admin_ygn

   ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း ကန်ဒေါ်လာ ၁၅၃၃၄ တန်ဖိုးရှိ လက်ဖက် ခြောက် ၃၇ တန်ကို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်ပြည်ကို တင်ပို့ခဲ့ပါတယ်။ အနီးစပ်ဆုံးနိုဝင်ဘာလမှာ ၁၆ တန် တင် ပို့ခဲ့ပြီး ယမန်နှစ်ကာလတူမှာတော့ ၁၆ တန်ခွဲတင်ပို့ခဲ့တာတွေ့ရပါတယ်။

    မြန်မာနိုင်ငံတွင် လက်ဖက်ကို ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကိုတင်ပို့ရောင်းချကြတာလို့သိရပါတယ်။      

မော်မော်အောင် MIRT (DCCA)

 

admin_ygn

   ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံ ကိန်းရှိ နယူးစတားလိုက်ပိုင်ဆင်းရွှေလီခန်းမတွင်  နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်း များ ဆွေးနွေးပွဲ အခမ်းအနားကို  ဇန်နဝါရီ ၇ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။

   ရှေးဦးစွာ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကျော်ကျော်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ပါမောက္ခဒေါက်တာအောင်ထွန်း သက်က ''Opportunities of Cross-Border Trade''  (နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဆိုင်ရာအခွင့်အလမ်းများ) ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

admin_ygn

   အခကြေးငွေယူဆောင်ပြီး ဝန် ဆောင်မှုလုပ်ဆောင်နေတဲ့ အေးဂျင့်များဟာ ကားပေါ်ပါကုန်ပစ္စည်းများကို စတင်စစ်ဆေးသည်မှ ကားထွက်ခွာသည်ထိတာဝန်ရှိပါကြောင်း၊ မိမိတာဝန်ယူထားတဲ့ ကားတစ်စီးထွက်ရှိအောင် မိမိကားပေါ်ပါလာတဲ့ ပစ္စည်းများနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း၊ မိတ္တူ အကုန်လုံးသေချာ အောင်စိစစ်ပြီးပစ္စည်း သယ်မဲ့ယာဉ် ယာဉ်မောင်းထံအပ်နှံရမှာဖြစ်ကြောင်း၊ ယာဉ်မောင်းအနေနဲ့ကလည်း မိမိကား ပေါ်ပါလာတဲ့ ပစ္စည်းအမျိုးအစား အားလုံးနဲ့ စာရွက်စာတမ်းကိစ္စကိုမသိရှိပါကြောင်း၊ တာဝန်ရှိသူ က စစ်ဆေးမှသာ ဟိုစာရွက်မပါ ဒီစာရွက်မရသေးဘူးဆိုတာ မကြာခဏ ကြုံတွေ့နေကြောင်း၊ စည်းကမ်းရှိရှိ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အလွယ်တကူ အဓိ

admin_ygn

   ဒီဇင်ဘာ ၃၁ ရက်နေ့က မောင်တောမြို့ ဒေဝါနဒီအစည်းအဝေးခန်းမမှာကျင်းပပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးက မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့  ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏလျာထားချက်အပေါ်  အမှန်ဆောင်ရွက်နိုင်မှု  လေ့လာ ကြည့်တဲ့အခါ ကုန်သွယ်မှုပမာဏများကို လအလိုက် ကျော်လွန်ပြည့်မီအောင် ဆောင်ရွက်နိုင်တာတွေ့ရကြောင်း၊ ကုန်သွယ်မှုတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ မောင်တောကုန်သည်ကြီးများအသင်းနဲ့ လုပ်ငန်းရှင်များ အမြဲမပြတ်ပေါင်းစပ်ဆောင်ရွက်နေတာ တွေ့ရှိနေရကြောင်း၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှ

admin_ygn

   မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလမှာ ပို့ကုန်ကန်ဒေါ်လာ ၃၃ ဒသမ ၄၂၆ သန်း၊ သွင်းကုန် ၆ ဒသမ ၁၉၄ သန်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် လျာထားချက်အပေါ် ၁၀၈ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာနောက်ဆုံးပတ်မှာ ကန်ဒေါ်လာ  ၈၇၁၂၀ တန်ဖိုးရှိ ကြက်သွန်နီ ၄၈၄ တန်တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က မူဆယ်မှ ၃၆ တန်၊ စစ်တွေမှ ၃ တန်၊ မြဝတီမှ ၃၄၄ တန်ခွဲ တင်ပို့ခဲ့ ပေမယ့် ယခုသီတင်းပတ်မှာ မြဝတီစခန်းတစ်ခုတည်းမှပဲတင်ပို့ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလတစ်လလုံးမှာ စခန်းစုံကတင်ပို့ခဲ့တဲ့ ကြက်သွန်နီတန်ချိန် ၁၆၀၅ တန်ခွဲရှိခဲ့ပါတယ်။ ''ဒီနှစ်မှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေကဝယ်လိုအားရှိပေမယ့် ဈေးနှုန်း ကတော့ကျနေတယ်။ ဒါကြောင့်  ပွဲရုံတွေကလည်း ဈေးနှုန်းနဲ့ ဈေးကွက်ကို ချိန်ဆပြီး ဝယ်နေရတယ်။ လက်ရှိ  ထိပ်စတ

admin_ygn

   ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ညောင်ခါးရှည်မှာ ယာယီအခြေပြု၍ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးတာဝန်ထမ်းဆောင်နေသော Mobile Team အဖွဲ့ဟာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ကျပ် ၄၂၁ သန်းကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

admin_ygn

   တာချီလိတ် Mobile Team အဖွဲ့ဟာ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွယ်စတုံ ရှောင်ကွင်းလမ်းမှာသတင်းအရ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ၀၄း၃၀ ချိန်ခန့်မှာ မိုင်းဟဲကျေးရွာဘက် မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်းအိုက်ဟုန် မောင်းနှင်လာတဲ့ အီတန်ယာဉ် (၁ဋ္ဌ/xxxx)ကို တားဆီးစစ်ဆေးရာမှာ တရားမဝင် သယ်ဆောင်လာတဲ့ သစ်အယ်နဲ့သစ်ယာများကို စစ်ဆေးတွေ့ရှိတဲ့အတွက် နိုင်ငံ ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရန် လုပ်ထုံးလုပ်နည်းနဲ့အညီ သိမ်းဆည်းရမိသစ်များနဲ့ သယ်ဆောင်လာသူများကိုလည်း တာချီလိတ်မြို့နယ် သစ်တော ဦးစီးဌာနသို့ လွှဲ ပြောင်းအပ်နှံခဲ့တယ်လို့သတင်းရရှိပါတယ်။ စစ်ဆေးတွေ့ရှိရတဲ့ သစ်များကတော့ သစ်အယ် ၅ ချောင်း သုည ဒသမ ၃၂၈၆ တန်နဲ့ သစ်ယာ ၈

admin_ygn

  ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိကျောက်စိမ်းနဲ့ သတ္တုတွင်းထွက်ပစ္စည်းများကို ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၃၄၀၀ ကျော်ကို Mobile Team အဖွဲ့များမှ သိမ်းဆည်းနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အမှုတွဲများကတော့ ကျောက်စိမ်း ၇၁ မှု အင်ကြင်းကျောက် ၅ မှု၊ သလင်းကျောက် ၈ မှု၊ စကျင်ကျောက် ၇ မှု၊ သတ္တုကျောက်မှုန့် ၁၉ မှု၊ စုစုပေါင်းအမှုတွဲ ၁၁၀ ခန့်ရှိတယ်လို့သိရပါတယ်။ ယခင် ဌာနဆိုင်ရာများပူူးပေါင်းအဖွဲ့ (one stop services) ဦးဆောင်သည့် ၂၀၁၄-၂၀၁၅ မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ထိ ဖမ်းဆီး ရမိကျောက်စိမ်းနဲ့ တွင်းထွက် ပစ္စည်းများကို အမှုတွဲ ၃၂၂ မှုနဲ့ ခန့်မှန်းတန်ဖိုး ကျပ်သန်း သုည ဒသမ ၀၆၈ ဖြစ်တယ်လို့သတင်းရရှ

admin_ygn

   စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့ Mobile Team လရ-(၁)အဖွဲ့သည် ဇန်နဝါရီလ ၃ ရက်နေ့တွင် မန္တလေးမှမူဆယ်လမ်းကြောင်းအတိုင်း ဝင်ရောက်စစ်ဆေးခံတဲ့ ခရီးသည်တင်မှန်လုံယာဉ်နဲ့ ယာဉ်ငယ်များအားဝင်ရောက်စစ်ဆေးရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာတဲ့ သစ်ခွပန်းရိုး (အစို) များကို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ သိမ်းဆည်းရမိ သစ်ခွပန်းရိုး (အစို) များကို အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့ အညီ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံသွားမယ်လို့သိရပါတယ်။ 

DCCA