ဂျပန်ဗဟိုဘဏ်က မူဝါဒကိုမပြောင်းဘဲ ဆက်လက်ထိန်းထားတဲ့အတွက် ဈေးကွက် ကို အံ့အားသင့်စေခဲ့

Thu, 05/05/2016 - 09:04 -- admin_ygn

  ဗဟိုဘဏ်အတိုးနှုန်းမူဝါဒကို သုညနီးပါးအတိုင်းဆက်လက်ထိန်းထားပြီး နှစ်အလိုက်ငွေကြေးအခြေခံကိုယန်းထရီလီယံ ၈၀ နှုန်းအတိုင်းဆက်လက်ထား ရှိမှာဖြစ်ကြောင်းဂျပန်ဗဟိုဘဏ်က ဧပြီ ၂၈ ရက်မှာ ကြေညာခဲ့တဲ့အတွက် ဈေးကွက်ရှိရင်းနှီးမြှုပ်နှံသူတို့ကို ထပ်မံအံ့အားသင့်စေခဲ့ပါတယ်။ယခုဆုံးဖြတ်ချက်ကို နှစ်ရက်ကြာမူဝါဒအစည်းအဝေးအပြီးမှာ ထုတ်ဖော်ကြေညာခဲ့တာဖြစ်ပြီးကြေညာချက်ကြောင့်ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းမယ့်အလား အလာ တွေရှိနေချိန်နဲ့ ကမ္ဘာ့ဝယ်လိုအားကျဆင်းမှုက ပို့ကုန်များကျဆင်းအောင်ဖန်တီးနေချိန်မှာဂျပန်ဗဟိုဘဏ်ကငွေကြေးတွန်းအားပေးလှုံ့ဆော်မှုအစီအစဉ်ကိုအဆမတန်တိုးမြှင့်ဆောင်ရွက်လိမ့်မယ်လို့ခန့်မှန်းထားတဲ့အတွက် ဈေးကွက် လေ့လာသူတွေကိုအံ့အားသင့်စေခဲ့ပါတယ်။ဂျပန်ယန်းငွေတန်ဖိုးမြင့်တက်နေတဲ့အတွက်လည်း ဂျပန်ဗဟိုဘဏ်က ယန်း ငွေကြေးတန်ဖိုးကို ထိန်းချုပ်စေမယ့် အလားအလာတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အီကွီတီရှယ်ယာဈေးကွက်နဲ့ ကုန်စည်ဈေးကွက်တွေ ကျဆင်းနေတဲ့အချိန်မှာ ယန်းငွေတန်ဖိုးက မြင့်တက်လာလေ့ရှိပြီး ယခုနှစ်အတွင်းမှာ ဒေါ်လာနဲ့ ဖလှယ်တဲ့ အခါ ၇ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပါ တယ်။

International Trade News

Pages