ဘင္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် ဖွံ့ဖြိုးမှုအနည်းဆုံးအဆင့်မှ တိုးြမှင့်နိုင်ရန်အတွက် ြပင်ဆင်ဆောင်ရွက်လျှက်ရှိ

Tue, 05/09/2023 - 06:37 -- DotBorderdep

၂၀၂၃ခုနှစ်၊ မေလ ၃ရက်နေ့ထုတ်Tribune Desk သတင်းတွင် ဘင်္ဂလားဒေ့်ရှ်နိုင်ငံအစိုးရသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ တိုးမြှင့်နိုင်ရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်အခြားနိုင်ငံများနှင့်ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်များကိုညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်းရေးသားဖော်ပြထားသည်။

၎င်းတို့အနေဖြင့် LDC graduation ရပြီးနောက် ကုန်သွယ်ရေးဆိုင်ရာစိန်ခေါ်မှုများကိုအောင်မြင်စွာရင်ဆိုင်နိုင်လာမည်ဖြစ်ပြီးနိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာစေ့စပ်ညှိနှိုင်းရေးစွမ်းရည်ကိုလည်းအားကောင်းစေလာမည်ဟုတာဝန်ရှိသူများကပြောကြားခဲ့ကြောင်းရေးသားဖော်ပြထားသည်။

ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုညှိနှိုင်းရေးဆိုင်ရာကိစ္စရပ်များကိုသက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကျွမ်းကျင်သူပညာရှင်များ၊ သုတေသနအဖွဲ့အစည်းများနှင့်အတူဆောင်ရွက်သွားမည်ဖြစ်ကြောင်းရေးသားဖော်ပြထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကိုဆောင်ရွက်ရာတွင် Foreign Trade Agreement (FTA) ချုပ်ဆိုနိုင်ရေးလည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းရေးသားဖော်ပြထားသည်။

ဘင်္ဂလားဒေ့်ရှ်နိုင်ငံသည် ၂၀၂၆ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်သည်နှင့်တပြိုင်နက် နိုင်ငံသည် အခွန်ကင်းလွတ်ခွင့် နှင့် quota-free ဖြင့် စျေးကွက်ဝင်ရောက်ခွင့်တို့ကိုဆုံးရှုံးရမည့်အပြင် အခြားသောကုန်သွယ်ရေးဆိုင်ရာဦးစားပေးမှုများကိုလည်းရရှိတော့မည် မဟုတ်တော့သည့်အတွက် ကုန်သွယ်မှုဆိုင်ရာစိန်ခေါ်မှုများစွာကိုဖြတ်သန်းရမည်ဟုတာဝန်ရှိသူများကပြောကြားခဲ့သည်။

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်သည် LDC graduationရရှိပြီးပါကကုန်သွဘ်မှုလွယ်ကူချောမွေ့စေရေးအတွက် ကမ္ဘာ့ဈေးကွက်နှင့် ဒေသတွင်းစျေးကွက်များသို့ ဝင်ရောက်နိုင်ရန် မိမိကိုယ်ကိုပြင်ဆင်ရန် လိုအပ်ကြောင်း ၎င်းတို့ကပြောကြားခဲ့ကြသည်။

ဂျပန်၊ အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ၊ စင်ကာပူ၊ သီရိလင်္ကာစသည့် နိုင်ငံများ၏ နှစ်နိုင်ငံနှင့်နိုင်ငံစုံကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုညှိနှိုင်းစေ့စပ်ညှိနှိုင်းဆောင်ရွက်မှုများနှင့် ဖွဲ့စည်းပုံများကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လေ့လာထားရှိကြောင်းသိရသည်။

https://www.dhakatribune.com/economy

International Trade News

Pages

Border Trade News

Pages