလမ်းတွေ ပွင့်လမ်းလာစေနိုင်ကြောင်း ခရီးသွားလုပ်ငန်း အတွင်းဝန် ရေမွန်ဂျင်မီနက် ဂျူနီယာက ပြောပါတယ်။ ''ဟိုတယ် လုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့်ခရီးသည်တွေကိုပိုမိုသန့်ရှင်းတဲ့လေ၊ ပိုမိုသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကိုကျွန်တော်တို့ကဖြည့်ဆည်းပေးနိုင်ပြီးဟိုတယ်လုပ်ငန်းမှာလည်းလျှပ်စစ်ဓာတ်အားအတွက် ကုန်ကျစရိတ်ကို သက်သာ မှုရစေ ခဲ့ပါတယ်''လို့ ဂျင်မီနက်က ပြောပါတယ်။မြစိမ်းရောင်အဆောက်အအုံစည်းမျဉ်းက ဟိုတယ်ပိုင်ရှင်တွေ ဦးစားပေးလိုက်နာရမယ့် စည်းမျဉ်းတွေဖြစ်ပြီး ဒီလိုလိုက်နာဆောင်ရွက်ခြင်း အားဖြင့် အဆောက်အအုံတွေအတွက် စွမ်းအင်သုံးစွဲမှု ကုန်ကျ စရိတ်ကိုလျော့ကျစေနိုင်ကြောင်း ဟိုတယ်ပိုင်ရှင်များ အသင်းဥက္ကဋ္ဌ အာသာလိုပက်က ပြောပါ တယ်။

International Trade News

Pages