လွယ်ဂျယ်နယ်စပ် ကုန်စည်စီးဆင်းမှုအခြေအနေ

Thu, 01/12/2023 - 03:03 -- DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှအဓိကပို့ကုန်များမှာ လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ တစ်သျှူးငှက်ပျော၊ ကြံနှင့် နှမ်းတို့ဖြစ်ပြီး (၁၀-၁-၂၀၂၃)ရက်နေ့တွင် ပို့ကုန်ကားစီးရေ (၈၆)စီး၊ တန်ချိန်(၁၀၁၆.၅၀)တန်၊ စုစုပေါင်းတန်ဖိုး (၀.၂၄၁) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ဂျပ်ဖာများ၊ ဂျပ်စက္ကူနှင့်ပီနံအိတ်တို့ အများဆုံးတင်သွင်းခဲ့ပြီး ကားစီးရေ (၆)စီး၊ တန်ချိန်(၇၃.၅၀)တန်၊ စုစုပေါင်းတန်ဖိုး(၀.၀၄၇)ဒေါ်လာသန်း တင်သွင်း နိုင်ခဲ့ပါတယ်။ ကုန်သွယ်မှုတန်ဖိုး (၀.၂၈၈)ဒေါ်လာသန်း ဆောင်ရွက်နိုင် ခဲ့ပါတယ်။ကုန်သွယ်မှုပိုမိုတိုးတက်ရေးအတွက် OSS ဌာနများ၊မိတ်ဖက်ဌာနအဖွဲ့အစည်းများ၊ကုမ္ပဏီကုန်သည်လုပ်ငန်းရှင်များနှင့်အစည်းအဝေးများပြုလုပ်၍ပူးပေါင်း ဆောင်ရွက် လျက်ရှိပါတယ်။ကုန်သွယ်မှုလမ်းကြောင်းမှာပုံမှန်အတိုင်းကောင်းမွန်လျက်ရှိပါတယ်။

Border Trade News

Pages