ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

            ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်း များမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ တို့ဖြစ်ပါတယ်။

              ၂၀၂၃ ခုနှစ်၊အောက်တိုဘာ ၂၅ရက်နေ့မှ၂၉ရက်နေ့အထိ ပို့ကုန်တန်ချိန်(၂၂၆၄)၊တန်ဖိုး အမေရိကန် ဒေါ်လာ(၂.၂၃၃)သန်းနှင့် သွင်းကုန်တန်ချိန်(၁၉၆) တန် ၊ (၁၈၂၉) BBL ၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၃၄) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ(၂.၅၆၇) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ဆီအုန်းတန်ချိန် (၁၀၀.၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၀၀၀.၀၀)၊ (၁)တန် ဈေးနှုန်း (၁၀၀.၀၀)အမေရိကန်ဒေါ်လာ၊ ငါးရွှေတန်ချိန်(၁၀.၇၂၀)၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၅၀၀၈.၀၀)၊ (၁) တန်ဈေးနှုန်း (၁၄၀၀) အမေရိကန်ဒေါ်လာ၊ငါးနီငယ် တန်ချိန် (၂၇၈.၇၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၉၂၆၇၇.၀၀)၊ (၁)တန်စျေးနှုန်း (၁၀၅၀) အမေရိကန်ဒေါ်လာ၊ ငါးခွေးလျှာတန်ချိန်(၃၅.၁၄၀)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၃၉၃၅၆.၈၀)၊(၁)တန်စျေးနှုန်း (၁၁၂၀)အမေရိကန်ဒေါ်လာ၊ ရေကြည်ငါးတန်ချိန် (၁၃.၂၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၉၈၈.၀၀)၊ (၁) တန် စျေးနှုန်း(၁၅၉၀) အမေရိကန်ဒေါ်လာ၊ ကျောက်ငါးတန်ချိန်(၁.၁၂၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၈၈၁.၆၀)၊(၁)တန်စျေးနှုန်း (၁၆၈၀)အမေရိကန် ဒေါ်လာ၊ ငါးစက္ကူတန်ချိန် (၁.၇၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၉၂၁.၆၀)၊(၁)တန်စျေးနှုန်း(၁၆၆၀) အမေရိကန်ဒေါ်လာ၊ ပလာလန်း ငါး တန်ချိန်(၅၂.၃၈၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၆၈၀၉၄.၀၀)၊ (၁)တန် စျေးနှုန်း (၁၃၀၀)အမေရိကန်ဒေါ်လာ၊ ရေဘဝဲတန်ချိန်(၄.၇၂၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၅၇၂.၈၀)၊ (၁)တန်စျေးနှုန်း (၂၂၄၀)အမေရိကန်ဒေါ်လာ၊ကင်းမွန်တန်ချိန် (၄၀.၈၁၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၀၃၉၂.၆၀)၊ (၁)တန်စျေးနှုန်း (၂၄၆၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါတယ်။

         အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာပီလောပီနံမှုန့် တန်ချိန် (၁၉၆) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၈၀၀၀) ၊ (၁) တန်ဈေးနှုန်း (၅၀၀) အမေရိကန်ဒေါ်လာ၊ ဒီဇယ် အမေရိကန်ဒေါ်လာ၊ ဓါတ်ဆီတန်ချိန် (၈၀) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၀၀၀၀.၀၀) ၊ (၁) တန်ဈေးနှုန်း (၁၀၀၀) အမေရိကန် ဒေါ်လာ ဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်းသိရှိရပါတယ်။