ငွေလုံးငွေရင်းအသုံးစရိတ်ကျဆင်းမှုကြောင့်တရုတ်စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်သားငှားရမ်းမှု လျှော့ချ

Wed, 04/06/2016 - 07:15 -- admin_ygn

   တရုတ်ကုမ္ပဏီများရဲ့   ငွေလုံးငွေရင်းအသုံးစရိတ်ကယခုနှစ်ပထမသုံးလပတ်အတွင်းမှာငါးနှစ်အတွင်း အနိမ့်ဆုံးအထိကျဆင်းခဲ့ကြောင်းပုဂ္ဂလိကစစ်တမ်းတစ်ခုကိုကိုးကားပြီးရိုက်တာသတင်းမှာ ဖော်ပြပါ တယ်။ယခုအခြေ အနေကိုကြည့်ခြင်းအားဖြင့်တရုတ်စီးပွားရေးအဆမတန်နှေးကွေးမှုဖြစ်ပေါ် မလာစေရန်အတွက်တရုတ်အစိုးရကမူဝါဒချမှတ်ပြီးအကောင်အထည်ဖော်ဆောင်ရွက်တဲ့ တိုင်အောင်တိုင်းပြည်စီးပွားရေးက ဆက်တိုက်ကျဆင်းလျက် ရှိနေကြောင်းပြသနေပါတယ်။ ကုမ္ပဏီများကလုပ်သားငှားရမ်းခန့်ထားမှု ကျဆင်းလျက်ရှိနေပြီး  ငွေကြေးသုံးစွဲမှုကိုလျှော့ချမှုကြောင့်   အလုပ်အကိုင်ကျဆင်းမှုမှာဒုတိယမြောက်သုံးလပတ်အဖြစ်ရောက်ရှိခဲ့ကြောင်း ပုဂ္ဂလိကစစ် တမ်းအဖွဲ့ China Beige Book Internatioanl (CBBI) ကစီးပွားရေးလုပ်ငန်း ၂၂၀၀ ကို စစ်တမ်းကောက်ယူစိစစ်ချက်အရ သိရပါတယ်။ပထမသုံးလပတ်အတွင်း မတည်ရင်းနှီးငွေတိုးတက်ရင်းနှီးမြှုပ်နှံနိုင်တဲ့ စီးပွားရေးလုပ်ငန်း များမှာ ၃၃ရာခိုင်နှုန်း သာရှိခဲ့ရာစစ်တမ်းကောက်ယူထားတဲ့ ငါးနှစ်တာကာလအတွင်းအနိမ့်ဆုံးဖြစ်ပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းများ ရဲ့ရှယ်ယာတန်ဖိုးများမှာလည်း၂၀၁၄ ခုနှစ်ဒုတိယသုံးလပတ်နောက်ပိုင်းမှာ ၄၀ ရာခိုင်နှုန်း အထိကျဆင်းခဲ့ပါတယ်။ ဒါပေမယ့်ဝင်ငွေရရှိမှုမှာ ပုံမှန်မြင့်တက် လာတဲ့အတွက် ကုမ္ပဏီများရဲ့ ပထမ သုံးလပတ်အတွင်းရရှိတဲ့ အမြတ်အစွန်း မှာ ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက မြင့်တက်လာကြောင်း စစ်တမ်းမှာ ဖော်ပြပါတယ်။
ဉာဏ်တင်-စုစည်းတင်ပြသည်

International Trade News

Pages