admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းများက မေလ ၂ ရက်မှ ၈ ရက်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၄၁၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၆၁၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တန် ၁၅၀၀ ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။

  စခန်းအလိုက်တင်ပို့မှုတွေကတော့ မြဝတီကုန်သွယ်ရေးဇုန်က ကန်ဒေါ်လာ ၀ ဒသမ ၁၄၀ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၆၇ တန်ကျော်၊ ကဏန်း ၂၂ တန်ကျော်နဲ့ ပုစွန် ၂ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ၂၁ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။

admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းက ဧပြီလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိကာလအတွင်း လယ်ယာထွက်ကုန်နဲ့ စက်မှုကုန်ချော ၅၀၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၈၁ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၃၇၂ သန်း ဖိုးတင်ပို့နိုင်ခဲ့သဖြင့် ယခုသီတင်းပတ်မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၂၉၁ သန်းလျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ  ရေထွက်ကုန် ပစ္စည်းများတင်ပို့မှုမရှိခဲ့တဲ့အတွက် တင်ပို့မှုလျော့နည်းခဲ့ရခြင်းဖြစ်ပါတယ်။

admin_ygn

   ကုန်သွယ်ရေးဦးစီးဌာန တမူး ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၁၅ ခုနှစ် ဧပြီလမှာ ပို့ကုန် ကုန်ဒေါ်လာ ၃ ဒသမ ၈၁၄ သန်း၊ သွင်းကုန် ကန်ဒေါ် လာ သုည ဒသမ ၉၃၈ သန်းကုန်သွယ်မှု ပမာဏ ၄ ဒသမ ၇၅၂ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယမန်နှစ် ၂၀၁၄ ခုနှစ် ဧပြီလနဲ့နှိုင်းယှဉ်ပါက ပို့ကုန် ကန် ဒေါ်လာ သုည ဒသမ ၃၆၂ သန်း ၊ သွင်း ကုန်ကန်ဒေါ်လာ သုည ဒသမ ၆၄၆ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၀၀၈ သန်းပိုမိုခဲ့ပါတယ်။ ကာလတူထက်ပိုမိုရခြင်းမှာ ပို့ကုန်အနေဖြင့် ကွမ်း သီး၊ စီးကရက်နဲ့ အမယ်စုံတို့တင်ပို့မှုပိုမိုခြင်းကြောင့်ဖြစ်ပြီး သွင်းကုန် အနေဖြင့် မော်တော်ဆိုင်ကယ်၊ စားတော်ပဲ၊ ပဲရာဇာ၊ တောင်လုံးကျော်၊ ပလတ်စတစ်ရေတ

admin_ygn

   အိန္ဒိယနိုင်ငံမှထုတ်လုပ်သည့် အမျိုးသားစီးဆိုင်ကယ်များတင်သွင်းမှု ပိုမိုလျက်ရှိနေပါတယ်။ ယခင်ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့သာ ဝယ်ယူကြရာမှာ အရည်အသွေး ကိုကြိုက်နှစ်သက်၍ မန္တလေး၊ မုံရွာဈေးကွက်များမှတစ်ဆင့် တစ်နိုင်ငံလုံးကို ဖြန့်ဖြူးလာနိုင်ကြောင်းသိရှိရပါတယ်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် မော်တော်ဆိုင်ကယ် (၇၂၃၉)စီး၊ တန်ဖိုး ၇ဒသမ ၃၄၆  ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါတယ်။

ကသရ (တမူး)

admin_ygn

  ကုန်သွယ်ရေးဦးစီးဌာန မူဆယ်စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဦးစီးအရာရှိ ဦးစီးတဲ့အဖွဲ့သည် ဧပြီလ ၂၆ ရက်နေ့ တွင် အေးရှားဝေါလ်တိုးဂိတ် အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကြယ်တံခွန်ယာဉ်အမှတ် ၅ဂ/xxxx ပေါ်မှ တရားမဝင်အကောက်ခွန်မဲ့တင်ဆောင်လာတဲ့ သုံးဘီးဆိုင်ကယ် အသစ်တစ်စီး ကိုသိမ်းဆည်းရ မိခဲ့ပါတယ်။ သိမ်းဆည်းရမိ အကောက်ခွန်မဲ့ သုံးဘီးဆိုင်ကယ်၏ ခန့်မှန်းတန်ဖိုးမှာ ကျပ်လေးသိန်းငါးသောင်းကျော်ခန့်ဖြစ်ပြီး မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့အဖွဲ့စုံဖြင့်အပ်နှံကာ အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်ပါတယ်။

MIRT

admin_ygn

   ကုန်သွယ်ရေးဦးစီးဌာန မူဆယ်စခန်းထုတ်နုတ်အင်အား Mobile Team  အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးဦးစီးတဲ့အဖွဲ့သည် ဧပြီလ ၂၆ ရက်နေ့ ၀၈း၃၀ ချိန်တွင် ကုန်သွယ်ရေး ဇုန်အလွန် ရှောင်ကွင်းလမ်း ကျိန်စမ်းကျော့လမ်း တွင် အကောက်ခွန်မဲ့ စုပုံထားတဲ့ ဆန် ၄၃ အိတ်၊ မီးသွေး ၃၅ အိတ်နဲ့ ထင်းရှူးဆီ (255 kg) ၁၁  အိတ်တို့ကို စစ်ဆေးတွေ့ရှိခဲ့ပါ တယ်။ ယင်းနေ့ ၀၉း၀၀ ချိန် တွင်လည်း ကုန်သွယ်ရေးဇုန်အလွန် ရှောင်ကွင်းလမ်း (အောက်တုံခန်ရွာအနီး) တွင် အကောက်ခွန်မဲ့စုပုံထားတဲ့ ပြောင်းအိတ် ၆၀ ခန့်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ သိမ်းဆည်းရမိအကောက်ခွန်မဲ့ပစ္စည်းများကို မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ 

admin_ygn

   ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မေလ ၃ ရက်နေ့ နံနက်ပိုင်းမှာ ကုန်သည်ကြီးများအသင်း ဒေဝါနဒီခန်းမမှာ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ O.S.S အဖွဲ့ဝင်များ၊ ကုန်သည်ကြီးအသင်းဥက္ကဌနှင့် ကော်မတီဝင်များ၊ ကုန်သည်ကြီးများနဲ့  ကညင်ချောင်းကျေးရွာတွင် ကုန်သွယ်ရေးဇုန်နဲ့ အဆင့်မြင့်ဈေးဖြစ်ပေါ်လာရေးကိစ္စများကို ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ ဆွေးနွေးချက်များမှာ နိုင်ငံတော်မှခွင့်ပြုထားသော ကျပ်သိန်း ၆၀၀၀ အား ယခုနှစ်ဘတ်ဂျက်တွင် အပြီး တည်ဆောက်ရန်၊ ဒေသခံများမှထည့်ဝင်ရမည့် ကျပ်သိန်း ၄၀၀၀ အား နယ်စပ် ကုန်သည်အသင်းမှ ထည့်ဝင်ဆောင်ရွက်ရန်၊ စီးပွားရေးဇ

admin_ygn

  သြင်္ကန်ကာလ လွန်ပြီးသည့်နောက်ပိုင်းတွင် ဈေးမြင့်တက်ခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်လည်းဆက်လက်မြင့်တက်လာခဲ့ကာ ကျပ် ခုနစ်သိန်းနီးပါးသို့ရောက် ရှိလာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။

  ကမ္ဘာ့ရွှေဈေးသာမကပြည်တွင်း ငွေလဲနှုန်းများပါဆက်တိုက်မြင့်တက်နေသဖြင့် မြန်မာ့ရွှေဈေးလည်း မြင့်တက်နေရခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးကပြောကြားခဲ့သည်။ ထို့ပြင် ရွှေဈေးများ ဆက်တိုက်မြင့်တက်နေသဖြင့် ကျပ်ခုနစ်သိန်းအထိတက်လာနိုင်ကြောင်းဖြင့် ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

admin_ygn

   မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းစခန်းများမှ ၂၀၁၅ ခုနှစ် ဧပြီလအတွင်း သီဟိုဠ်စေ့တန်ချိန် ၁၁၄ တန်ခန့်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသ မ ၈၆၅သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။

   မူဆယ်ကုန်သွယ်ရေးဇုန်က သီဟိုဠ်စေ့ ၉၅ တန်ခန့်ကို ကန်ဒေါ်လာ သုည ဒသမ ၇၂၂ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ၁၀ တန်ကျော်လျော့နည်းတင်ပို့ခဲ့ပါ တယ်။

   မြဝတီကုန်သွယ်ရေးဇုန်က  တန်ချိန် ၃ တန်ကျော် ကန်ဒေါ်လာ သုည ဒသမ ၀၂၅ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့်  နှိုင်းယှဉ်ပါကတန် တစ်ဝက်ခန့်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   ဖေဖော်ဝါရီလ ၈ရက်နေ့က ရှေ့ တန်းအမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲ ရေးမှူးနဲ့ သင်္ကန်းညီနောင်အခြေချစစ်ဗျူဟာမှူး ပူးပေါင်းတဲ့စစ်ဆင်ရေးအဖွဲ့ ဟာ တံတားကျိုးစစ်ဆေးရေးဂိတ်မှာ ယာဉ် ၆၄ စီး ကို တားဆီးပြီး အကောက်ခွန်မဲ့တရား မဝင်ပစ္စည်းများ ဖမ်းဆီး၍ အမှုတွဲဖွင့် လှစ်အရေးယူဆောင်ရွက်ခဲ့ပါတယ်။ အရေး ယူဆောင်ရွက်ခဲ့တဲ့ အမှုတွဲများ အနက် ဖျက်ဆီးမှု အမှုတွဲ ရှစ်မှုဖြစ်ပြီး ဖျက်ဆီးခဲ့တဲ့ ပစ္စည်းများရဲ့တန်ဖိုးမှာ ၁၁၃ ဒသမ ၆၁၀ ကျပ်သန်းဖြစ်ပါတယ်။ ဖျက်ဆီးခဲ့တဲ့ ပစ္စည်းများမှာ ဘီယာ ၃၇၄၅ ဖာ(တန်ဖိုး ၃၀ ဒသမ ၇၂၆ ကျပ်  သန်း)၊ ဘဲဥ ၃၃၀ ကဒ်(တန်ဖိုး ၅ ဒသမ ၉၄၀ ကျပ်သန်း)၊ အရက်မျိုးစုံ ၂၂၅ ဖာ (၃