ပေကျင်း မြေအောက်မီးရထားလမ်းကွန်ရက်စနစ်တစ်ခုလုံးအား လာမည့်နှစ်အနည်းငယ်အတွင်း တရုတ်နည်းပညာဖြင့်သာဆောင်ရွက်မည်

Mon, 04/04/2016 - 08:16 -- admin_ygn

လာမည့်နှစ်အနည်းငယ်အတွင်း ပေကျင်း၏ မြေအောက်ရထားလမ်း ကွန်ရက်စနစ်တစ်ခုလုံးအား တရုတ်နိုင်ငံ ၏Hard-ware နှင့်Software နည်း ပညာများဖြင့်သာ ဆောင်ရွက်တော့ မည်ဖြစ်ကြောင်းBeijing Rail Traffic Control Center ဒါရိုက်တာZhan Minghui ကထုတ်ဖော်ပြောကြားခဲ့ပါ သည်။တရုတ်  ရထားပို့ဆောင်ရေး  ကွန်ရက်သည် ၂၀၂၀ ခုနှစ်တွင် နှစ်ဆကျော်အထိ တိုးတက်လာနိုင်ကြောင်း၊ ယခု ၅၅၄ ကီလိုမီတာ မှ နောင်လေးနှစ် တွင် ၉၉၉ကီလိုမီတာ အထိတိုးချဲ့တည် ဆောက်မည်ဟု ခန့်မှန်းထားကြောင်း၊ ပေကျင်းမြေအောက်ရထားအသုံးပြုမှု မှာ နေ့စဉ် လူဦးရေ ၁၀ သန်းကျော်၊ပြည် သူ့သယ်ယူပို့ဆောင်ရေး၏ ၄၈ ရာခိုင် နှုန်းရှိကြောင်း ဖော်ပြ ထားပါ သည်။ ပေကျင်း၏ မြေအောက်မီးရထားလမ်း ပို့ဆောင်ရေးကွန်ရက်၏ အဓိကဦးစား ပေးစနစ်မှာ   လုံခြုံစိတ်ချရမှုနှင့်   ထိ ရောက်မှုဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ပြည် တွင်းနည်းပညာနှင့် ပစ္စည်းကိရိယာ များကိုသာ တပ်ဆင် အသုံးြ ပုနိုင်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။ အဆိုပါမူဝါဒကို သမ္မတ ရှီကျင်းဖျင့်မှ   လွန်ခဲ့သည့်   နှစ်နှစ်က တည်းက   ချမှတ် ထား ခဲ့ခြင်းဖြစ်ပြီး မြေအောက်မီးရထား လမ်းစနစ်သည်     ဘေးကင်းစိတ်ချရ မှုရှိပြီး အဆင်ပြေစွာ သွားလာနိုင်ရမည်ဖြစ်ကြောင်း၊    ထိ ရောက်သည့် ဝန်ဆောင်မှုပေးနိုင်ရမည့် အပြင် ပြည်သူအားလုံး    အသုံးပြုနိုင်စေ ရန်အတွက် ဈေးနှုန်းသက်သာမှုလည်း ရှိရန်   ဆောင်ရွက်ပေးရမည်ဟု လမ်း ညွှန် ထားကြောင်းပြောကြားခဲ့ပါသည်။
ပေကျင်းမြူနီစီပယ်သယ်ယူပို့ ဆောင်ရေးကော်မရှင်မှ   တာဝန်ရှိသူ တစ်ဦးက မြေအောက်မီးရထားလမ်း စနစ်     ထိရောက်မှုရှိစေရန်အတွက် ရထားတစ်စင်းနှင့်  တစ်စင်းကြားအချိန် ကွာဟမှုအချိန်ကို    လျှော့ချသွားမည် ဖြစ်ပြီး ယခုလက်ရှိတွင် မြေအောက် မီးရထားလိုင်းလေးလိုင်းသည်  လူသွား လူလာများသည့် အချိန်အတွင်း ရထား တစ်စင်းနှင့်တစ်စင်းကြား တစ်မိနစ်နှင့် ၄၃ စက္ကန့်ရှိကြောင်း၊ အချိန်တိကျမှန် ကန်မှုမှာ ၉၉ ဒသမ  ၉  ရာခိုင်နှုန်း ရှိ ကြောင်း ဖော်ပြထားပါသည်။

သန္တာခိုင်၊ စီးပွားရေးသံမှူး  မြန်မာသံရုံး၊ ပေကျင်းမြို့

 

International Trade News

Pages