ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။
မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၅-၂-၂၀၂၃)ရက်နေ့မှ(၆-၂-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် လိမ္မော်သီး၊ ကော်ဖီစေ့ နှင့် လက်ဖက်ခြောက်များကိုလည်းကောင်း၊ ရေထွက်ပစ္စည်းများဖြစ်သည့် ပုစွန်ဖွဲနှင့် ကတ္ထူစက္ကူ အဟောင်းများ၊ ပလပ်စတစ်ဘူးခွံအဟောင်းများကို တင်ပို့လျက်ရှိပါသည်။ အများ ဆုံးပို့ကုန် အနေဖြင့် ပြောင်းများအားတစ်ဖက်ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ရရှိရေး အတွက် Form D အကျိုးခံစားခွင့်ဖြင့် တင်ပို့လျှက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလပထမပတ်တွင် ပြောင်း တန်ချိန် (၁၆၅)တန်၊ တန်ဖိုး (၁၇၃၃၇၇၈) ဘတ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ငွေလဲနှုန်းအနေဖြင့် ယခုအပတ်တွင် ကျပ်ငွေ (၁)သိန်း လျှင် (၁၁၅၅) ဘတ် ဖြစ်ပေ
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃၅.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၉.၀၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၄၄.၀၀၀) ဒေါ်လာသန်းဖြစ်ပြီး ပို့ကုန် (၂၇.၂၄၅) ဒေါ်လာသန်း၊ သွင်းကုန်(၂၅.၂၁၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၅၂.၄၅၅) ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၁၉.၂၁၆%) ဆောင်ရွက်နိုင်ခဲ့သည်။
ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက် ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများ တွင်လည်းလာရောက်လျှောက်ထားပါက ခွင့်ပြုပေးလျက်ရှိ သည်။ ၅-၂-၂၀၂၃ ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၁)စောင် (၀.၂၃၈) ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့်စက်ပစ္စည်းကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁ )ရက် နေ့မှ (၅ )ရက်နေ့ထိပို့ကုန်လိုင်စင် (- )စောင်နှင့် သွင်းကုန်လိုင်စင် (၈၄)စောင်ခွင့်ပြုထုတ်ပေးခဲ့သည်။ (၅-၂-၂၀၂၃)ရက်နေ့တွင် အများဆုံးပို့ကုန်ပစ္စည်းများမှာ ချဉ်ပေါင်ဖာလာ(အခွံပါ)၊ ပဲတီစိမ်း၊ သခွ
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် AR Malikလယ်ယာလုပ်ငန်းကုမ္ပဏီသည် Global Good Agricultural Practices (GAP) ထံမှ ပထမဦးဆုံး Good Agricultural Practices (GAP) အသိအမှတ်ပြု လက်မှတ်ရရှိသည့် လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့အစည်းဖြစ်ကြောင်းပြီးခဲ့သည့် အင်္ဂါနေ့ က Dhaka Tribune သတင်းစာတွင် ရေးသားဖော်ပြထားသည်။
1969 ခုနှစ်ကတည်းက Malik Seeds သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဟင်းသီးဟင်းရွက်နှင့် အာလူး စိုက်ပျိုးသူများအား အရည်အသွေးမီမျိုးစေ့များ ပံ့ပိုးပေးသည့် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ် ကြောင်း ရေးသားဖော်ပြထားသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၀၁ရက်နေ့
မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း များ၊ ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိသည်။
မြိတ်၊ ထားဝယ်ဒေသတို့မှ ထွက်ရှိသည့် ကင်းမွန်များကို အေးခဲပြီး တင်ပို့မှုများရှိသကဲ့သို့ ကင်းမွန် အခြောက်ပြုလုပ်၍ ပြည်တွင်းသာမက ပြည်ပသို့ တင်ပို့လျက်ရှိသည်။
ကင်းမွန်များကို ပြုတ်၍ အခြောက်ပြုလုပ်သည့်စနစ်နှင့် သဘာဝအတိုင်း သန့်စင်ပြီး နေလှန်း အခြောက်ပြုလုပ်သည့်စနစ်တို့ဖြင့် အခြောက်ပြုလုပ်ကြပြီး သဘာဝအတိုင်း သန့်စင်ပြီး နေလှန်းအခြောက် ပြုလုပ်သည့် ကင်းမွန်အခြောက်က ပိုပြီးဈေးကောင်းရရှိကြောင်း လေ့လာသိရှိရသည်။
၃၁-၁-၂၀၂၃ရက်နေ့မှာလယ်ယာထွက်ကုန်အနေဖြင့်ဆန်ကွဲကားစီးရေ (၅)စီး၊ တန်ချိန် (၁၆၃.၀၀)တန်၊ တန်ဖိုး (၀.၀၆၀) ဒေါ်လာသန်း၊ကြံကားစီးရေ (၃၆)စီး၊ တန်ချိန် (၂၅၂)တန်၊ တန်ဖိုး(၀.၀၂၀) ဒေါ်လာသန်း၊ မြေထောက်ပဲကားစီးရေ (၁)စီး၊ တန်ချိန် (၁၇)တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျောကားစီးရေ (၃၃)စီး၊ တန်ချိန် (၅၂၈)တန်၊ တန်ဖိုး (၀.၁၈၅) ဒေါ်လာသန်းနဲ့ ပဲတီစိမ်းကားစီးရေ (၄)စီး၊ တန်ချိန် (၁၀၉)တန်၊ တန်ဖိုး (၀.၀၆၈) ဒေါ်လာသန်း စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၀.၃၅၃)သန်း တင်ပို့နိုင်ခဲ့သည်။