Re-export Refined Sugar တင်သွင်းတင်ပို့သော ကုမ္ပဏီများအားအသိပေးခြင်း

Wed, 02/21/2018 - 06:33 -- admin_ygn

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနမှ ကုန်သွယ်မှုတိုးတက်စေရန်ရည်ရွယ်၍ တစ်ဖက်နိုင်ငံတွင် ဈေးကွက် လိုအပ်ချက်ရှိသောRef ined Sugar များအားRe-export စနစ်နှင့် တင်သွင်း တင်ပို့ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။သို့ရာတွင် အချို့သော ကုမ္ပဏီများသည်Re-export  စနစ်နှင့်ဆောင်ရွက် ရမည့် လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်တင်သွင်းအရေအတွက်အတိုင်း ၂၀၁၇ စက်တင်ဘာလထိ အပြည့်အ၀ ပြန်လည်တင်ပို့ခြင်းမရှိကြောင်း စိစစ် ဖော်ထုတ် တွေ့ရှိရပါသည်။ အဆိုပါကုမ္ပဏီများအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးထားစာရင်းကိုက်ညှိရှင်းလင်းရန် အသိပေးအကြောင်း ကြားခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ Re-export  သကြားတင်သွင်းပြီး သတ်မှတ် စည်းကမ်းနှင့်အညီ ပြန်လည်တင်ပို့ခြင်းမရှိသည့် ကုမ္ပဏီများအား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း အသိပေးအကြောင်းကြားပါသည်။         

  ကုန်သွယ်ရေးဦးစီးဌာန

Border Trade News

Pages