မန္တလေး-မူဆယ်ကုန်သွယ်မှုလမ်းကြောင်းတွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးနှင့်စားသုံးသူအကာအကွယ်ပေးရေး တာဝန်ယူထမ်းဆောင်လျက်ရှိသော နောင်ချို ယာယီ အခြေပြု လရ-၁ အဖွဲ့သို့ နိုဝင်ဘာလ ၂၅ ရက်နေ့မွန်းလွဲ ၁၄း၃၀ ချိန်ခန့်က ဝင်ရောက်စစ်ဆေးခံတဲ့ မူဆယ်မှဆင်းလာသော Light Truck ယာဉ်ပေါ်မှ ကျပ် ၂၁ သိန်းကျော် တန်ဖိုးရှိ မုန်ညှင်းချဉ် (၁ x၂၀၀ ဂရမ် x ၅၀ ထုတ်) ၁၄၃ ဖာ၊ ကျပ် ၃ ဒသမ ၈၀၀သိန်းတန်ဖိုးရှိ မာလာခေါက်ဆွဲခြောက် ၃၈ ဖာနဲ့ ကျပ် ၁ ဒသမ ၇၁၆ သိန်းတန်ဖိုးရှိ တရုတ် ကြက်သွန်ဖြူ (၁ x ၂၀ ကီလိုဂရမ်) ၂၂ အိတ်ကို စစ်ဆေးတွေ့ရှိခဲ့ရာမှာ FDA ၏ ထောက်ခံချက်၊ သွင်းကုန်လိုင်စင်၊ အကောက်ခွန်ဆောင်ပြီး စာရွက်စာတမ်းတစ်စုံ
နိုဝင်ဘာလ ၁၅ ရက်မှ ၂၂ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၆၅၄၄ တန်ဖိုးရှိ လက်ဖက်ခြောက် ၁၆ တန်ကို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှတစ်ဆင့် တရုတ်ပြည်ကို လည်းကောင်း၊ ကန်ဒေါ်လာ ၂၀၂၄၄ တန်ဖိုးရှိ လက်ဖက် ခြောက် ၆၁ တန်ကို မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်မှတစ်ဆင့်ထိုင်းနိုင်ငံကိုလည်းကောင်းအသီးသီးတင်ပို့နိုင်ခဲ့ပါ တယ်။
မြန်မာနိုင်ငံတွင်လက်ဖက်ကို ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကိုတင်ပို့ရောင်းချကြတယ်လို့သိရပါတယ်။
မော်မော်အောင် MIRT (DCCA)
မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက ဧပြီလမှ နိုဝင်ဘာလ ၂၁ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၆၃ သန်းတန်ဖိုးရှိ ရေဘဝဲ ၃၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခု နိုဝင်ဘာလ ၂၁ ရက် အတွင်းမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ချိန် ၁ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် အတွင်း မှာတော့ရေဘဝဲအပြင်အများဆုံးတင်ပို့နိုင်သော ရေထွက်ကုန်များမှာငါးမျိုးစုံ၊ကင်းမွန်၊ကဏန်း၊ပုစွန်နဲ့ပင်လယ်ငါးရှဉ့်တို့ဖြစ်ပါတယ်။ &nbs
ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်း တရားမဝင်ကုန်သွယ်မှု တား ဆီးထိန်းချုပ်ရေးအဖွဲ့မှ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်၊ ၂၅ ရက် နေ့နဲ့ နိုဝင်ဘာလ ၄ ရက်များနေ့က ကာစွယ်ကျေးရွာအနီးလမ်းဘေးမှသိမ်းဆည်းရမိသော FDA ထောက်ခံချက်မပါသော တစ်ဖက်နိုင်ငံလုပ် ခေါက်ဆွဲခြောက်များ၊ နောင်ကန်ကျေးရွာအနီးလမ်းဘေးမှဖမ်းဆီးရမိ ခဲ့သော စားသောက်ကုန်ပစ္စည်းများ၊ စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ်သိန်း ၁၂၅ ဒသမ ၃၈၀ အား နိုဝင်ဘာလ ၂၆ ရက်နေ့ ၁၆ း ၀၀ ချိန်မှာ Mobile Team အဖွဲ့စုံ ရှေ့မှောက်မှာ မီးရှို့ ဖျက်ဆီးပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။
တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုရဲ့စီမံကြီးကြပ်မှုဖြင့် တရားမဝင်ကုန်သွယ်မှုတားဆီးရေးဆောင်ရွက်နေသော Mobile Team အဖွဲ့များက ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် စက် တင်ဘာလ ၃၀ ရက်ထိ ၁၁ လတာကာလအတွင်း ကျောက်စိမ်းဟုယူဆရသော ကျောက်နဲ့ ကျောက်မျက်ပစ္စည်းများ၊ ကွာဇိုက်၊ ပလွမ်စတဲ့ အခြား တွင်းထွက်ပစ္စည်းများမှာ ၃၇၄၀၀ ကီလို၊ တန်ဖိုးအားဖြင့် ကျပ်သန်း ၃၅၃၇ ဒသမ ၄၁၈ ဖိုးသိမ်းဆည်းရမိတယ်လို့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီမှ သတင်းရရှိပါတယ်။ စခန်းအလိုက်ဖမ်းဆီးရမိမှုများကတော့ လရ-၁ နောင်ချိုမှ ၁၆၃၃၅ ကီလို၊ မူဆယ်မှ ၂၀၈၈၁ ကီလိုနဲ့ တာချီလိတ်မှ ၁၈၄ ကီလို အသီးသီးဖြစ
တစ်ဦးတည်းပိုင်ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကတ် (Individual Trading Card -ITC ) နဲ့ ကုန်သွယ်မှုဆောင်ရွက်ခြင်းအား ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှစပြီး တမူူးနယ်စပ်၊ မူဆယ်နှင့် မြဝတီကူးသန်းရောင်းဝယ်ရေးဇုန်များမှာ ဒီဇင်ဘာ ၁ ရက်၊ တာချီလိတ်ကူးသန်းရောင်းဝယ်ရေးစခန်းတွင် ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလ ၁၀ ရက်၊ လွယ်ဂျယ်ကူးသန်းရောင်းဝယ်ရေးစခန်းတွင်မတ်လ ၁ ရက်၊ စစ်တွေနဲ့မောင်တော ကူးသန်းရောင်းဝယ်ရေးစခန်းများတွင် ဧပြီလ ၁ ရက်နေ့တို့မှာ ITC နဲ့စတင် လုပ်ငန်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ကစတင်ပြီးချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ရိဒ်၊ မြိတ်၊ ကော့သောင်းနဲ့ ထန်တလန် ကူးသန်းရောင်းဝယ်ရေးစခ
ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးသည် ကုန်သည်လုပ်ငန်းရှင်များအတွက် ကျင်းပပေးတာ ဖြစ်တဲ့အတွက် ကုန်သည်များစုံစုံလင်လင်တက်ရောက်စေလိုပါကြောင်း၊ မိမိအနေနဲ့ကုန်သည်တစ်ဦးဖြစ်တဲ့အပြင် ကုန်သည်အသင်းဥက္ကဋ္ဌ တာဝန်ကိုယူထားတဲ့အတွက် ကုန်သည်များကြုံတွေ့ရတဲ့အခက်အခဲများအား တာဝန်ခံတင်ပြပေးနေပါကြောင်း၊ အခက်အခဲကိုတင်ပြရမယ့်အပိုင်းဟာ ကိုယ့်တာဝန်ဖြစ်တဲ့အတွက် မိမိအမြဲတင်ပြခဲ့ပါကြောင်း တင်ပြသမျှလည်း ရခဲ့တာတွေများပါကြောင်း၊ နိုင်ငံတော်ဘက်မှဖြေလျော့မှုများပြုလုပ်ပေးနေသော်လည်း မိမိတို့ ကုန်သည်များအနေနဲ့လုပ်ငန်းများလက်တွေ့လုပ်ကိုင်ရာမှ ထပ်မံကြုံတွေ့နေရသေးတဲ့အခက်အခဲတစ်ခု တင်ပြလိုပါကြောင်း၊ လိုင်စင်လျှောက်ထားရန်တန်ဖိုးအရမ်းန
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ်မတ်လအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၁၀၃ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ (အခွံမပါ) ၁၄၅ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလနဲ့နှိုင်းယှဉ်ပါက ၁၀၅ တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မတ်လထိ ကန် ဒေါ်လာ ၂ ဒသမ ၂၀၄ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ (အခွံမပါ) တန် ၂၉၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဖက်မှ သီဟိုဠ်စေ့များကို တစ်ဖက် နိုင်ငံတွင်မုန့်လုပ်ငန်းများနဲ့ စားသောက်ဆိုင်များတွင် အသုံးပြုတယ်လို့ သိရပါတယ်။
ခင်မြနွယ်
ယခင်ကနယ်စပ်စခန်းများ၌ ကုမ္ပဏီအသစ်များမှ ပို့ကုန်သွင်းကုန် လုပ်ငန်းများစတင် ဆောင်ရွက်နိုင်ရန် ကုမ္ပဏီ Letter Head ပါမူရင်း လျှောက်လွှာ၊ ကုမ္ပဏီ Letter Head ပါကုမ္ပဏီမှတ်ပုံတင်အမည်ပျက် စာရင်းတွင်မပါရှိကြောင်းကတိဝန်ခံချက်၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် မူရင်း/မိတ္တူ၊ ထုတ်ကုန် သွင်းကုန် မှတ်ပုံတင်လက်မှတ်မူရင်း/မိတ္တူ၊ နယ်စပ်ကုန်သည်များအသင်းဝင် လက်မှတ် မူရင်း/မိတ္တူ၊ Form VI, XXVI မူရင်း/မိတ္တူ များအားမူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီးကြောင်း သက်ဆိုင်ရာ နယ်စပ်စခန်းမှ တာဝန်ရှိသူက လက်မှတ်ရေးထိုးပြီး ရုံးချုပ်သို့ တင်ပြခဲ့ရပါတယ်။ ရုံးချုပ်ရဲ့ ခွင့်ပြုချက်ရရှိတဲ့ အခါကျမှ သက်ဆိုင်ရာနယ်စပ်မှ ပို့ကုန်သွင်
စစ်တောင်းတံတားဟောင်း၊ တံတားသစ်လမ်းဆုံအနီးယာယီ အခြေပြု၍ မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းတွင်စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ဟာ ဧပြီလ ၂၃ ရက်နေ့က ၃င/xxxx ၂၂ ဘီး ယာဉ်အား စစ်ဆေးမှုပြုခဲ့ပါတယ်။ xxxx ထရေးဒင်းကုမ္ပဏီ Refired Palmolein (ဟင်းချက်ဆီ Cooking Oil )ကီလိုဂရမ် ၁၀၀၀၀၀ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၀၁၅၀၀ လိုင်စင်လျှောက်ထားခဲ့ပြီး ယခုယာဉ်ပေါ်မှာ ၂၈၄၀၀ ကီလိုဂရမ်အား ကျသင့်အခွန်ပေး သယ်ဆောင်လာတာ ဖြစ်ပါ တယ်။ လိုင်စင်၊ ID ၊ ကုန်ကြေညာလွှာပါ ပစ္စည်းများနဲ့ ယာဉ်ပေါ်ပါ ပစ္စည်းများအားတိုက်ဆိုင်စစ်ဆေးရာ ၁၈ လီတာပါ ဆီပုံး ၁၇၅၃ တင်ဆောင်ရမှာဖြစ်သော်လည်း တံ