တာချီလိတ်စခန်းမှ ဘိလပ်မြေနှင့် စက်သုံးဆီအများဆုံးတင်သွင်းလျက်ရှိ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

တာချီလိတ်ဒေသသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ဒေသတွင်းတည်ဆောက် ရေးလုပ်ငန်းများ အသုံးပြုရန်အတွက် ဆောက်လုပ်ရေးသုံးပစ္စည်းများကိုလည်းကောင်း၊ ဒေသ တွင်းသွားလာရာတွင် အဆင်ပြေစေရန်အတွက် စက်သုံးဆီများကိုလည်းကောင်း တစ်ဖက် ထိုင်း နိုင်ငံမှ တင်သွင်းလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်တွင် သွင်းကုန်အနေဖြင့် အများဆုံးတင်သွင်းမှုမှာ ဘိလပ်မြေ (၂၉၁၉.၃၅၀) တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာသန်း (၀.၂၃၃) သန်းနှင့် စက်သုံးဆီ (၁၉၄၅ BBL)၊ တန်ဖိုး အမေရိကန်ဒေါ်လာသန်း (၀.၂၁၉) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ တည်ဆောက်ရေးလုပ်ငန်းများကို များပြားစွာဆောင်ရွက်နေသော ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်သွင်းမှုပိုမိုလာနိုင်ကြောင်း ကုန်သည် လုပ်ငန်းရှင်များ ပြောကြားချက်အရသိရှိပါကြောင်း ဖော်ပြလိုက်ရပါသည်။