ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အခြေအနေ

         ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများ ကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

  ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ရက်နေ့မှ ၂၇ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၁၄၀.၀၀၃)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၀၉၇)သန်းနှင့်သွင်းကုန်(၁၁၅၈.၀၄၆)တန်၊ (၂၀၆၈)M2၊ (၇၅၀)U၊ (၁၆၃၀)BBL၊ (၁၃၆၈၀၀)2U၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၈၅၂)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ(၁.၉၄၉)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

        ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၃ရက်နေ့မှ ၂၇ရက်နေ့အထိ ရေထွက် ကုန်ပစ္စည်းအုပ်စုတွင် (၁၁၀၆.၁၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၀၂၂)သန်း၊ လယ်ယာထွက် ကုန်ပစ္စည်းအုပ်စုတွင် (၂၁.၄၄၉)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၀၀၅)သန်းနှင့် အခြားပစ္စည်း အုပ်စုတွင် (၁၂.၄၅၄)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၇၀)သန်း တင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန် တိုးမြှင့်ရေး အဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလ အနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံ ထွက်ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်း ဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၂) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှ ရနောင်းသို့ ပြောင်းတန်ချိန် (၂၀၄၅၉.၁၃၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄.၆၃၁)သန်းအား တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။