DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်မှ (၉) ရက်နေ့အတွင်း မြိတ်ဒေသမှ တစ်ဖက် ထိုင်းနိုင်ငံသို့ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ် Form D  အကျိုးခံစားခွင့်ဖြင့် ရေထွက်ကုန်ပစ္စည်းဖြစ်သည့်ငါးမှုန့် (၃၃၀) တန်နှင့် မုတ်ခွံ (၃.၀၀)တန် အားလည်ကောင်း၊ လယ်ယာထွက်ကုန်ပစ္စည်းဖြစ်သည့် ကြက်သွန်နီ (၇၂.၀၀)တန်အားလည်း ကောင်း ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်သို့ တင်ပို့နိုင်ခဲ့ပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့် ငါးမှုန့် တို့ ဖြစ်သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

DotBorderdep

၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၁၀ ရက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ ပထမပတ်အတွင်း မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံဘက်သို့ ရေခူဆားနယ်(Salted Jelly Fish) တင်ပို့မှုများရှိလာသည်ကိုတွေ့ရှိရသည်။

ယခုရာသီသည် ရေခူ အများအပြားထွက်ရှိသည့်ကာလဖြစ်ပြီး မြိတ်၊ ဘုတ်ပြင်းနှင့်ထားဝယ်ဒေသ တို့မှ အဓိကထွက်ရှိကြောင်း ကုန်တင်ပို့သူများထံမှ သိရှိရသည်။

လက်ရှိတွင် ရေခူဆားနယ် (၁)ကီလို လျှင် (၈၃) ဘတ် ဝန်းကျင်ခန့်ဈေးဖြင့် တင်ပို့ရောင်းချနေရပြီး ယခုနှစ် ဇန်နဝါရီလ ပထမအပတ်အတွင်း မောတောင်ကုန်သွယ်ရေးစခန်းမှ ရေခူဆားနယ်(၅၃၂၀၀) ကီလို ထိ ထိုင်းဈေးကွက်သို့ တင်ပို့နိုင်ခဲ့သည်။

mocadmin

   ကယားပြည်နယ်တွင် စပါးနှင့်ပြောင်းကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး အချို့ဒေသများ တွင် ရွေ့ပြောင်းတောင်ယာမှ နှစ်ရှည်သီးနှံပြောင်းလဲ၍ ကော်ဖီသီးနှံကိုနှစ်ရှည်သီးနှံအဖြစ် စိုက်ပျိုး လာရာ ၂၀၂၁-၂၀၂၂ ခုနှစ် ကော်ဖီစိုက်ဧက (၇၀၉) ဧက၊ ရိတ်ဧက (၂၀၈) ဧကနှင့် တစ်ဧက (၁၄၆) ပိဿာခန့်  စုစုပေါင်းအထွက်နှုန်းမှာ (၃၀၄၈၃) ပိဿာထွက်ရှိကြောင်း သိရှိရသည်။ ကော်ဖီကို ဒီမောဆို၊ ဒေါဘျာကူဒေသနှင့် ဖရူဆို၊ ဟိုယာ/ ဘီယာဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး နည်းပညာအနေဖြင့် ဂျပန် (စိုက်၊ခူး၊သန့်စင်)နည်းဖြင့် စိုက်ပျိုး၍ ပြည်တွင်းဈေးကွက်အနေဖြင့် ရန်ကုန်မြို့သို့တင်ပို့ပြီး ပြည်ပဈေးကွက်အနေဖြင့် စင်္ကာပူ၊ ဂျပန်