ဗင်နွာတူနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်

Wed, 05/04/2016 - 07:59 -- admin_ygn

  ဗင်နွာတူနိုင်ငံတွင် အင်အားရစ်ချ်တာစကေး ၇ အဆင့်ရှိ အင် အားအလွန်ပြင်းထန်သည့်ငလျင်တစ်ခု ဧပြီ ၂၉ရက်က လှုပ်ခတ်ခဲ့ကြောင်းအမေရိကန်နိုင်ငငလျင်တိုင်းတာရေးအဖွဲ့ကသတင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါငလျင ်သည် ဗင်နွာတူနိုင်ငံ၏ အထင်ကရကျွန်း တစ်ကျွန်းဖြစ်သည့်မာလီကာလုကျွန်းကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး လူဂန်ဗယ်လီ၏ တောင်ဘက်နှင့်အရှေ့တောင်ဘက် ၆၄ ကီလို မီတာအကွာကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ် သည်။အဆိုပါအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဗင်နွာတူငလျင်တိုင်းတာရေးအဖွဲ့က ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ သို့သော်လည်းဆူနာမီရေလှိုင်းများသည်သေးငယ်လွန်းသဖြင့် သာမန်ရေလှိုင်း လောက်သာရှိခဲ့ကြောင်း ဆူနာမီသတိပေးချက်ထုတ် ပြန်ရေးကော်မတီကထုတ်ပြန်ကြေညာခဲ့သည်။ယခုကဲ့သို့ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သော်လည်း မြို့တော်တစ်ဝိုက်တွင် ကြီးကြီးမားမားပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ ကြောင်း၊ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့သော် လည်းနှစ်နာရီအကြာတွင် အဆိုပါသတိပေးချက်ကို ပြန်လည်ရုပ် သိမ်းခဲ့ကြောင်း အမျိုးသားဆူနာမီသတိပေးချက်ထုတ်ပြန်ရေးစင်တာမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။အင်အားအလွန်ပြင်းထန်သည့်  ငလျင်လှုပ်ခတ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိသည်ကိုများစွာအံ့သြမိကြောင်း ပို့တ်ဗီလာမှဂျာနယ်လစ်တစ်ဦးဖြစ်သူ မော့ဆက်စ်ကပြောကြားခဲ့ သည်။''ငလျင်လှုပ် တုန်းက ယိမ်းထိုးနေတာ။ ဒါပေမယ့်သတိရလို့လိုက်ကြည့်မိတော့ ပျက်စီးဆုံးရှုံးမှုကမဆိုစလောက်ပါပဲ။ ကျွန်တော်တို့ ဗင်နွာတူနိုင်ငံအတွက်ကတော့ငလျင်ဘေးဒဏ်က အမြဲခံစားနေရတာပါ''ဟု ၎င်းင်းက ပြောကြားခဲ့သည်။ ဗင်နွာတူနိုင်ငံသည်   မီးတောင်စက်ကွင်းအတွင်းတွင်  ကျရောက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းသိရသည်။
မယ်သီတာ

International Trade News

Pages