admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်း၊ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီ လ ၂၈ ရက်နေ့ မှမတ်လ ၆ ရက် အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၀၃၅ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၃၂၆၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

   နယ်စပ်စခန်းများအလိုက်တင်ပို့နိုင်မှုများမှာ မြဝတီကုန်သွယ်ရေးဇုန် မှ ကန်ဒေါ်လာသုည ဒသမ ၁၀၅ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၅၅ တန်ကျော်၊ ကဏန်း ၈ တန်ကျော်နဲ့ ပုစွန် ၂ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။

admin_ygn

  မတ်လ ပထမပတ်အတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်စခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၄၃၁သန်းဖိုးရှိတဲ့ ဆန် တန်ချိန် ၁၄၈၄၂ တန်ကျော်ကို တစ်ဖက် တရုတ်နိုင်ငံ ကို တင်ပို့ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်ထက် ၄၆၂ တန်  ပိုမိုတင်ပို့ထားနိုင်ပြီးမူဆယ်မှငစိန်ဆန် ၇၉၅၈တန်ခန့်၊ ဧည့်မထ ဆန် ၃၈၈၄ တန်ကျော်နဲ့လွယ်ဂျယ်မှ တန် ၃၀၀၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။

admin_ygn

   နောင်ချိုမြို့ အေးရှားဝေါ တိုးဂိတ်အနီးအခြေပြုတဲ့ Mobile Team (လရ-၁) အဖွဲ့သည်  ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် မူဆယ်မှမန္တလေးသို့မောင်းနှင်လာပြီး ဝင်ရောက်စစ်ဆေး ခံတဲ့ ခရီးသည်တင်ယာဉ်အား စစ်ဆေးရာယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာတဲ့ FDA ထောက်ခံချက်မပါရှိတဲ့ တစ်ဖက်နိုင်ငံထုတ် အကောက်ခွန်မဲ့ကြက်အူချောင်းများကိုသိမ်း ဆည်းရမိခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင်လည်း မတ်တူးယာဉ်ပေါ်မှ တစ်ဖက်နိုင်ငံထုတ် အကောက်ခွန်မဲ့ ကြက်အူချောင်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ပါ တယ်။ သိမ်းဆည်းရမြိကက်အူချောင်းများကို အကောက်ခွန်အမှုတွဲဖွင့်လှစ်ကာစားသုံးရန်မသင့်တဲ့အတွက် အဖွဲ့စုံဖြင့် မီးရှို့ဖျက်ဆီးမယ်လို့သိ

admin_ygn

   မူဆယ်-မန္တလေးကုန်သွယ်မှုလမ်းကြောင်းတွင်စားသုံးသူအကာအကွယ်ပေးရေးနှင့်တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ဆောင် ရွက်နေစဉ် ဖေဖော်ဝါရီ ၂၆ ရက် က ထွန်စက်နှစ်စီးတင်ဆောင်လာတဲ့ ၁၂ ဘီးယာဉ် ၆ခ/xxxx ဝင်ရောက်စစ်ဆေးခံရာမှာ ကျောက်မဲမြို့ စက်မှုလယ်ယာမှထွန်စက်နှစ်စီးအားပြင်ဆင်ရန် မန္တလေးမြို့ သို့သယ်ဆောင်လာခြင်းအားဖြတ်သန်းသယ်ယူခွင့်တင်ပြလာပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်ပေါ် လိုက်ပါလာသူများအား စာရွက်စာတမ်း အထောက်အထားများတောင်းခံခြင်း၊ အခြေအနေကို မေးမြန်းခြင်းတို့ ပြုလုပ်ရာမှာတော့ စာရွက်စာတမ်း အထောက်အထားပြသနိုင်မှုမရှိတဲ့အပြင် စက်မှုလယ်ယာဦးစီးဌာနပိုင်မဟုတ်ဘဲ မူဆယ် မော်တောင်းရွာ အနီးမှ အခက

admin_ygn

   မတ်လ ၃ ရက်နေ့ ၀၆း၁၀ချိန်မှာ သတင်းအရတာချီလိတ် မိုဘိုင်းတင်းမှဒုဦးစီးမှူးဦးစီးသော အဖွဲ့သွားရောက်စစ်ဆေးရာမှာ ဝှေ့ရဲဂိတ်အလွန်ကားရေဆေးခုံအနီး မိုးဆတ်သို့ ပို့ဆောင်ရန်လမ်းဘေးမှာ အသင့်စုပုံထားသော  Leo Beer ဖာများကိုတွေ့ရှိခဲ့ရတဲ့အတွက် သိမ်းဆည်းခဲ့ကြောင်းနှင့်ဖွင့်ဖောက်စစ်ဆေးပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့သတင်းရရှိပါတယ်။

DCCA

 

 

admin_ygn

   မတ်လ ၃ ရက်နေ့ ၀၀း၄၅ ချိန် ဝေါမြို့နယ်လုံခြုံရေးတာဝန်ထမ်းဆောင်နေသော အဖွဲ့လှည့်လည်စစ်ဆေးနေစဉ် အဗျား-စစ်တောင်းတံတားသစ် ကြားအရောက်မှာ စစ်တောင်း တံတားသစ်မှ ရန်ကုန်ဖက်သို့ထွက်ခွာသွားသော လိုက်ထရပ်ယာဉ်နှစ်စီးညောင်ခါးရှည်ရွာဘက်သို့ ဝင်ရောက် သွားကြောင်းလရ ၂ သို့ သတင်းပေးပို့တဲ့အတွက် မိုဘိုင်းတင်းမှ လက်ထောက်ညွှန်ကြားရေးမှူးဦးစီးတဲ့ အဖွဲ့ဟာ အဗျားဘက်မှ ညောင်ခါးရှည်-လက်ပံ သုံးပင်-ပန်းပဲစု-ဘုရားပျို-အဗျား ရှောင်ကွင်းလမ်းအားပိတ်ဆို့တားဆီးရန် ည ၂ နာရီ မိနစ် ၂၀အချိန်တွင် စေလွှတ်ခဲ့ရာမှာ အဗျားရွာလယ်နောက်ကွင်း လမ်းအတိုင်းဝင်ရောက်စဉ် လိုက်ထရပ်ယာဉ်နှစ်စီးမှ ယာဉ်မောင်းများ ကိုယ်လွတ်ရုန်းထွက်ပြေး သွား

admin_ygn

   မြန်မာတရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းဟာ ဖေဖော်ဝါရီလမှာ ပို့ကုန်ကန်ဒေါ်လာ ၁ဒသမ  ၀၃၀ သန်း၊ သွင်းကုန်ကန်ဒေါ်လာ ၇ ဒသမ ၃၀၅သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၈ဒသမ ၃၃၅ သန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် ၁ဒသမ ၇၅၆ သန်းပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။

admin_ygn

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန် စခန်းထုတ်နုတ်အင်အား Mobile Team မှ ဦးစီးအရာရှိဦးစီးတဲ့အဖွဲ့သည်  ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်  ၁၂ ဘီး ယာဉ်ပေါ်မှ ID ထက် ပိုမိုတင်ဆောင်လာတဲ့ Samsung အမှတ်တံဆိပ် Ear Phone များကို သိမ်းဆည်းရမိခဲ့ပါတယ်။ အလားတူ ၈ ရက်နေ့တွင်လည်း ၆ ဘီး ဂျူတီယာဉ်အား စစ်ဆေးရာယာဉ်ပေါ်မှ ID ထက်ပိုမိုတင်ဆာင်လာတဲ့ ခြင်ရိုက်တံ (180 U) နဲ့ ID ဆောင်ထားခြင်းမရှိတဲ့ သစ်သီးဖျော်စက် (24U) အား သိမ်းဆည်းရမိခဲ့ပါတယ်။ အဆိုပါ ယာဉ်နှစ်စီးပေါ်မှ သိမ်းဆည်းရမိ ပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်  ၁၀ သိန်းကျော်ခန့်ဖြစ်ပြီး အဖွဲ့စုံဖြင့် မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့အပ်နှံပြီ

admin_ygn

   မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တစ်ဝှမ်းရှိ ပြည်နယ်အစိုးရသတ်မှတ်ထားတဲ့နေရာများမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့များ ကဂိတ်ဖွင့်လှစ်ပြီး ကုန်သွယ်ရေးယာဉ်များထံက ငွေကြေးတောင်းခံမှုများပြုလုပ်နေကြောင်း၊ အဆိုပါဂိတ်များ အမြန်ဆုံးပိတ်သိမ်းပေးရန် ပြည်နယ်ဒုတိယဝန်ကြီးချုပ် ရိုင်ခန့်ဂန် က တောင်းဆိုခဲ့ကြောင်း၊ အစိုးရလုံခြုံရေးတပ်ဖွဲ့များ တောင်ပေါ်ခရိုင်များမှာ ငွေကြေးတောင်းခံမှုများကြောင့် ဆန္ဒပြမှုများဖြစ်ပွားလာနိုင်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။

နေထက်မင်း (တမူး)

admin_ygn

  အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားနေကြောင်း၊ အဆိုပါတုပ်ကွေးရောဂါကြောင့် လူဦးရေ ၇၀၀ကျော် သေဆုံးခဲ့ ပြီး ရောဂါပိုးကူးစက်သူ ၁၁၉၅၅ ဦးရှိတယ်လို့ မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာ ဖော်ပြထားပါတယ်။ မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့အိန္ဒိယအရှေ့မြောက်ပြည်နယ်များမှာလည်း တုပ်ကွေးရောဂါကူးစက်မှုအလွန်ကြီးမားနေတယ်လို့သိရှိရပါတယ်။