မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ငါးခူ (Siluriformes) ငါးမျိုးစိတ် တင်ပို့ခွင့်ရရှိမည်

Tue, 04/05/2016 - 05:18 -- admin_ygn

        ၂၀၁၅ခုနှစ် နိုဝင်ဘာအတွင်း အမေရိကန်နိုင်ငံ အစားအစာ ဘေး အန္တရာယ် ကင်းရှင်းရေးနှင့်စစ်ဆေး ရေးလုပ်ငန်းမှ ထုတ်ပြန်ခဲ့သော အမေရိကန်နိုင်ငံသို့ ငါးခူ အပါအဝင် ငါးခူမျိုးစိတ်များတင်သွင်းမှုနှင့် စပ်လျဉ်းသည့် စည်းမျဉ်း သတ်မှတ်ချက်များသည် ၂၀၁၆ခုနှစ် မတ်လတွင် စတင်အသက်ဝင်မည်ဖြစ်ပြီး အဆိုပါနေ့ရက်မှစ၍ အသွင်ကူးပြောင်းရေး ကာလစတင်မည်ဖြစ်ကာ အချိန်၁၈ လရရှိမည် ဖြစ်ပါသည်။ အဆိုပါ နေ့ရက်မှစ၍  catfish  အပါအဝင် ငါးခူ  (Siluriformes) ငါးမျိုးစိတ်ဝင်ဆိုင်ရာ စစ်ဆေးမှုကို အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲမှုဌာန(FDA)မှ ဆောင်ရွက်ခြင်းပြုတော့မည် မဟုတ်ဘဲ၊  အမေရိကန်နိုင်ငံ အစားအစာ ဘေး အန္တရာယ်ကင်းရှင်းရေးနှင့်  စစ်ဆေးရေးလုပ်ငန်း(FSIS) မှသာ စစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်းသိရှိ ရပါသည်။
        အသွင်ကူးပြောင်းရေး ကာလအတွင်း ပြည်ပမှ တင်သွင်းလာသည့် Siluriformes ငါးမျိုးစိတ်များအား ပြန် လည်စစ်ဆေးခြင်း၊ နမူနာဓါတ်ကြွင်း စစ်ဆေးမှုများကို အနည်းဆုံးသုံးနှစ်လျှင်တစ်ကြိမ် အမေရိကန်နိုင်ငံတွင် အလျ ဉ်းသင့်သလို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ထို့အပြင် အသွင်ကူးပြောင်းရေးကာလ  ပြီးဆုံးပြီးနောက် အမေရိကန် နိုင်ငံသို့ ဆက်လက် တင်ပို့လိုသည့် နိုင်ငံများသည် ယင်းကာလအတွင်း Equivalency determinat- ion   လျှောက်ထားရန် လိုအပ်ပါသည်။ ယင်းသို့ လျှောက်ထားပြီးစီးကြောင်း စာရွက်စာတမ်းများ တင်ပြနိုင်ပါကFSIS မှ သက်ဆိုင်ရာလုပ်ငန်းတွင်  Onsite audit  အပါအဝင် လိုအပ်သောEquivaleny evaluation ဆောင်ရွက်ေ နစဉ်အချိန်မှာပင် ကုန်စည်ဆက်လက်တင်ပို့  ခွင့်ရှိမည်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံသို့ Siluriformes တင်သွင်းခွင့်ရ ရန် အရည်အချင်းပြည့်မီသည့်  မြန်မာနိုင်ငံမှ  ကုမ္ပဏီ  ၁၃ ခု၏  စာရင်းကို အမေရိကန်နိုင်ငံ အစားအစာ  ေ ဘးအန္တရာယ်ကင်းရှင်းရေးနှင့် စစ်ဆေးရေး လုပ်ငန်းမှ ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

 

ဥမ္မာအေး၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဝါရှင်တန်မြို့

International Trade News

Pages