ပဲပုပ်ဆီဈေးနှုန်းကျဆင်းမှုနှင့်အတူ မလေးရှားစားအုန်းဆီဈေးနှုန်း ငါးလအတွင်း အနိမ့်ဆုံးအထိ ကျဆင်း

Fri, 04/07/2017 - 07:30 -- admin_ygn

        အမေရိကန်ပြည်ထောင်စု  ချီကာဂိုကုန်သွယ်ရေးအဖွဲ့ (Chicago Board of Trade-CBOT) နှင့် တရုတ်နိုင်ငံ ဒါလီယံ ကုန်စည်ဒိုင် (Dalian Commodity Exchange) တို့တွင် ပဲပုပ် ဆီဈေးနှုန်းများ ကျဆင်းမှုကြော င့် နှစ်ရက်ကြာ မြင့်တက်နေခဲ့သော မလေးရှား စားအုန်းဆီကြိုရောင်းဈေးသည် မတ်လ ၃၀ရက် က ငါးလအတွင်း အနိမ့်ဆုံးဈေးသို့ ပြန်လည်ကျဆင်းခဲ့ကြောင်း မလေးရှားစတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။ ဘာဆာ မေ လးရှားကုန်စည်ဒိုင် (Bursa Malaysia Derivative Exchange) တွင် ဇွန်လအတွက် စာချုပ်ချုပ်ဆို သော စားအုန်းဆီ ကြိုရောင်းဈေး၏ အခြေခံစံထားဈေးမှာမတ် ၃၀ရက် ဈေးပိတ်ချိန်က ၂ ဒသမ ၃ ရာခိုင် နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၆၅၉ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၀၁ ဒသမ ၇၂)နှုန်းရှိခဲ့သည်။
         စားအုန်းဆီဈေးမှာ အနိမ့်ဆုံးအဖြစ် တစ်တန်ကို၂၆၅၆ ရင်းဂစ်နှုန်းအထိ  ရှိခဲ့သည့်အတွက် အောက်တိုဘာ ၁၄ရက် နောက် ပိုင်းအနိမ့်ဆုံးဖြစ်ခဲ့သည်။ စားအုန်းဆီဈေးနှုန်းမှာ ရက်သတ္တပတ်အလိုက် ကြည့်ပါက ၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ ဒုတိယမြောက် ရက်သတ္တပတ်အဖြစ် ဆက်တိုက်ကျဆင်း ခဲ့ခြင်းဖြစ်သည်။ ကုန်သွယ်မှုပမာဏမှာ မတ် ၃၀ ရက် ဈေး ပိတ်ချိန်က ၂၅ တန်ရှိ အတွဲ ၅၈၆၃၁ တွဲရှိခဲ့သည်။ ပဲပုပ်ဆီဈေးနှုန်းကျဆင်းသည့်အ တွက် စားအုန်းဆီ ဈေးလည်း လိုက်ပါကျဆင်းခြင်းဖြစ်ကြောင်းချီကာဂိုကုန်သွယ် ရေးဘုတ်အဖွဲ့ရှိ ဈေးနှုန်းများကို ရည်ညွှန်းပြီး ကွာလာလမ်ပူ အခြေစိုက် ကြိုရောင်းကြိုဝယ်လုပ်ငန်းဆောင်ရွက်နေသူ ကုန်သည်တစ်ဦးက ပြောသည်။
        မတ်လ ၃၀ ရက် နေ့လယ်ပိုင်းက ဈေးနှုန်းများ ထပ်မံ ကျဆင်းရခြင်းမှာ ဒါလီယံကုန်စည်ဒိုင်တွင် ပဲပုပ်ဆီဈေး ကျဆင်းမှုကြောင့်ဖြစ်ကြောင်း အခြားကုန်သည်တစ်ဦးက ပြောသည်။ ထုတ်လုပ်မှု မြင့်တက်သည့်အတွက် စား အုန်းဆီဈေးမှာ ထပ်မံကျ ဆင်းလာဦးမည်ဖြစ်ကြောင်း မလေးရှား စားအုန်းဆီထုတ်လုပ်မှုနှင့်ပတ်သက်၍ အစိုးရက  ထုတ်ပြန်တော့မည့် ကိန်းဂဏန်းများကို ရည်ညွှန်းပြီး သူက ပြောသည်။ သို့သော် ထုတ်လုပ်မှုတိုးတက်မှုနှုန်း မှာမူ မရေမရာရှိနေဆဲဖြစ်သည်။ အခြားဆက်စပ်လျက်ရှိသော စားသုံးဆီဈေးကွက်များကို ကြည့်ပါက CBOT တွင် ပဲပုပ်ဆီဈေးက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး ဒါလီယံကုန်စည်ဒိုင်ရှိ ပဲပုပ်ဆီ၏ စက်တင်ဘာလ စာချုပ်ေ ဈးနှုန်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းအထိပင် ကျဆင်းခဲ့သည်။ ကမ္ဘာ့ဟင်းရွက်ဆီဈေးကွက်တွင် ဈေးကွက်ဝေစုရရှိ ရေးအတွက် ယှဉ်ပြိုင်နေရသည့်အတွက် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း စားအုန်းဆီဈေး နှုန်းများမှာ ပဲပုပ်ဆီေ ဈး နှင့်အတူ လိုက်ပါ၍အတက်အကျရှိခဲ့သည်။

 

ဉာဏ်တင်

International Trade News

Pages