DotBorderdep

      ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကိုTradenet 2.0 System တွင် Online ဖြင့် လျှောက် ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေးလျက်ရှိ သည်။ ၂၉-၁-၂၀၂၃ ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၇)စောင် (၀.၀၉၈)ယွမ်သန်း တန်ဖိုးရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပန်းသီးနှင့် လိမ္မော်သီးအစရှိသည်တို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁ )ရက်နေ့မှ  (၂၉)ရက်နေ့ထိပို့ကုန်လိုင်စင် (၁ )စောင်နှင့် သွင်းကုန်လိုင်စင် (၇၃၀)စောင်ခွင့်ပြုထုတ်ပေးခဲ့သည်။ (၂၉-၁-၂၀၂၃)ရက်နေ့တွင် အများဆုံးပို့ကုန်

DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၂၅ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့်စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့

          .ဘင်္ဂလားဒေ့ရှ့်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ ပို့ကုန်များသည် နှစ်စဉ်ပြောင်းလဲမှုများ ရှိကြောင်း Dhaka Tribuneသတင်းစာတွင် ဖော်ပြထားသည်။ ပြီးခဲ့သောနှစ်များအတွင်းအထိ ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှ ပို့ကုန်စုစုပေါင်း၏ ၈၀ရာခိုင်နှုန်းကျော်မှာ အသင့်ချုပ်အဝတ် အထည် များဖြစ်ကြောင်းလည်းဖော်ပြပါရှိသည်။

DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၂၂-၁-၂၀၂၃) ရက်နေ့မှ (၂၃-၁-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုများ ရှိသည်။

DotBorderdep

         ရှမ်းပြည်(မြောက်ပိုင်း) လားရှိုးခရိုင်ရှိ ကွမ်းလုံမြို့နယ်၊ သိန္ဒီမြို့နယ်နှင့် လားရှိုးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်ထားသည့်ကြံများကို ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ တစ်ဖက်တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကိန်းမခရိုင်၊ မိန်းတိန်မြို့ နမ့်ဟွာသကြား စက်ရုံသို့ တင်ပို့လျက်ရှိသည်။

DotBorderdep

        ၂၂-၁-၂၀၂၃ရက်နေ့မှာ လယ်ယာထွက်ကုန်အနေဖြင့် ဆန်ကားစီးရေ (၄)စီး၊ တန်ချိန် (၁၂၉.၅၀)တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်းနဲ့ ဆန်ကွဲကားစီးရေ (၄)စီး၊ တန်ချိန် (၁၂၉.၅၀)တန်၊ တန်ဖိုး (၀.၀၄၈) ဒေါ်လာသန်း၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၉၈)သန်း တင်ပို့နိုင်ခဲ့သည်။ တစ်ဖက်နိုင်ငံမှ ဆေးဝါးနှင့်ဆေးပစ္စည်း ကားစီးရေ(၁)စီး၊ အရေအတွက် (၂၁၂၉၆၀)U၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်း၊ ဓါတ်မြေဩဇာ ကားစီးရေ(၁)စီး၊ တန်ချိန် (၃၂.၅၀)တန်၊ တန်ဖိုး (၀.၀၀၈)ဒေါ်လာသန်း၊ ကုန်စုံကားစီးရေ (၁)စီး၊ တန်ချိန် (၃.၇၀)တန်၊ (၆၅)U၊ (၈၀၀)PR၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၅၂

DotBorderdep

   ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့် တို့ ဖြစ်သည်။

DotBorderdep

    ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ ဇန်နဝါရီလ (၂၁) ရက်နေ့အထိ ပို့ကုန်မှ (၇.၂၀၉) ဒေါ်လာသန်းနှင့် သွင်းကုန်မှ (၁.၂၄၂) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၈.၄၅၁) ဒေါ်လာသန်းရရှိခဲ့သည်။ဇန်နဝါရီလကုန်သွယ်မှုလျာထားချက် (၂၀.၀၀) ဒေါ်လာသန်းအပေါ် (၄၂%)သာဆောင်ရွက်နိုင်ခဲ့သည်။

   ယခုရက်ပိုင်းသည် တစ်ဖက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးရက်ဖြစ်သဖြင့် ကုန်သည်လုပ်ငန်းရှင်များမှ ဇန်နဝါရီ (၂၀) ရက်နေ့မှစပြီး ပို့ကုန်ကားများ တစ်ဖက်နိုင်ငံသို့ တင်ပို့မှုမရှိသော်လည်း၊ တစ်ဖက်နိုင်ငံမှ ဝင်ရောက်ပြီး သွင်းကုန်လက်ကျန်ကားများ တင်သွင်းလျက်ရှိသည်။

DotBorderdep

        ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုသီတင်းပတ် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့မှ (၂၀)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၉.၆၂၄)ဒေါ်လာသန်း၊ သွင်းကုန် (၆.၄၅၁) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၁၆.၀၇၅) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန်ယာဉ် (၁၉၇၈)စီး၊ သွင်းကုန်ယာဉ် (၇၀၅)စီး ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

          ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှစ်နိုင်ငံအစိုးရတို့အကြား လက်မှတ်ရေးထိုးခဲ့သော ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding - MoU) အရမြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံးဆန်(အဖြူ) တန်ချိန်(၂၅၀၀၀၀)ထိနှင့် ပေါင်းဆန် တန်ချိန်(၅၀၀၀၀)ထိတို့အား တင်ပို့ရောင်းချနိုင်မည် ဖြစ်သည်။ ဆန်တင်ပို့ရောင်းချနိုင်မည့် ကာလမှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိဖြစ်ကြောင်းလည်း သိရှိရသည်။