ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ ဧပြီ(၂၃)ရက်နေ့မှဧပြီလ (၂၇)ရက်ထိကုန်သွယ်မှုအခြေအနေ

      ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(27.420) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.15၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (29.570) ဒေါ်လာသန်းဖြစ်ပါသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဧပြီလ(၂၇) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၄၀.၀၄၈) ဒေါ်လာသန်း၊ သွင်းကုန်(၅.၃၂၇)ဒေါ်လာသန်း၊ စုစုပေါင်း(၄၅.၃၇၅)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၅၃.၄၅၀%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဧပြီလ(၂၇)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ပဲယင်း၊ပဲကြီး၊ ပဲနီကြား၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ ထောပတ်ပဲ၊ မတ်ပဲ၊ စွန်တာနီပဲ၊ ပဲလွန်း၊ ပဲတီစိမ်း(အနီ)သီဟိုဌ်စေ့၊ဖရဲသီး၊ ရွှေဖရုံသီး၊ငရုတ်သီး၊ ငရုတ်ခြောက်၊ မကျည်းသီး(အစေ့ပါ)၊ ကော်ဖီစေ့၊ကြက်သွန်နီ၊ အင်ကြင်းကျောက်၊ စကျင်ကျောက်ဆင်းတုနှင့် လောင်စာတောင့်ိိတို့တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် CMP ပစ္စည်းများတင်သွင်းနိုင်ခဲ့ပါသည်။

    ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ဧပြီလ(၂၃)ရက်မှ ဧပြီလ(၂၇) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၂၄၃၂) တန်၊ တန်ဖိုး (၄.၃၀၇) ဒေါ်လာသန်း၊ပဲမျိုးစုံတင်ပို့မှု အနေဖြင့် ပဲယင်းတန်ချိန် (၉၃)တန်၊ တန်ဖိုး (၀.၀၅၄) ဒေါ်လာသန်း၊ပဲကြီးတန်ချိန် (၁၀၂)တန်၊ တန်ဖိုး (၀.၀၉၈) ဒေါ်လာသန်း၊ ပဲနီကြားတန်ချိန် (၂၃၆)တန်၊ တန်ဖိုး (၀.၁၆၄) ဒေါ်လာသန်း၊ ထောပတ်ပဲတန်ချိန် (၄၁၈)တန်၊ တန်ဖိုး (၀.၄၂၃) ဒေါ်လာသန်း၊ မြေထောက်ပဲ တန်ချိန် (၂၇၂)တန်၊ တန်ဖိုး (၀.၃၀၄) ဒေါ်လာသန်း၊ နိုင်လွန်ပဲ တန်ချိန် (၉၆)တန်၊ တန်ဖိုး (၀.၀၆၅) ဒေါ်လာသန်း၊ သစ်သီးဝလံ တင်ပို့မှုအနေဖြင့်ရွှေဖရုံသီး တန်ချိန် (၅၅)တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ဖရဲသီး တန်ချိန် (၁၀၅၀)တန်၊ တန်ဖိုး (၀.၁၀၉) ဒေါ်လာသန်း၊ငရုတ်သီး တန်ချိန် (၂၁၇) တန်၊ တန်ဖိုး(၀.၀၇၄)ဒေါ်လာသန်း၊ငရုတ်ခြောက် တန်ချိန် (၉၈၃.၈၂)တန်၊ တန်ဖိုး (၁.၄၄၄) ဒေါ်လာသန်း၊ ကော်ဖီစေ့ တန်ချိန် (၃၂)တန်၊ တန်ဖိုး (၀.၀၆၄) ဒေါ်လာသန်း၊ မကျည်းသီး(အစေ့ပါ) တန်ချိန် (၁၀၁.၅) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်းနှင့် ကြက်သွန်နီ  တန်ချိန် (၁၄၆၂) တန်၊ တန်ဖိုး (၀.၅၂၇) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီး နှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း တန်ချိန် (၇၉.၇၀၀) တန်၊ တန်ဖိုး (၀.၁၀၈)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၁၇၂.၅၀၀) တန်၊ တန်ဖိုး (၀.၁၃၅) ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်း တန်ချိန် (၃၄၆.၉၀၀) တန်၊ တန်ဖိုး (၀.၂၁၀) ဒေါ်လာသန်းနှင့် CMP အထည်ချုပ်ပစ္စည်း တန်ချိန် (၁၂၄.၂၂၈) တန်၊ တန်ဖိုး (၀.၅၁၅) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။ 

     ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။