အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ချဉ်ဒယ်ခရိုင်၊ မိုးရေးမြို့ရှိ ဒေသခံလူမှုအဖွဲ့အစည်းများသည် ၂၀၁၅ခုနှစ် ဇန်န ဝါရီလ ၁၀ ရက်နေ့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ၎င်းတွေ့ဆုံပွဲ တွင် လူမျိုးစုများကြား ပဋိပက္ခဖြစ်ပွားမှုမရှိစေရန်နဲ့ ငြိမ်းချမ်းစွာ လက်တွဲနေထိုင်ကြရန်၊ တည်ငြိမ်အေးချမ်းမှုမရှိပါက အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် အိန္ဒိယ အရှေ့တောင် အာရှနိုင်ငံတို့ရဲ့ ကုန်သွယ်မှုမှုများကို ထိခိုက်စေနိုင်ကြောင်း၊ လူမျိုးစုများအနေဖြင့် ငြိမ်းချမ်းစွာအတူတကွလက်တွဲပြီး မိုးရေးမြို့၏ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကိုလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့သတင
မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ လ ၁၆ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတန်ဖိုးရှိ ရေဘဝဲ ၄ တန်ကျော်တင်ပို့နိုင်ခဲ့ ပါတယ်။ ယခုတစ်ပတ်အတွင်း ရေဘဝဲအပြင် ကန်ဒေါ်လာ သုည ဒသမ ၆၃၄ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၆၇၉ တန်ကျော်၊ ပုစွန် ၅ တန်ကျော်နဲ့ ပင်လယ်ငါးရှဉ့် ၇ တန်ကျော် တင်ပို့နိုင် ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာလည်း ရေဘဝဲ တန်ချိန် ၆ တန်နီးပါး တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်း နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။
ခင်မြနွယ် MIRT (DCCA)
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှ ၁၆ ရက်အတွင်း ကန်ဒေါ်လာ ၅၅၀၇ တန်ဖိုးရှိတဲ့ ရွှေဖရုံသီး ၅၇ တန်ကို မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တရုတ်ပြည်ကို တင်ပို့ခဲ့ပါတယ်။ ရွှေဖရုံသီးအပြင် ပုံမှန်တင်ပို့နေကျ ဖရဲသီး ၃၂၅၂၃ တန်၊ သခွားမွှေး ၂၅၂၀ တန်၊ ဆီးသီး ၈၆၃ တန်ခွဲ တို့ကိုလည်း ကန်ဒေါ်လာ ၄ ဒသမ ၇၆၂ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခုရက်သတ္တပတ်မှာလည်း မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးကလည်း ကန်ဒေါ်လာ ၃၆၅၀၉ တန်ဖိုးရှိ လိမ္မော်သီး ၁၉၈ တန်တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တာချီလိတ်က လိမ္မော်သီး ၁၃၂ တန် သာတင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ လိမ္မော်သီးတင်ပို့မှုလည်
မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက ဇန်နဝါရီ လ ၁၆ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်းတန်ဖိုးရှိ ပင်လယ် ငါးရှဉ့် ရှစ် တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုရက်သတ္တပတ်အတွင်း ပင်လယ် ငါးရှဉ့်အပြင် ကန်ဒေါ်လာ သုည ဒသမ ၆၂၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၆၇၉ တန်၊ ပုဇွန် ၅တန်ကျော်နဲ့ ရေဘဝဲ ၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာလည်း ကန်ဒေါ်လာ သုည ဒသမ ၀၇၆ သန်းတန်ဖိုးရှိ ပင်လယ် ငါးရှဉ့် ၅၈ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။
ခင်မြနွယ် MIRT (DCCA)
မြန်မာ့လက်ဖက်ကို ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့အနီးဝန်းကျင်နဲ့ တာချီလိတ်မြို့ရဲ့ တောင်ကြော/တောင်တန်းများပေါ်မှာစိုက်ပျိုးကြပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို တင်ပို့ရောင်းချကြရာ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၁၀ ရက်မှ ၁၆ ရက်တာသီတင်းပတ်မှာ ကန်ဒေါ်လာ ၂၂၃၃၀ တန်ဖိုးရှိ လက်ဖက်ခြောက် ၆၇ တန်ခွဲကိုတင်ပို့ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်က တန် ၃၀ ခွဲတင်ပို့ခဲ့ပြီး ဒီဇင်ဘာ လမှာ ၁၅ တန်ကျော်တင်ပို့ခဲ့ပါတယ်။
မော်မော်အောင် MIRT (DCCA)
မြန်မာ့ဆန်ဖြူများကို အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်စခန်းများမှတစ်ဆင့် တင်ပို့ရာတွင် ဇန်နဝါရီလ ၁၀ ရက်မှ ၁၆ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁၃ ဒသမ ၄၂၂ သန်းဖိုးရှိ ဆန်ဖြူ ၃၆၂၅၈ တန်တင်ပို့ နိုင်ခဲ့ ကြောင်းသိရပါတယ်။
နယ်စပ်အလိုက် တင်ပို့မှုများမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်မှ ငစိန်ဆန် ၁၉၆၉၀ တန်၊ ဧည့်မထဆန် ၁၀၈၉၈ တန်၊ လွယ်ဂျယ်စခန်းမှ ဧည့်မထ ဆန် တန် ၅၀၀၀၊ ချင်းရွှေဟော်စခန်းမှ တန် ၅၇၀ တင်ပို့ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှာ ကန်ဒေါ်လာ ၆ ဒသမ ၄၁၇ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၂၉၁၉ တန်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ တန်ချိန်တွေကတော့ မူဆယ်မှ ၂၂၆၁၈ တန်နဲ့ ချင်းရွှေဟော်မှ ၃၀၁ တန်ဖြစ်ပါတယ်။ ယခုရက်သတ္တ ပတ်မှာ လွယ် ဂျယ်နဲ့ ကန်ပိုက်တီးကနေ ပြောင်းတင်ပို့မှု မရှိခဲ့ ပါဘူး။ ယခင်ရက်သတ္တပတ်က ၃၉၁၄၅ တန်ထိ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်မှာ ၁၆၂၂၆ တန် လျော့နည်းသွား တာတွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာလည်း ယခင်ရက်သတ္တပတ်က ပြောင်းတစ်တန်ရဲ့ မိမိဘက်ဈေး ၂၇၅၀၂၁ ကျပ်ဖြစ်ပြီး ယခုတစ်ပတ်မှာ ၂၇
ထိုင်းမြန်မာနှစ်နိုင်ငံမှ တာဝန်ရှိ သူများသည် မြဝတီနဲ့ မဲဆောက်ရှိ ထိုင်း မြန်မာချစ်ကြည်ရေး တံတားဖွင့်လှစ်ချိန်ကို ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ တိုးမြှင့်သတ်မှတ်ပေးလိုက် ပြီဖြစ်ပါတယ်။ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုပမာဏမြှင့်တက်ရန်နဲ့ ခရီးသွားများဝင်ထွက်မှုများပြားစေရန် ရည်ရွယ်ပြီးယခုကဲ့သို့ ချစ်ကြည်ရေးတံတားဖွင့်လှစ်ချိန်ကို တိုးမြှင့်ပေး လိုက်တာဖြစ်ပါတယ်။ ယခင် ကတံတားဖွင့်လှစ်ချိန်မှာ နံနက် ၀၆း၀၀ မှ ညနေ ၆း၀၀ ချိန်ထိ ဖြစ်ပြီး ယခုအခါ ဇန်နဝါရီလ ၅ ရက်နေ့မှစပြီး နံနက် ၀၅း၀၀ မှ ည ၈း၀၀ ချိန်ထိ တိုးမြှင့် ဖွင့်လှစ်ပေးလိုက်တာဖြစ်ပါတယ်။ ယခုလို ချစ်ကြည်ရေးတံတားဖွင့်လှစ်ချိန် တိုးမြှင့်ပေးလိုက်တဲ့အတ
၂၀၁၅ ခုနှစ်ရဲ့ နှစ်စပိုင်း ဇန်နဝါရီလပထမပတ်မှာ မြန်မာ-တရုတ် နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်တင်ပို့မှုဟာ အားကောင်းလျက်ရှိပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၂ ဒသမ ၆၅၀ သန်းဖိုးရှိတဲ့ ငစိန်ဆန် ၂၀၅၅၀ တန်နဲ့ ဧည့်မထဆန် ၁၃၂၄၂ တန် တင်ပို့ခဲ့ပြီး ယခင်သီတင်းပတ်ထက် တန်ချိန် ၁၈၀၀ ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၄၂၇ သန်းဖိုးရှိ ဧည့်မထ ၄၀၅၆ တန်ကိုတင်ပို့ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ၁၂၃၃ တန်ကို ပိုမိုတင်ပို့နိုင်ခဲ့သလို၊ ချင်းရွှေဟော်စခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ ၄၃၆ သန်းဖိုးရှိ ဧည့် မထဆန် ၁၁၆၄ တန်ကို တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်ထက် ၉၁
မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ်အင်အား Mobile Team မှ ၂၀၁၄ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလထိသိမ်းဆည်းရမိတဲ့အပင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ရွက်ဖြန်းဆေးနဲ့ အပင်အားဆေးများမှာ အမှုတွဲအားဖြင့် ၁၀ ခု တန်ဖိုးအားဖြင့် ခန့်မှန်းကျပ် ၁၂၆ ဒသမ ၄၈၀ သိန်းဖိုးသိမ်းဆည်းရမိထားပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။ သိမ်းဆည်းရမိမှု အသေးစိတ်မှာ ပိုးသတ်ဆေး အမှုတွဲ ၃ ခု၊ အရေအတွက် ၆၉၀ ကီလိုဂရမ်၊ ခန့်မှန်း တန်ဖိုး ကျပ် ၃၄ ဒသမ ၅၀၀ သိန်း၊ ပေါင်းသတ်ဆေး အမှုတွဲ ၂ ခု၊ အရေအတွက် ၁၀၂၀ လီတာ၊ ခန့်မှန်းတန်ဖိုး ကျပ် ၂၃ ဒသမ ၉၀၀ သိန်း၊ ရွက်ဖြန်းဆေး အမှုတွဲ ၄ ခု ၁၅၉၄ ဘူူး၊ ခန့်မှန်းတန်ဖိုး ကျပ် ၅၁ ဒသမ ၉၅၀ သိန်း၊
