ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ တစ်သျှူးငှက်ပျောတင်ပို့မှုအခြေအနေ

Tue, 01/10/2023 - 08:00 -- DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

ကန်ပိုက်တီကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများအား တစ်ဖက်တရုတ်နိုင်ငံနယ်စပ် (ဟိန်ရိထန်ဂိတ်) နှင့် မြန်မာဘက် (ကန်ပိုက်တီ) နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ငှက်ပျောတင်ပို့မှုအနေဖြင့် ဇန်နဝါရီလ (၇) ရက်နေ့အထိ တစ်ပတ်စာအတွင်း မြေပြင်စာရင်းအရ ယာဉ်စီးရေ (၂၆၂) စီးဖြင့် ငှက်ပျောတန်ချိန် (၆၅၅၀) တန် တင်ပို့နိုင်ခဲ့ပါသည်။ ငရုတ်၊ ဖရဲနှင့် ဖရုံ ယာဉ်စီးရေ (၈) စီးဖြင့် တန်ချိန် (၁၅၈) တန်၊ တင်ပို့နိုင်ခဲ့ပါသည်။ ယခုကာလသည်တစ်သျူးငှက်ပျောထွက်ရှိသည့်ကာလဖြစ်သောကြောင့်ပို့ကုန်ပိုင်းတွင်ပိုမိုတင်ပို့လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။

Border Trade News

Pages