ဈေးကွက်ကသောင်းကနင်းဖြစ်မှုက ဗဟိုဘဏ်အတိုးကြောင့်မဟုတ်ဟု ဂျပန်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးဆို

Thu, 02/18/2016 - 04:43 -- admin_ygn

                            ကမ္ဘာ့စတော့ဈေးနှုန်းများကျဆင်းရခြင်းမှာရင်းနှီးမြုပ်နှံသူတွေက စွန့်စားမှုကိုအလွန်အမင်းရှောင်ရှားပြီးဆောင်ရွက်မှုကြောင့် ဖြစ်ပွားရကြောင်း ပြစ်တင်ပြီးနောက်မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ဈေးကွက်က သောင်းက နင်းဖြစ်ရခြင်းမှာဂျပန်ဗဟိုဘဏ်အတိုးနှုန်းကိုသုညရာခိုင်နှုန်းအောက်သို့ ချမှတ်ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ရတယ်ဆိုတဲ့ ဝေဖန်မှုများကို ဂျပန်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဟာရူဟီကိုကူရိုဒါက ပယ်ချခဲ့ကြောင်း ရိုက် တာ သတင်းမှာ ဖော်ပြပါတယ်။ဂျပန်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ကူရိုဒါကဗဟိုဘဏ်ရဲ့ မူဝါဒအတိုး နှုန်းကိုသုညရာခိုင်နှုန်းအောက်သို့ ချထားဖို့ဇန်နဝါရီလကဆုံးဖြတ်ခဲ့ပါ တယ်။ ဒါပေမဲ့ဈေးကွက်မတည်မငြိမ်ဖြစ်မှုက သူ့ဆုံးဖြတ် ချက်ကို ဂယက်ရိုက်ခတ်ခဲ့ပါတယ်။ဥရောပရှိဘဏ်တွေရဲ့ကြံ့ခိုင်မှု အခြေအနေနဲ့ ကမ္ဘာ့စီးပွားရေးအလားအလာအပေါ်စိုးရိမ်မှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေကလုံခြုံစိတ်ချရမှုရှိတဲ့ယန်းငွေကြေးဘဏ်ကိုလှည့်လာကြတဲ့အတွက်ဂျပန် စတော့ဒိုင်နီကေးရဲ့ ပျမ်းမျှနှုန်းထားက ၃၃ ရာခိုင်နှုန်းကျဆင်းပြီး ၁၅ လအတွင်း အနိမ့်ဆုံးရောက်ရှိကာ ယန်းငွေတန်ဖိုးက ၁၅ လအတွင်းအမြင့် ဆုံးကိုရောက်ရှိခဲ့ပါတယ်။အတိုးနှုန်းကိုသုညရာခိုင်နှုန်း အောက်ချထားတဲ့အတွက် ချေးငွေကုန် ကျစရိတ်တွေကျဆင်းပြီး စီးပွားရေး ဖွံ့ ဖြိုးအောင်လှုံ့ဆော်အားပေးနိုင်ပါလိမ့် မယ်လို့ ကူရိုဒါက ပြောကြားရင်း ဗဟို ဘဏ်ကြောင့် ဈေးကွက်မတည်မငြိမ် ဖြစ်စေလိမ့်မယ်ဆိုတဲ့ ဝေဖန်ချက်ကိုငြင်းဆိုခဲ့ပါတယ်။မကြာ သေး မီကဖြစ်ခဲ့တဲ့ ဈေး ကွက်ကသောင်းကနင်းဖြစ်မှုတွေက ဂျပန်ဗဟိုဘဏ်ရဲ့သုညရာခိုင်နှုန်း အောက်ချထားတဲ့ အတိုးနှုန်းကြောင့် ဖြစ်ရမယ်လို့ ကျွန်တော်မထင်ပါဘူး}}လို့  ကူရိုဒါက ပြောကြားပြီးမကြာသေးမီကဖြစ်ပွားခဲ့တဲ့  ဈေးကွက်လှုပ်ရှားမှုတွေက ဂျပန်စီးပွားရေးနဲ့ဈေးနှုန်းတွေကို ဘယ်လိုထိ ခိုက်မယ်ဆိုတာကိုဂရုတစိုက်စောင့်ကြည့်နေမယ်လို့လည်းသူကပြောပါတယ်။ငွေကြေးဖောင်းပွမှုနှုန်းကို ရည် မှန်းထားတဲ့ နှစ်ရာခိုင်နှုန်းအထိရောက်ရှိဖို့အ တွက် လိုအပ်မယ်ဆိုရင် ဂျပန်ဗဟို ဘဏ်က ငွေကြေးလှုံ့ဆော်အားပေးမှု အစီအစဉ်ကို ထပ်မံဆောင်ရွက်ဖို့ လက် နှေးမှာ  မဟုတ်ဘူးလို့ သူကပြောပါ တယ်။

International Trade News

Pages