DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်

ယခုအပတ်အတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ရွှေပေါက်ဈေးမှာ ( ၁ ) အောင်စလျှင် (၂၀၀၀၁၈.၃၇) တာကာနှင့် အခြေခံစားကုန်ဈေးနှုန်းများမှာ ဆန် (အဖြူ) (၁) ကီလို (၃၁၉.၀၀)တာကာ၊ ကြက်သွန်နီ (၁) ကီလို (၃၉.၀၀ တာကာ)၊ အာလူး (၁) ကီလို (၂၅.၀၀တာကာ)၊ ခရမ်းချဉ်သီး (၁) ကီလို (၆၀.၀၀ တာကာ)၊ကြက်သား (၁) ကီလို(၂၂၉.၀၀တာကာ)၊ ကြက်ဥ(၁)ဒါဇင် (၁၁၉.၀၀တာကာ) ဈေးရှိ ကြောင်း သိရှိရပါသည်။ ယခုအပတ် ငွေလဲနှုန်းမှာ ၁ တာကာလျှင် ၂၄.၈၀ ကျပ်မှ ၂၅.၃၀ ကျပ် ပြောင်းလဲ သွားကြောင်းသိရှိရပါသည်။      

DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့် တို့ ဖြစ်သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

မောတောင်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံဘက်နှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ကုန်သွယ် မှုအသာစီးရရှိသည့် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်အတွင်း ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၆၄၆) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၀၅)ဒေါ်လာ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၆၅၁)ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင် ခဲ့ပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်