ဂျပန်နိုင်ငံမှာ စူပါမားကက်များမှ စွန့်ပစ်အစားအစာများကို အမှိုက်ဆွေး မြေသြဇာအဖြစ်ဖန်တီး

Tue, 03/08/2016 - 08:24 -- admin_ygn

         ဂျပန်နိုင်ငံမှာ စူပါမားကက်များ က စွန့်ပစ်ထားတဲ့ အစားအစာတွေကို အမှိုက်ဆွေးမြေသြဇာအဖြစ် ဖန်တီးပြီး တိုကျိုမြို့အနောက်ပိုင်း ဒေသရှိ တာချီတာဝါလယ်ယာစိုက်ခင်းတွေမှာ အသုံးပြုလျက်ရှိပါတယ်။ အဲဒီစိုက်ခင်း မှ ထွက်ရှိလာတဲ့  ဟင်းသီးဟင်းရွက်တွေ ကိုတိုကျိုမြို့ပေါ်မှာရှိတဲ့ အီတိုယိုကာဒို စတိုးဆိုင် ၄၀ မှာရောင်းချလျက်ရှိကြောင်းအဆာဟိသတင်းမှာဖော်ပြပါတယ်။အီတိုယိုကာဒို စူပါမားကက်ဆိုင် ခွဲရှစ်ခုကထွက်ရှိတဲ့အစား အသောက် အကြွင်းအကျန်များကိုSeven Farm Tokyo က စုစည်းပြီးအမှိုက်ဆွေး မြေသြဇာအဖြစ် ပြုပြင်ထုတ်လုပ်ပါတယ်။ ထွက်ရှိလာတဲ့မြေသြဇာကို ဧရိယာ ၁၇ ဟက်တာရှိ မြေပေါ်မှာ ဟင်းနုနွယ်၊ ပန်းမုန်လာ၊   မုန်လာဥနဲ့ တခြားဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးရာမှာအသုံးပြုပါတယ်။ အီတိုယိုကာဒိုစွန့်ပြစ်အစားအစာ တစ်ကျော့ပြန်အသုံးပြုတဲ့စနစ်ကို၂၀၀၈ ခုနှစ်ကစတင်ပြီးဆောင်ရွက်ခဲ့ပါတယ်။တာချီကာဝါစိုက်ခင်းက ဂျပန်နိုင်ငံတစ်ဝန်း မှာSeven Farm က ဆောင် ရွက်လျက်ရှိတဲ့ လုပ်ငန်း ၁၁ ခုအနက် တစ်ခုမျှသာဖြစ်ပါတယ်။  ဒီစိုက်ကွင်း ကိုစုပေါင်းလယ်ယာလုပ်ငန်း ၁၁ ခုနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး အာကီရှီးမား၊ ဟိဂါရှီ-ယာမာတိုနဲ့တိုကျို အနောက်ပိုင်းဒေသရှိ  အီတိုယိုကာဒို ဆိုင်ခွဲများကထွက်ရှိတဲ့ စားကြွင်းစားကျန်တွေကထုတ်တဲ့ အမှိုက်ဆွေးမြေ  သြဇာကိုအသုံးပြုစိုက်ပျိုးပါတယ်။Seven Farm  တို့ကို ဆောင်ရွက်လာ တာလေးနှစ်ခန့်ရှိပြီး လယ်သမားများနဲ့ အီတိုယိုကာဒိုတို့   ဖက်စပ်လုပ်ကိုင် လျက်ရှိပြီး ၂၀၁၅   ဘဏ္ဍာရေးနှစ် အတွင်းမှာ စုစုပေါင်းတန် ၈၀၀ ရှိတဲ့ လယ်ယာ ထုတ်ကုန် ၁၄ မျိုး ကို ထုတ် လုပ်နိုင်ခဲ့ပါတယ်။ှSeven Farm တံဆိပ်နဲ့ ထုတ် ကုန်တွေကိုတိုကျို မြို့ပေါ်မှာရှိတဲ့ အီတိုယိုကာဒို စူပါမားကက်ဆိုင်ခွဲ ၄၀ ကိုတင်ပို့ရောင်းချပါတယ်။ဂျပန်နိုင်ငံမှာ အစားအစာထုတ် လုပ်တဲ့လုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့လုပ် ငန်းများက အစားအစာကို တစ်ကျော့ ပြန် ပြန်လည်ထုတ်လုပ်ရေးကို ရည် မှန်းချက်ထားပြီး    အစားအစာတစ် ကျော့ပြန်အသုံးချရေး  ဥပေဒပြင်ဆင် ချက်ကိုလွန်ခဲ့တဲ့တစ်နှစ်က ပြဋ္ဌာန်းခဲ့ပါ တယ်။ သူရဲ့ဆိုင်ခွဲများမှ  ထွက်ရှိတဲ့ စား<ကင်းစားကျန်များကိုတစ်ကျော့ ပြန်အသုံးပြုတဲ့စနစ်ကို  အီတိုယိုကိုဒို က ၂၀၀၈ ခုနှစ်မှာ စတင်လုပ်ဆောင် ခဲ့ပါတယ်။   စား<ကင်းစားကျန်ရဲ့ ၄၅ ရာခိုင်နှုန်းကို  တစ်ကျော့ပြန် အသုံးပြု ဖို့ ကုမ္ပဏီက ရည်မှန်းချက်ချမှတ်ခဲ့ပေ မယ့် ၂၀၀၈ ခုနှစ်က လက်တွေ့ မှာ ၂၆ ဒသမ ၅ ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင် ခဲ့ပါတယ်။ ထုတ်လုပ်မှုနှုန်းကို မြှင့်တင် နိုင်ဖို့အတွက် ကုမ္ပဏီက အမှိုက်ဆွေး  ထုတ်လုပ်ရေး အထောက်အကူပြုလုပ် ငန်းများကို တည်ထောင်ထုတ်လုပ်ခဲ့ပါတယ်။စား<ကင်းစားကျန်တွေက ထုတ်လုပ်တဲ့ အမှိုက်ဆွေးမြေသြဇာတွေကို ကနဦးက ဂျပန်နိုင်ငံတစ်ဝန်းရှိ   ကနထရိုက်လယ်ယာလုပ်ငန်း ၄၀၀ ကိုဖြန့်ဖြူးပေးပို့ခဲ့ပါတယ်။နောက်ပိုင်းမှာကုန်ကျစရိတ်လျှော့ချနိုင်ဖို့အတွက်မူဝါဒပြောင်းကာဆိုင်ခွဲများအနီးရှိ လယ်သမားများနဲ့ ပူးပေါင်းပြီး ကော်ပို ရေးရှင်းများ ဖွဲ့စည်းခဲ့ပါတယ်။

 

International Trade News

Pages