admin

ကန်ပိုက်တီး ကူးသန်းရောင်းဝယ်ရေးနယ်စခန်း၏ ၃/၂၀၁၃ ကြိမ်မြောက် ကုန်သွယ်မှုမြှင့်တင် ရေးအစည်းအဝေးကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက် ၁၃း၀၀ နာရီ၌ ကန်ပိုက်တီးကူးသန်းရောင်းဝယ် ရေးနယ်စခန်းအစည်း အဝေးခန်းမ၌ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ကန်ပိုက်တီးကူးသန်းရောင်းဝယ်ရေးနယ်စခန်းမှ OSS ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ (၁၀၀၃) နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူများ၊ မြို့နယ်ခွဲ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးနှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ ကန်ပိုက်တီးကူးသန်းရောင်းဝယ်ရေး ကုန် သည်ကြီးများအသင်းဥက္ကဌနှင့် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ကြပြီး အစည်းအဝေး၌ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုပ

admin

ITC ကတ်ပြုလုပ်ရာမှာ တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း ကုန် သည် အသင်းဝင်ဖြစ်ရန် လိုအပ်တဲ့အတွက် ကျိုင်းတုံမှလာရောက်ပြီး ITC ကတ်ပြု လုပ်သူများမှာ၎င်းင်းတို့အနေဖြင့် ကျိုင်းတုံတွင်ကုန်သည် အသင်းဝင်ပြီးဖြစ်တဲ့အတွက် တာချီလိတ်တွင်ထပ်မံဝင်ရပါကငွေကြေးပိုမိုကုန်ကျကြောင်း တာချီလိတ်ထက် ကျိုင်းတုံက အသင်းဝင်ကြေးမှာလည်း ပိုမိုသက်သာကြောင်းပြောကြားလာမှုများ ရှိလာတယ်လို့ တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှာကျင်းပပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးပွဲမှာ တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်း မှပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီးအခြားနယ်စပ်စခန်းများကို

admin

မိုင်းယောင်းမြို့နယ်အတွင်းထွက်ရှိတဲ့ ဒေသသုံးထက်ပိုလျှံသောကောက်ညှင်း စပါးများကို ပြည်ပသို့ တင်ပို့နေခြင်းအား ၂၀၁၄ ခုနှစ်မှစ၍ စပါးအတိုင်းပြည်ပသို့ တင်ပို့ခွင့်ပြုတော့မည်မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တာချီလိတ်မြို့  မြို့နယ်အကောက်ခွန်ဦးစီးဌာနမှာ ကျင်းပပြုလုပ်တဲ့ကုန်သွယ်မှုမြှင့်တင်ရေးအစည်း အဝေး မှာ ဒုတိယစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းမှ အထက်ဌာန ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ပြည်သူလူထုအလုပ်အကိုင် အခွင့်အလမ်းများရရှိရန် ရည်ရွယ်ပြီး ဒေသအတွင်းအရည်အသွေးမီကြိတ်ခွဲနိုင်သောဆန်စက်များ တည်ဆောက်ကာ  ဆောင်ရွက် သွားရန်

admin

မူဆယ်-မန္တလေးကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ စားသုံးသူအကာအကွယ် ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေးအဖွဲ့ Mobile Team အဖွဲ့ခေါင်းဆောင်ညွှန်ကြားရေးမှူးဦးစန်းလွင် ဦးစီးတဲ့အဖွဲ့ဟာ နောင်ချိုမြို့ အေးရှားဝေါလ် တိုးဂိတ်အနီးတွင်အခြေပြုကာ ယာဉ်များအား စစ်ဆေးဆောင်ရွက်လျက်ရှိရာနောင်ချို-ကျောက်မဲ-လားရှိုး-မူဆယ်ပြေးဆွဲနေတဲ့ ယာဉ်များရဲ့ တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းများ တင်ဆောင်သွားလာနေမှုအား ကြမ်းတမ်းစွာ ဖမ်း ဆီးလျက်ရှိပြီး မိုးကုတ်-ပြင်ဦးလွင် ကားလမ်းမှာလည်း ဝင်ရောက်ဖမ်းဆီးမှုများ ကြောင့်ဒေသခံများနဲ့ လက်လုပ်လက်စား အလုပ်အကိုင်မဲ့သူများရဲ့ တရားမဝင် ကယ်ရီသယ်ဆောင်မှုလုပ်ငန်းများအပေါ် စီးပွားပျက

admin

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ဈေးကွက်သို့အဝင် ပုံမှန်ရှိပေမယ့် တရုတ်အဆွဲကအရင်ထက်စာရင် နည်းသွားတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဈေးတက်ချိန်မှာ ဝယ်ယူသိုလှောင်ထားတဲ့ တရုတ်ကုန်သည်တွေက သူတို့ဘက်မှာ လှောင်ထားတဲ့ပစ္စည်းတွေ ထုတ်ရောင်းမှုတွေရှိလို့ မူဆယ်ဈေးကွက်မှ ပြောင်းကို အဝယ်နည်းနေ တာဖြစ်တယ်လို့ ပြောင်းကုန်သည် တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ပတ်အတွင်း မက်တန် ၇၅၀၀ ခန့်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။

admin

နယ်စပ်ကုန်သွယ်ရေး (တမူး) Mobile Team အဖွဲ့မှ သိမ်းဆည်းရမိသော ပစ္စည်းများအနက် ပြည်သူများ စားသုံးရန် မသင့်သော ပစ္စည်းများဖြစ်တဲ့ 350 Signal ဆေးမွှေးများ၊ ကွမ်းပေါင်းထုပ်များနဲ့ တရားမဝင် ထောက်ခံချက်မပါဘဲ တင်သွင်းလာသော Betnovate-N ဆေးများ ခန့်မှန်းတန်ဖိုး ၁၇၇၄၉၃၀၀ိ/- အား၁၀-၃-၂၀၁၃ ရက်နေ့ နံနက် ၈း၀၀ နာရီမှ ၉း၀၀ နာရီချိန်ထိ တမူးမြို့နယ်၊ အကောက်ခွန်ရုံးမှာ အကောက်ခွန် ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနနဲ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ များပါဝင် သောအဖွဲ့များနဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါတယ်။

admin

မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်တဲ့ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လ ၆ ရက်မှ ၁၂ ရက်ထိကာလ အတွင်းမှာ ဂျုံစေ့ တန် ၃၀၀ ကျော်နဲ့ ဂျုံမှုန့် ၁၈ တန် တင်သွင်းလာတာတွေ့ရပါတယ်။ ယခင်အပတ်ကထက် ဂျုံစေ့ တန် ၁၀၀ နီးပါးနဲ့ ဂျုံမှုန့် ၁၀ တန်ခန့် ပိုမိုတင်သွင်းလာပါတယ်။ ဂျုံစေ့ဈေးကတော့ မုံရွာဘက်မှာ ၅၀ ကီလိုဂရမ်ဝင် တစ်အိတ်ကို ၁၅၇၅၀ ကျပ်ဈေးပေါက်ပြီး အိန္ဒိယဘက်မှာ ၁ ကီလိုဂရမ်ကို ၁၆ ရူပီးဈေးရှိတယ်လို့ သိရပါတယ်။ ဂျုံစေ့ ၁ ကီလိုဂရမ်ကို ယခင်က ၁၇ ရူပီးမှ ယခု ၁၆ ရူပီးဖြစ်တာကြောင့်ရော၊ ပြည်တွင်းအဝယ်ရှိတာကြောင့်ပါ တင်သွင်းမှုပိုမိုရခြင်းဖြစ်ပါတယ်။ ဂွာလတီးဒေသထွက်ဂျုံမှုန့်များကို တမူးနယ်စပ်မှ တစ်ဆင့် တင်သွင်းလျက်ရှိပြီး ဒေသခံပြည်

admin

ယခုအခါမတ်လလယ်ကိုရောက်ရှိပြီး အတာသြင်္ကန် အခါကာလနဲ့ နီးလာပြီဖြစ်ပါတယ်။ မြန်မာ့ဓလေ့ထုံးစံအရ သြင်္ကန်ကာလသြင်္ကန်မဏ္ဍာပ်များမှာ စတုဒီသာကျွေးမွေး ဧည့်ခံမှုတွေရှိသလိုရပ်ကွက်အတွင်း၊ လမ်းအတွင်း အိမ်နီးချင်း များကိုလည်း သြင်္ကန်မုန့်များပြုလုပ်ဝေငှကာ ကုသိုလ် ပြုမှုများရှိပါတယ်။ မြဝတီ-ရန်ကုန်ကုန်သွယ်မှု လမ်းကြောင်းမှာ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ် မှုများ တားဆီးရေး ရွေ့လျားအဖွဲ့-၂ ဟာ မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း သြင်္ကန်စာ-ကောက်ညှင်းမှုန့်များကို အများအပြား စစ်ဆေးတွေ့ရှိနေတယ်လို့ သတင်းရရှိ ပါတယ်။ ကောက်ညှင်းမှုန့် ၁၇၂၅၀၀ ကျပ်ဖိုးသိမ်းဆည်း ရမိခဲ့ကြောင်းနဲ့ အုန်းနို့ဘူး ၄၅ ဖာတန်ဖိုးအား

admin

စားသုံးသူအကာအကွယ်ပေးရေးနဲ့တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Teamအဖွဲ့-၁ ဟာ မူဆယ်-မန္တလေးကုန်သွယ်မှုလမ်းကြောင်းမှာတာဝန်ယူ နေ စဉ် မတ်လ ၅ ရက်နေ့ ၁၁း၃၀ ချိန်မှာ လားရှိုးမှ မန္တလေးသို့မောင်းနှင်လာတဲ့ Van ကားယာဉ်အမှတ် ၉က/xxxx အားစစ်ဆေးတဲ့အခါ ယာဉ်ပေါ်မှတရားမဝင် အကောက်ခွန်မဲ့အေးခဲဘဲသား (၄) ဖာအား ပိုင်ရှင်မဲ့စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ စစ်ဆေးတွေ့ရှိရတဲ့ အေးခဲဘဲသားများဟာ ပုပ်သိုးပျက်စီးလွယ် ပစ္စည်းများ ဖြစ်ခြင်း၊ မွေးမြူးရေးနဲ့ကုသရေး ဦးစီးဌာနအနေနဲ့ထောက်ခံပေးနိုင်တဲ့ပစ္စည်း မဟုတ် ခြင်းတို့ကြောင့် မတ်လ ၆ ရက် ၁၃း၀၀ ချိန်မှာ Mobile Team အဖွဲ့ခေါင်းဆောင်၊ နောင်ချို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

admin

မြန်မာ-အိန္ဒိယ နယ်စပ် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွက် ကုန်သွယ်မှုပမာဏ လျာထားချက်မှာ ပို့ကုန် ၁ ဒသမ ၀၁၅ ဒေါ်လာသန်း၊ သွင်းကုန် ၁ ဒသမ ၀၁၄ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၂ ဒသမ ၀၂၉ ဒေါ်လာသန်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပို့ကုန် ၁ ဒသမ ၁၀၈ ဒေါ်လာသန်း သွင်းကုန် သုည ဒသမ ၉၈၂ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၂ ဒသမ ၀၉၀ ဒေါ်လာ သန်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၁၀၃ ဒသမ ၁၀ ရာခိုင်နှုန်း ရရှိဆောင်ရွက်နိုင်ခဲ့ ပါတယ်။ တမူးစခန်းမှာ အဓိကတင်ပို့တဲ့ ကုန်ပစ္စည်းများကတော့ ကွမ်းသီး၊ စီးကရက်နဲ့ ဒေသထွက် ပဲမျိုးစုံတို့ဖြစ်ပြီး သွင်းကုန်အနေနဲ့ကတော့ ဂျုံစေ့၊ ဂျုံမှုန့