ဗင်နွာတူနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်

Tue, 05/03/2016 - 07:44 -- admin_ygn

 ဗင်နွာတူနိုင်ငံတွင် အင်အားရစ်ချ်တာစကေး ၇ အဆင့်ရှိ အင် အားအလွန်ပြင်းထန်သည့် ငလျင်တစ်ခု ဧပြီ ၂၉ရက်က လှုပ်ခတ် ခဲ့ကြောင်း အမေရိကန်နိုင်ငံ ငလျင်တိုင်းတာရေးအဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။အဆိုပါငလျင် သည် ဗင်နွာတူနိုင်ငံ၏ အထင်ကရကျွန်း တစ် ကျွန်းဖြစ်သည့်  မာလီကာလုကျွန်းကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး လူဂန်ဗယ်လီ၏ တောင်ဘက်နှင့် အရှေ့တောင်ဘက် ၆၄ ကီလို မီတာအကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ် သည်။အဆိုပါအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဗင်နွာတူ ငလျင်တိုင်းတာရေးအဖွဲ့က ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ သည်။ သို့သော်လည်း ဆူနာမီရေလှိုင်းများသည် သေးငယ်လွန်းသဖြင့် သာမန်ရေလှိုင်းလောက် သာ ရှိခဲ့ကြောင်း ဆူနာမီသတိပေးချက်ထုတ် ပြန်ရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။ယခုကဲ့သို့ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သော်လည်း မြို့ တော်တစ်ဝိုက်တွင် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ကြောင်း၊ ငလျင် လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့သော် လည်း နှစ်နာရီအကြာတွင် အဆိုပါသတိပေးချက်ကို ပြန်လည်ရုပ် သိမ်းခဲ့ကြောင်း အမျိုးသားဆူနာမီ  သတိပေးချက်ထုတ်ပြန်ရေး စင်တာမှ တာဝန်ရှိသူတစ်ဦး က ပြော ကြားခဲ့သည်။အင်အားအလွန်ပြင်းထန်သည့်  ငလျင်လှုပ်ခတ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိသည်ကို များစွာအံ့သြမိကြောင်း ပို့တ်ဗီလာမှ ဂျာနယ်လစ်တစ်ဦးဖြစ်သူ မော့ဆက်စ်က ပြောကြားခဲ့ သည်။''ငလျင်လှုပ်တုန်း က ယိမ်းထိုးနေတာ။ ဒါပေမယ့် သတိရလို့ လိုက်ကြည့်မိတော့ ပျက်စီးဆုံးရှုံးမှုက မဆိုစလောက်ပါပဲ။ ကျွန် တော်တို့ ဗင်နွာတူနိုင်ငံအတွက်ကတော့ ငလျင်ဘေးဒဏ်က အမြဲ ခံစားနေရတာပါ''ဟု ၎င်းင်းက ပြောကြားခဲ့သည်။
ဗင်နွာတူနိုင်ငံသည်   မီးတောင်စက်ကွင်းအတွင်းတွင်  ကျ ရောက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။
မယ်သီတာ

International Trade News

Pages