ပြည်ပမှ သဘာဝရော်ဘာ တင်သွင်းရန် လိုအပ်ကြောင်း အိန္ဒိယပြည်တွင်းတာယာလုပ်ငန်းရှင်များက ပြောကြား

Thu, 03/31/2016 - 06:51 -- admin_ygn

ပြည်ပမှ ရော်ဘာတင်သွင်းခြင်းအားဖြင့် ပြည်တွင်း ထုတ်လုပ်မှုနဲ့ သုံးစွဲမှုကြား ကွာဟချက်ကို ဖြည့်ဆည်း ပေးရာ ရောက်စေတယ်လို့ တာယာထုတ်လုပ်သူများနဲ့  ရော်ဘာ အခြေခံထုတ်ကုန်လုပ်ငန်းရှင်များ က ပြောကြားပါ တယ် ။ ပြည်ပရော်ဘာတင်သွင်းမှုသည် အလွန်အကျွံဖြစ်နေ တယ်လို့ ရော်ဘာစိုက်ပျိုးသူများ အသင်းရဲ့ စွပ်စွဲပြောကြားချက်အပေါ်ရော်ဘာထုတ်ကုန်လုပ်ငန်းရှင်များအသင်းက ပြည်တွင်း၌ ရော်ဘာသိုလှောင်ထားတဲ့ပမာဏမှာ   လိုအပ်ချက်ကို ဖြည့် ဆည်းနိုင်ခြင်းမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ရော်ဘာဘုတ်အဖွဲ့က ထုတ်ပြန်သော  ကိန်း ဂဏန်း အချက်အလက်များအရ လက်ရှိဘဏ္ဍာနှစ်ပထမ  ၁၁ လ တာကာလအတွင်း ပြည်ပ မှ ရော်ဘာ တင် သွင်းမှုပမာဏသည်ပြည်တွင်းရော်ဘာထွက်ရှိမှုနဲ့အသုံးပြုမှု ပမာဏကွာဟချက် ကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ ရှင်းလင်းဖော်ပြထားပါတယ်။ပြည်တွင်းရော်ဘာ ထုတ်လုပ်မှု ကျဆင်းလာတာနဲ့အမျှ ရော်ဘာ ထုတ်ကုန် လုပ်ငန်းလုပ်ဆောင်သူများအနေနဲ့ ပြည်ပ မှတင်သွင်းတဲ့ ရော်ဘာကိုသာအားကိုးရတာဖြစ်ပါတယ်။ဒါပေမဲ့   ပြည်ပမှ ရော်ဘာတင်သွင်းမှုအပေါ် သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ်ထားခြင်းဟာ အကျပ်အတည်းတစ်ခု သဖွယ်ဖြစ်နေသလို အဲဒီနှုန်းဟာလည်း  ကမ္ဘာမှာအမြင့်ဆုံးနှုန်းထားတစ်ခုဖြစ်နေပါတယ်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်စ   ဧပြီလမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအထိ ၁၁ လတာကာလအတွင်း ပြည်တွင်း ထုတ်လုပ်မှုနဲ့ သုံးစွဲမှုကြား ကွာဟမှုဟာ တန်ချိန် ၃ ဒဒသမ ၆၇သိန်းရှိပြီး ပြည်ပမှတင်သွင်းမှု ပမာဏဟာ ၃ ဒသမ ၉၃ သိန်းရှိတဲ့အတွက် ပြည်ပမှ အလွန်အကျွံတင်သွင်းနေတယ်လို့ ပြောဆို၍မရနိုင်ပါဘူးလို့ ယာဉ်ယန္တရားသုံး တာယာထုတ်လုပ်သူများ အသင်း  (Automotive Tyre Manufactures's Associaion-ATMA) ညွှန်ကြားရေးမှူးချုပ်Rajiv Budhraya  က ပြောပါတယ်။သဘာဝရော်ဘာ တင်သွင်းခွန်မြင့်မားခြင်းနဲ့ တာယာ တင်သွင်းခွန်စည်းကြပ်နှုန်း  နည်းနေခြင်းဟာ အိန္ဒိယနိုင်ငံ အတွင်းသို့ ပြည်ပမှာ တာယာများ ပရမ်းပတာတင်သွင်းပြီးပိုလျှံစုပုံအောင် ဆောင်ရွက်တာနဲ့တူတယ်လို့ Budhraya ပြော ကြားပါတယ်။တာယာတင်သွင်းမှု စာရင်းဇယားများအရ ယခုဘဏ္ဍာ နှစ် ၉ လအတွင်း လစဉ် ထရပ်နဲ့ ဘတ်စ်ကား သုံးတာယာ တစ် သိန်းကျော်တင်သွင်းလျက်ရှိပါတယ်။ ဒီပမာဏဟာဆိုလျှင်တာယာလိုအပ်ချက်ရဲ့ ၄၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးခြင်း ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ တာယာတင်သွင်းမှုက ၉၀ ရာခိုင်နှုန်း ကျော် ရှိတယ်လို့ ATMA အရာရှိများက ပြောကြားပါတယ်။All India Rubber Industries Association &JU (AIRIA) ဥက္ကဋ္ဌ Mohinder Gupta  က  အစိုးရက သဘာ၀ ရော်ဘာတင်သွင်းမှုကို ထိန်းချုပ်နေတဲ့ အတွက် ရော်ဘာ ကုန်ကြမ်းရရှိရန် ခက်ခဲနေကြောင်းနဲ့ ပြည်တွင်းရော်ဘာ ထွက် ရှိမှုက ရော်ဘာထွက်ကုန် ထုတ်လုပ်ရေးလုပ်ငန်းများ သုံးစွဲရန် အတွက် လုံလောက်မှုမရှိသေးကြောင်းပြောကြားခဲ့ပါတယ်။

CMK

International Trade News

Pages