admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက  ၂၀၁၄ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ  သုည ဒသမ ၁၂၅ သန်းတန်ဖိုးရှိ ရေဘဝဲ ၅၄ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၅ ရက်အတွင်းမှာလည်း ၁ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက  ၅ တန်ကျော်လျော့နည်း တင်ပို့ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

admin_ygn

   မန္တလေးတိုင်းဒေသကြီး ဆိပ်ကမ်း နယ်မြေမှ Mobile Team အဖွဲ့ဟာ ဂေါဝိန်ဆိပ်ခံဘောတံတားမှာ အခြေပြုပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် Mobile Team လုပ်ငန်း များကိုဆောင်ရွက်နေပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ ၁ရး၃၀ နာရီမှာ ဂေါဒန် (ရွှေကြက်ယက်) ဆိပ်ကမ်းအနီးမှာ ဆိုက်ကပ်ထားတဲ့ ကျောက်မီးသွေးတင်  xxxx  ရေယာဉ်အား ဝင်ရောက်စစ်ဆေးရာမှာ ရေယာဉ်ဝမ်း ဗိုက်အတွင်းမှာ သိုဝှက်သယ်ဆောင်လာတဲ့ တရားမဝင်သစ်မာခွဲသားမျိုးစုံကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

admin_ygn

   စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့ Mobile Team လရ-၁ အဖွဲ့သည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာတဲ့ Canter  ယာဉ်အမှတ် (9G/xxxx) ယာဉ်သည် လရ-၁ယာဉ်စစ်ဆေးရာနေရာသို့ဝင်ရောက်အစစ်ဆေးခံစဉ် ယာဉ်ပေါ်မှ ခန့်မှန်းတန်ဖိုးကျပ် ၇၆ သိန်းဖိုးရှိ လက်ကိုင်ဖုန်းအလုံး ၃၀ ကို စစ်ဆေးတွေ့ရှိသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ဆေးတွေ့ရှိတဲ့ ဖုန်းများရဲ့ တံဆိပ်များကတော့ DISKO၊ NOVA ( A 390) နဲ့ SOLOKIING (S 3310 ) Brand များဖြစ်ပြီး နောင်ချိုမြို့နယ် အကောက်ခွန်ဦးစီးဌာနတွင်အမှုတွဲဖွင့်လှစ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။

admin_ygn

   မန္တလေး-မူဆယ်လမ်းကြောင်းတစ်လျှောက်ရှိ Mobile Team လရ-၁ အဖွဲ့ သည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာတဲ့ UD ယာဉ်အမှတ် (4B/ xxxx) ယာဉ်အား စစ်ဆေးရာယာဉ်ပေါ်တွင် (610 ML x 12) ပါ DALI BEER ၁၉၄ ဖာ အကောက်ခွန်မဲ့စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံထုတ် စားသောက်ကုန်များဖြစ်တဲ့ ပင်လယ်စာ၊ဂျယ်လီကျောက်ကျော၊ ပဲမှုန့်အိတ်၊ ကြာညို့၊ ငရုတ်သီးကြော်၊ ကဏန်းမှုန့်၊ ဆီတို့ဟူးများကို Light Truck, Canter, Mitsubishi, ISUZU အမျိုးအစားယာဉ်ခြောက်စီးပေါ်မှ စစ်ဆေးတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ သိမ်းဆည်းရမိ တရုတ်နိုင်ငံထုတ် ဘီယာနဲ့ စားသောက်ကုန်များရဲ့ ခန့်မှန

admin_ygn

   နောင်ချိုမြို့ Asia World တိုးဂိတ်အနီး အခြေပြုတဲ့ Mobile Team လရ-၁ အဖွဲ့သည် စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိစဉ် ဒီဇင်ဘာလ ၄ ရက်တွင် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာတဲ့ ကင်တာယာဉ်အမှတ် IE/xxxx  နဲ့ 5F/xxxx ယာဉ် (၂) စီးပေါ်မှ (1x10 kg) နဲ့ (1x13 kg) ပါ တရုတ်ခရမ်းချဉ်သီးခြင်းများကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ပါတယ်။ အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့တွင်လည်း ကင်တာယာဉ်အမှတ် 6H/xxxx နဲ့ 1H/ xxxx  ယာဉ်နှစ် စီးပေါ်မှထပ်မံ၍ ခရမ်းချဉ်သီးခြင်း ၁၃၀ ကိုသိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ် လေးစီးပေါ်မှ သိမ်းဆည်းရမိ  တရုတ်နိုင်ငံထုတ် ခ

admin_ygn

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးစခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အေးရှားဝေါလ်တိုးဂိတ်အနီးရှောင်ကွင်းလမ်းမှာ တရားမဝင် စုပုံထားတဲ့ စောင်ထုပ်၊ Digital Printer ink၊ စတစ်ကာစက္ကူ၊ လက်အိတ်၊ ခြေအိတ်၊ အင်္ကျီ၊မစီးဖိနပ်၊ ကလေးစီးဖိနပ်၊ အနွေးဖိနပ်၊ ဘေးလွယ်အိတ်၊ ကျောပိုးအိတ်၊ ဂျင်းဘောင်း ဘီထုပ်၊ LED မီးလုံး၊ မီးစလောင်း၊ လျှပ်စစ်ရေနွေးအိုးနဲ့ Electric Heater များကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ အလားတူ ဒီဇင် ဘာလ ၂ ရက်နေ့တွင်လည်း အဆိုပါရှောင်ကွင်းလမ်းပေါ်တွင် နာရီထည့်ဘူးခွံနဲ့ ဒူးစွပ်တို့အား ပိုင်ရှင်မဲ့ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ အဆိုပါပိုင်ရှ

admin_ygn

   တာချီလိတ် နယ်စပ်ကုန်သွယ်ရေး Mobile Team အဖွဲ့က နိုဝင်ဘာလ ၂၈ ရက်  ၁၀ း ၀၀ နာရီတွင်  လွယ်တော်ခမ်းစစ်ဆေးရေးဂိတ်သို့ ဝင်ရောက်လာသော (၄ဂ/x x x x) Tiger ယာဉ်ပေါ်မှ Leo Beer ၁၅ ဖာ ခန့်မှန်းတန်ဖိုး ကျပ် ၁ သိန်းကျော်ကိုလည်းကောင်း၊ ဒီဇင် ဘာ ၁ ရက်နေ  ၀၈ း ၀၀ နာရီ တာလေ-ကျိုင်းလပ်ရှောင်ကွင်းလမ်းသို့  ရှောင် တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ ဖိနပ်၊ ဦးထုပ်၊ မဝတ်အင်္ကျီ၊ မဝတ်လုံခြည်၊ မစီးဖိနပ်၊ ကလေးစီးဖိနပ် ခန့်မှန်းတန်ဖိုး ကျပ်  ၄၁ သိန်းကျော်နှင့်  ဒီဇင်ဘာလ ၁ ရက်နေ့ ၀၉ း၀၀ နာရီမှ ၁၈း၀၀ နာရီ ထိ စစ်ဆေးခဲ့ရာ တာချီလိတ်-ကျိုင်းတုံ ခရီးသည်တင်ယာဉ်များပေါ်မှာ ပိတ်လိပ်၊ Coffee Plus၊

admin_ygn

  ရှောင်ကွင်းလမ်းများတွင် တရားမဝင်ကုန်ပစ္စည်းများသယ်ယူနေမှုနဲ့ပတ်သက်ပြီး မြေပြင်သတင်းများအရ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် Mobile Team ထုတ်နုတ်အင်အား  အဖွဲ့သည် ဒီဇင်ဘာလ ၁ ရက်နေ့ ၁၃း၀၀ ချိန်တွင် ပွိုင့် (၄၅၆၁)   တောင်ကြောဘက်မှ မူဆယ်စက်မှုဇုန်သို့ဝင်ရောက်သည့်လမ်းကြောင်းအတိုင်း မောင်းနှင်လာသည့် 8C/xxxx Super Custom ယာဉ်ပေါ်မှ ခန့်မှန်းတန်ဖိုးကျပ်သိန်း ၁၂၀ ဖိုးခန့်ရှိ တမလန်း သစ်ဟုယူဆရ တဲ့ သစ်တုံး ၂၃ တုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အလားတူ ဒီဇင်ဘာလ ၂ ရက် ၁၅း၀၀ နာရီ   တွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နမ့်ပေါ်တံတားအနီးတွင် 8D/xxxx Canter

admin_ygn

   နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တာချီလိတ်၊ မိုင်းခုတ်၊ မိုင်းဖြတ်လမ်းတွင် တရားမဝင်ကုန်ပစ္စည်းများအား ညအချိန်တွင် ဖြတ်သန်းသယ်ဆောင်နေကြောင်း သတင်းရရှိသဖြင့် အဖွဲ့ခွဲ၍စောင့်ကြည့်နေစဉ် ၀၀း၀၅ နာရီ်တွင် ယာဉ်အမှတ်  5G/xxxx SKAT အမျိုးအစား အဖြူရောင် Tipper ယာဉ်တစ်စီးမောင်းနှင်သွားသဖြင့် Mobile Team အဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ဝှေ့ပါလန်းရွာနှင့် ကျောက်လိုဏ်ဂူခြားလမ်းပေါ်တွင် တရားမဝင်သယ်ဆောင်လာသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းခြောက်မျိုး ခန့်မှန်းတန်ဖိုးကျပ် ၆ ဒသမ ၉၇၅ သန်းအား ဖမ်းဆီးရမိပြီး တာလေတိုးဂိတ်တွင်လည်း ၁၀း၀၀ ချိန်မှ ၁၆း၀၀ နာရီအတွင်း Mobile Team အဖွဲ့က တာချီလိတ်မှ ကျိုင်းတုံသို့ ဖ

admin_ygn

   မူဆယ် (၁၀၅) မိုင်စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက် စဉ် အေးရှားဝေါလ်တိုးဂိတ်အနီးတွင် ဂျူတီ ၁၂ ဘီးယာဉ်အမှတ် (၉င/xxxx)  ယာဉ်ပေါ်မှ ID ထက် ပိုမိုတင်ဆောင်လာတဲ့  ပျဉ်းကတိုးအထပ်သားပြား ၄၅၀ချပ်ကို သိမ်းဆည်း ရမိသဖြင့် အကောက် ခွန်အမှုတွဲဖွင့်လှစ်ကာ လုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်။