admin_ygn

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်ထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဒီဇင်ဘာလ ၂၅ ရက်နေ့က ရှောင်ကွင်းလမ်းမှာ စုပုံထားသော စားသုံးရန်မသင့်တဲ့ အေးခဲ ပင်လယ်စာများအားသိမ်းဆည်းရမိခဲ့ပြီး လုပ်ထုံးလုပ် နည်းနဲ့အညီ မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့အပ်နှံထားခဲ့ပါတယ်။ အဆိုပါ အေးခဲပင်လယ်စာများမှာ အလေးချိန် အားဖြင့်  ၂၄၂၇ ကီလိုဂရမ် ခန့်မှန်းတန်ဖိုးအားဖြင့် ကျပ် ၁၂ ဒသမ ၁၃၅ သန်းရှိတယ်လို့သိရပါတယ်။ သိမ်းဆည်းရမိတဲ့နေ့ ညနေ ၁၅း၀၀ ချိန်မှာ မူဆယ်မြို့နယ်အကောက်ခွန်မှူး ဦးစီးတဲ့ ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်တဲ့ အဖွဲ့စုံနဲ့ မူဆယ်မြို့နယ် အကောက်ခွန်ရုံးဝင်းအတွင်းမှာ မြေ မြှုပ်ဖျက်ဆီးခဲ့တယ်လို့သတင

admin_ygn

  မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်စခန်းထုတ်နုတ် Mobile Team အဖွဲ့ ဟာ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မော်တော်ယာဉ်များကိုစစ်ဆေးနေစဉ် ဇန်နဝါရီ လ ၄ ရက် ၁၆း၀၀ ချိန်မှာ လားရှိုးဘက်မှ မောင်းနှင်လာတဲ့ Toyota Ipsum ယာဉ်အမှတ် 1G/xxxx  ဟာပို့ကုန် Mobile Team  အဖွဲ့စစ်ဆေးမှုပြုလုပ်တဲ့ နေရာမရောက်မီ မှာ ပြန် လှည့်မောင်းနှင်ထွက်ပြေးခဲ့ ပါတယ်။ ထိုယာဉ်နောက်သို့ ယာဉ်များဖြင့် လိုက်လံပိတ်ဆို့တားဆီးမှုပြုခဲ့ရာ ယာဉ်ပေါ်မှ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးအရွယ်စုံ ၁၈ တုံး၊ အလေးချိန်အားဖြင့် ၁၀၀၂ ဒသမ ၇၈ ကီလို ဂရမ်၊ ခန့်မှန်းတန်ဖိုးအားဖြင့် ကျပ်သိန်း ၁၀၀၀ ခန့်အားစစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပ

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကနေ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း ကန်ဒေါ်လာ ၁၃ ဒသမ ၃၄၈ သန်းဖိုးရှိ ဖရဲသီး ၁၀၅၁၂၈ တန်၊ ကန်ဒေါ် လာ ၄ ဒသမ ၈၁၉ သန်းဖိုးရှိ သခွားမွှေး ၂၃၆၂၄ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၁၄၈ သန်းဖိုးရှိ  ဆီးသီး ၁၀၈၅ တန်ခွဲနဲ့ ကန်ဒေါ်လာ ၂၁၄၅ တန်ဖိုးရှိ အုန်းသီး ၁၄ တန်ခွဲနှင့် လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၄၁ သန်းဖိုးရှိ  ဖရဲသီး ၃၁၆ တန်တို့ကို တင်ပို့နိုင်ခဲ့သလို ကန်ဒေါ်လာ ၅ ဒသမ ၇၀၇ သန်းတန်ဖိုးရှိတဲ့ ပန်းသီး၊ ပန်းသစ်တော်သီး၊ လိမ္မော်သီးနဲ့ စပျစ်သီးတန်ချိန် ၁၆၂၆၀ ကျော်၊ ကန်ပိုက်တီးစခန်းမှ ကန်ဒေါ်လာ ၂၁၂၃ တန်ဖိုးရှိ ပန်းသီး ၄ တန်ခွဲကိုလည်းတင်သွင်

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိမြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက ဒီဇင်ဘာလ အတွင်း ပို့ကုန်ကန်ဒေါ်လာ ၉ ဒသမ ၇၁၆ သန်း၊ သွင်းကုန်ကန်ဒေါ်လာ ၃ ဒသမ ၈၈၀ သန်းဆောင် ရွက်နိုင်ခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏကန်ဒေါ်လာ ၁၃ ဒသမ ၅၉၆ သန်းရရှိခဲ့ပါတယ်။ မြိတ်စခန်းအနေနဲ့ အနီးစပ်ဆုံးကာလထက် ပို့ကုန်ကန်ဒေါ်လာ  သုည ဒသမ ၆၄၀ သန်း ပိုမိုပြီးယမန်နှစ်ကာလတူထက်လည်း ကန်aဒါ်လာ သုည ဒသမ ၁၀၀ သန်းပိုမိုခဲ့ပါတယ်။  အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပို့ကုန်ပိုမိုရခြင်းမှာ ဒီဇင် ဘာလအတွင်း လယ်ယာထွက်ကုန်ဖြစ်သော ရော်ဘာ၊ သစ်တောထွက်ဖြစ်သော နီးဘန်း၊ ကဒွတ်၊ ကညင်၊ ရေထွက်ကုန်ဖြစ်သော ရေငန်ပုစွန်၊ ကင်းမွန်၊ ကဏန်း၊ ကဏန်းပျော့၊ ကဏန်း

admin_ygn

   ၂၀၁၄ ခုနှစ်ရဲ့ ဒီဇင်ဘာလနောက်ဆုံးပတ်ဖြစ်တဲ့ ၂၇ ရက်မှ ဇန်နဝါရီ  ၂ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်မှ  ကန်ဒေါ်လာ ၁၂ ဒသမ ၉၈၉ သန်းတန်ဖိုးရှိ   ဆန်တန်ချိန် ၃၅၀၆၆ တန်တင်ပို့ခဲ့ပါတယ်။ စခန်းများအလိုက်တင်ပို့ခဲ့တဲ့ ဆန်အမျိုးအစားနဲ့ပမာဏကိုကြည့်ပါက  မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က ငစိန်ဆန်  ၁၉၆၀၅ တန်၊ ဧည့်မထ  ၁၂၃၈၇ တန်ကျော်၊ လွယ်ဂျယ်စခန်းက ဧည့်မထိ ၂၈၂၃ တန်ကျော်၊ ချင်းရွှေဟော်စခန်းက ဧည့်မထ တန် ၂၅၀ အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်သီတင်း ပတ်ထက်  ၁၂၂၀ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင် ဘာ၂၀ ရက်မှ ၂၆ ရက် သီတင်းတစ်ပတ်အတွင်း ကန်ဒေါ်လာ ၆၈၈၀၀ တန်ဖိုးရှိ ပိုးချည်မျှင် ၁၇ တန်ခွဲ ကို တင်ပို့ခဲ့တယ်လို့  သိရပါတယ်။ ပိုးချည်မျှင်နဲ့အတူ ပုံမှန်တင်ပို့နေကျ ငွေချည် ၆ ချည်မျှင်ရှည်ဝါ  ၈၀၆ တန်ကိုလည်း ကန်ဒေါ်လာ   ၁ဒသမ ၇၇၃သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ်က ဝါဂွမ်း ၇၇၄ တန်သာ  တင်ပို့ခဲ့လို့  ယခုသီတင်းပတ်မှာ ၆၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ငွေချည် ၆ ဝါမှာ ဝါအထွက်နှုန်းကောင်းခြင်း၊ မြေသြဇာ တုံ့ပြန်မှုရှိခြင်း တို့ကြောင့် တောင်သူတွေအတွက် စီးပွားရေးတွက်ခြေကိုက်လျက်ရှိကြောင်း မ

admin_ygn

   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နယ်စပ်စခန်း များမှ ဒီဇင်ဘာ ၂၀ ရက်မှ ၂၆ ရက်အတွင်း  ကန်ဒေါ်လာ ၉ ဒသမ ၇၅၁ သန်း တန်ဖိုးရှိ ပြောင်း ဖူးစေ့ ၃၄၈၀၆ တန်ကိုတင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၃၀၀၁၅ တန်၊ ချင်းရွှေဟော်မှ ၄၂၉၆ တန်နဲ့ လွယ်ဂျယ်မှ ၄၉၅ တန်ဖြစ် ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး စခန်းစုံကနေ ပြောင်းဖူးစေ့ ၃၈၂၃၁ တန်ကျော် တင်ပို့ခဲ့တာမို့ ယခုရက်သတ္တပတ်မှာ ၃၄၂၅ တန်ခန့် တင်ပို့မှုတွေလျော့နည်းသွားခဲ့ပါတယ်။ ကန်ပိုက်တီးစခန်းက ဒီတစ်ပတ်မှာပြောင်းတင်ပို့မှုမရှိခဲ့ပါဘူး။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်ရ

admin_ygn

   ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ဒီဇင်ဘာလ ၁ ရက်နေ့မှ  ၂၆ ရက်နေ့ထိ ကာလအတွင်းမှာ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၆၀၆ သန်းဖိုးရှိ ရေထွက်ကုန်  ၆၂၉ တန်တင်ပို့နိုင်ခဲ့ပါ တယ်။ အနီးစပ်ဆုံး နိုဝင်ဘာလတစ်လုံး အတွင်းမှာတော့  ကန်ဒေါ်လာ သုည  ဒသမ ၅၄၄ သန်းဖိုးရှိရေထွက်ကုန်  ၃၇၃ တန်ခန့်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ဒီဇင်ဘာလ တတိယပတ်အထိမှာ ၂၅၆ တန်ကျော် ပိုမိုတင်ပို့ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။  ယခုလို ပိုမို ရခြင်းမှာ စစ်တွေစခန်းမှ ရေချိုငါးနဲ့ မောင်တောစခန်းမှ ငါးခြောက်မျိုးစုံ ပိုမိုတင်ပို့နိုင်ခဲ့တဲ့အတွက်ဖြစ်ပါတယ

admin_ygn

    ဒီဇင်ဘာလ ၂၄ ရက်နေ့က ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ပို့ကုန်ပစ္စည်းများကို Creditပြရန်မလိုဘဲတင်ပို့နိုင် လျှင် ကုန်သည်များအနေနဲ့ Turnover မြန်မြန်ဆန်ဆန်နဲ့ ပိုမိုတင်ပို့/တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ ကုန်သည်များအနေနဲ့  Credit အတွက် ရင်းနှီးမှုများ ပြုလုပ်နေရသေး၍   ပို့ကုန် Bank Certificate ဖြေလျော့ပေးရေးကိစ္စ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ကွမ်းလုံ-ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင် နယ်စပ်ကုန်သည်ကြီးများ အသင်းက ကုန်သည်များကိုယ်စားတင်ပြဆွေးနွေးခဲ့ပါတယ်။

admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှဒီဇင်ဘာလ ၂၀ ရက်မှ ၂၆ ရက်ထိ ကာလအတွင်းမှာ ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၀၈၈ သန်းဖိုးတင်ပို့ခဲ့သဖြင့် ယခုသီတင်းပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၂၈ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။

   ယခုသီတင်းပတ်မှာ ရေထွက်ကုန်ပစ္စည်း ၈၇ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၈၆ သန်းအများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ရေထွက်ကုန် ပစ္စည်းတွေကတော့ ငါးမြစ်ချင်း တန် ၆၀၊ ငါးခေါင်းပွ ၂၄တန်၊ ငါးသေတ္တာခြောက် ၂ တန်နဲ့ ငါးနီတူခြောက် ၁ တန်တင်ပို့ခဲ့ တာဖြစ်ပါတယ်။