မဲခေါင်မြစ်ကြောင်းတစ်လျှောက်နိုင်ငံများ၏ မိုးခေါင်ရေရှားမှုပြဿနာ ဖြေရှင်းရာတွင် တရုတ်နိုင်ငံကကူညီမည်

Mon, 04/04/2016 - 08:18 -- admin_ygn

      ၂၀၁၅ခုနှစ်ကုန်မှစ၍ မိုးခေါင် ရေရှားမှု အခက်အခဲနှင့် ရင်ဆိုင်နေရ သည့် မဲခေါင်မြစ်တစ်လျှောက် ဒေသများအတွက် အရေးပေါ်ရေလိုအပ်မှုကိုတရုတ်နိုင်ငံမှ ဧပြီ ၁၀ ရက်မှစတင်၍ ကူညီပေးမည်ဖြစ်ကြောင်း တရုတ် နိုင်ငံြ ခားရေး ဝန်ကြီးဌာနမှ ပြောကြား ပါသည်။တရုတ်နှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်နိုင်ငံများသည် ရင်းနှီးခင်မင်သည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အားလျော်စွာ အခက်အခဲများ ကို အတူတကွ    ကူညီဖြေရှင်းရ မည် ဖြစ် ကြောင်း    ဆက်လက်ပြောကြားခဲ့ပါ သည်။ မဲခေါင်မြစ်အောက်ပိုင်း ဒေသ ဖြစ်သည့်  ဗီယက်နမ်တွင်ဖြစ်ပေါ်နေ သော   ရေရှားပါးမှုအခက်အခဲကိုဖြေ   ရှင်းနိုင်ရန် ယူနန်ပြည်နယ်ရဲ့ ယင်ဟောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ရေကို တိုးမြှင့်ပံ့ပိုးပေးရန် တောင်းဆိုခဲ့ ကြောင်းလည်း သိရှိရပါသည်။
မဲခေါင်မြစ် အပေါ်ပိုင်းဖြစ်သည့် တရုတ်နိုင်ငံဘက်ခြမ်းရှိ လန်ချန်းမြစ် သည်  အင်ဒိုချိုင်းနားကျွန်းဆွယ်  ငါး နိုင်ငံ(လာအို၊  မြန်မာ၊ ထိုင်း၊ ကမ္ဘော ဒီးယားနှင့် ဗီယက်နမ်) အတွက် အရေး ပါသည့် ရေအရင်းအမြစ်ဖြစ်ပြီး အဆိုပါ ငါးနိုင်ငံ၏ ရေရှားပါးမှု ပြဿနာအတွက် ကူညီပေးသွားမည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆက်လက် ပြောကြား ထားပါသည်။၂၀၁၅ခုနှစ်နိုဝင်ဘာလကယူနန် ပြည်နယ်တွင် ကျင်းပသည့်အစည်း   အဝေး ၌ မဲခေါင်ဒေသ နိုင်ငံခြားရေး ဝန်ကြီးများမှ ရေအရင်းအမြစ်ဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်အတွက် လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်စနစ် တစ်ခုချမှတ်ခဲ့ကြကြောင်း၊ ထိုလုပ်ငန်း စဉ်အရ တရုတ်သည်အိမ်နီးချင်းနိုင်င များနှင့်ရေအရင်းအမြစ်နှင့် သဘာ၀ ဘေးအန္တရာယ်ကိုင်တွယ်ဖြေရှင်းမှုဆိုင် ရာကိစ္စများ၌ လက်တွေ့ကျကျပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ ရေရှားပါးမှု အခက်အခဲကို ကူညီ ဆောင် ရွက်ခြင်း သည် အိမ်နီးချင်း မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများ၏အကျိုးစီးပွားကို အကာအကွယ်ပေး ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ တာဝန်ယူမှု ကို ပြသသည့်လက္ခဏာကောင်းတစ်ခု လည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
သန္တာခိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ပေကျင်းမြို့

International Trade News

Pages