admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၉၂၇ သန်းတန်ဖိုးရှိ ကဏန်းပျော့ ၈၄ တန်ကျော်၊ ကဏန်းနီ ၇၅ တန်ကျော် ၊ သဲကဏန်း ၃ တန်နီးပါးနဲ့ ကဏန်းသေးအသေ ၂ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အပြင် ငါးမျိုးစုံ ၅၁၅၁ တန်ကျော်၊ ငါးမှုန့် ၁၂၅၀ တန်ကျော်၊ ပုစွန် ၁၈၄ တန်ကျော်၊ ရေငန်ပုစွန် ၇၄ တန်ကျော်၊ ရော်ဘာကွန်ပေါင်း RSS-3 တန် ၂၇၀၊ ကင်းမွန် ၃၄ တန်ကျော် ၊ ကင်းမွန်ခြောက် ၄၇ တန်ကျော်၊ ငါးအသားလွှာ ၇၂ တန်၊  RUBBER MSR-20 တန် ၅၀၊ ပုစွန်ခြောက် ၅ တန်ကျော်၊ ငါးခြောက် ၁၂ တန်၊ ရေခူခြောက် ၆ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၆၁ သန်းတန်ဖိုးရှိ ငါးခြောက်မျိုးစုံ ၂၇၉ တန်ခန့်တင်ပို့နိုင်ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ ငါးခြောက်အမျိုးအစားများမှာ ငါးနီတူခြောက် တန်၃၀၊ ငါးစုံလေးခြောက် ၂၃၉ တန်ခန့်နဲ့ ငါးကုန်းညိုခြောက် ၁၀ တန်ဖြစ် ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၁၂၀ ခန့်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ မြဝတီကုန်သွယ်ရေးဇုန်က ဖေဖော်ဝါရီလလုပ်ငန်းဆောင်ရွက်မှုဟာ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ကုန်သွယ်မှုပိုမိုခဲ့ ပါတယ်။

admin_ygn

  တရားမဝင်ပစ္စည်းများတင်ဆောင်လာတဲ့ ယာဉ်နှစ်စီး ရှောင်ကွင်းလမ်းအတွင်းဖြတ်သန်းမောင်းနှင်သွားကြောင်း လာရောက်သတင်းပေးတိုင်ကြားချက်အရ Mobile Team နောင်ချိုအဖွဲ့မှ လိုက်လံပိတ်ဆို့တားဆီးခဲ့ရာ ဂုတ်တွင်းမရောက်မီ ယခင် မူးယစ်ဂိတ်ဟောင်းအနီးမှာ ပါဂျဲရိုးနှစ်စီးအား တားဆီး၍ လရ-၁ ယာယီအခြေပြုရာ သို့ မောင်းနှင်ခေါ်ဆောင်ပြီး အသေးစိတ်စစ်ဆေးခဲ့ပါတယ်။

   ယာဉ်များအား စစ်ဆေးနေစဉ် ယာဉ်မောင်းနှစ်ဦးလုံး ထွက်ပြေးတိမ်း ရှောင်သွားကြသဖြင့် တားဆီးရမိ ပါဂျဲ ရိုးနှစ်စီးနဲ့အတူ ယာဉ်ပေါ်မှာ တရားမဝင်တင်ဆောင်လာတဲ့ အမဲ သားခြောက်များနဲ့ တမလန်းလို့ ယူဆရသော သစ်တုံး ၂၁ တုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။

admin_ygn

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် မတ်လ  ၂ ရက်နေ့ ၁၁ း ၁၅ ချိန်တွင် အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တရားမဝင်တင်ဆောင်လာတဲ့ ဒိုင်နာယာဉ်အမှတ် 8k/ xxxx ပေါ်မှ တရုတ်ဘီယာဖာ ၅၀ ကိုသိမ်းဆည်းရမိခဲ့ပါတယ်။ ယင်းနေ့ ၁၆ း ၁၅  ချိန်တွင်လည်း အဆိုပါနေရာတွင် ထော်လာ ဂျီယာဉ်နဲ့ စူပါကာစတန်ယာဉ်ပေါ်မှ တရားမဝင်တင်ဆောင်လာသော တရုတ်ဘီယာဖာ ၄၀ ကိုထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ်သုံးစီးပေါ်မှ သိမ်း ဆည်းရမိ တရုတ်ဘီယာများရဲ့ ခန့်မှန်းတန်ဖိုးမှာကျပ်  ၅ သိန်း ၄ သောင်းခန့်ဖြစ်ပြီး အဖွဲ့စုံဖြင့်စစ်ဆေးကာ မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ လွှဲ

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လ ၇ ရက်မှ ၁၃ ရက်အထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၈ ဒသမ ၂၉၅ သန်းတန်ဖိုးရှိ ဆန်  ၂၂၆၀၁ တန်ကျော်တင်ပို့ခဲ့ပါတယ်။မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၁၃၇၀၂ တန်နဲ့ ဧည့်မထ ၅၈၉၉ တန်တင်ပို့ပြီး လွယ်ဂျယ် စခန်းမှ တန် ၃၀၀၀ တင်ပို့ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်ကထက် ၇၇၅၉ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ နယ်စပ်ဒေသနေပြည်သူများ၊ အသေးစားပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံတိုင်းရင်းသားများ ကုန်သွယ်မှု လွယ်ကူစွာဆောင်ရွက်နိုင်ရန်၊ တရားမဝင်ကုန်သွယ်မှုများ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ရောက်ရှိပြီး ကုန်သွယ်မှုပမာဏတိုးမြှင့်လာစေရန်နဲ့ နိုင်ငံတော်အတွက် အခွန်အခများတိုးတက်ရရှိစေရေးတို့အတွက် တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် Individual Trading Card (ITC) ထုတ်ပေး၍ ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်ခွင့်ပြုလျက်ရှိပါတယ်။

admin_ygn

    မတ်လ  ပထမပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅၇၃၃၇ တန်ဖိုးရှိ ကြက်သွန်နီ တန်ချိန် ၃၂၀ ကို တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က ၅၇ တန်သာ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်မူဆယ်မှ ကြက်သွန်နီပိုမိုတင်ပို့လာတာတွေ့ရပါတယ်။ အလားတူ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ လည်း ကန်ဒေါ်လာ ၁၀၅၁၃၅ တန်ဖိုးရှိ ကြက်သွန်နီ ၄၁၇ တန်နဲ့  မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန် သွယ်ရေးမှ ကန် ဒေါ်လာ ၆၂၅၅ တန်ဖိုးရှိ ကြက်သွန်နီ ၂၂ တန်ခွဲ တင်ပို့ခဲ့ပါတယ်။

admin_ygn

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ မတ်လပထမပတ်တွင် ကန်ဒေါ်လာ ၃၂၀၅၈  တန်ဖိုးရှိ ချင်းခြောက်  ၁၆တန်ခွဲနဲ့ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၃၆၇၈ တန်ဖိုးရှိ ချင်းစို ၁၈ တန်တင်ပို့ခဲ့ပါတယ်။

   ယခင်သီတင်းပတ်က နယ်စပ်စခန်းတွေမှ ချင်းတင်ပို့မှုမရှိခဲ့ပါဘူး။  ယခင်က ချင်းခြောက်တစ်တန်ကို ၁၇၈၄၀၀၀ ကျပ်ရှိရာမှ ယခုကာလမှာတော့ ၂၀၂၈၀၀၀ ကျပ်ထိ ဈေးမြင့် တက်လာတာတွေ့ရပါတယ်။ စစ်တွေမှ ဝယ်လက်တွေက အောင်ပန်း၊ တောင်ကြီးမြို့များရှိ တောင်သူတွေထံ တိုက်ရိုက်သွားရောက်ဝယ်ယူကြတယ်လို့သိရပါတယ်။

admin_ygn

   ရှမ်းနနွင်းလည်း ရောင်းအားကောင်းလာပါတယ်။ ပြည်တွင်းပြည်ပဝယ်လက်တွေ ကြိုက်လာတာကြောင့် အရင်နှစ်ကထက် အများကြီးကို အရောင်းသွက်လာတယ်လို့သိရပါ တယ်။

   မူဆယ်ဝယ်လက်တွေကတော့ ချင်းကိုထိပ်စလိုချင်ပေမယ့် နနွင်းကိုတော့ သိပ်ကောင်းတာကိုမဝယ်ပါဘူး။ ဝယ်ချင်တယ်လို့ ကမ်းလှမ်းပေမယ့် တကယ်တမ်းတော့ ဈေးက လည်းမဖွင့်သေးပါဘူး။ နနွင်းဈေးကို စောင့်ကြည့်နေတာလို့လည်း ဒေသခံတွေထံကသိရပါတယ်။ မူဆယ်ဝယ်လက်တွေက နနွင်းကိုအောက်ဈေးနဲ့သာရချင်နေသလို တောင် သူတွေ၊ ကုန်သည်တွေကလည်း ဒီထက်ဈေးပိုရရင်သာရောင်းမယ်၊ နိမ့်ရင်တော့ မရောင်းနိုင်ဘူးလို့သိရပါတယ်။