admin_ygn

    ဒီဇင်ဘာလ ၂၁ ရက်နေ့ ၁၈း၂၀ နာရီတွင် မော်လမြိုင်-ရန်ကုန်အမှတ် (၉၀) အစုန်အမြန်ရထားပေါ်မှာ ကန့်သတ်ကုန် ဘီယာ၊ ကွမ်းစားဆေးနဲ့ အကောက်ခွန်မဲ့လုပ်ငန်းသုံးနဲ့ အိမ်သုံးပစ္စည်းများတင်ဆောင်လာကြောင်းသတင်းရရှိသဖြင့် ရန်ကုန်ဘူတာကြီးသို့ ရထားဆိုက်ရောက်စဉ် Mobile Team အဖွဲ့မှရှာဖွေရာ တရားမဝင်ကန့်သတ်ကုန်များ ကို တွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ လ ၂၉ ရက်နေ့ထုတ် Commerce Journal အတွဲ ၁၄၊ အမှတ် ၅၀ တွင် ဖော်ပြခဲ့ ပြီးဖြစ်ပါတယ်။

admin_ygn

   တမူးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ဒီဇင်ဘာလအတွက် ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကို တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအစည်းအဝေးခန်းမတွင်  ဒီဇင်ဘာလ ၃၀ ရက်ကကျင်းပခဲ့ပါတယ်။ အစည်းအဝေးကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ OSS ဌာနတာဝန်ခံများ၊ FDA ရုံးခွဲ၊ အပင်နှင့် ပိုးမွှားကာကွယ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကလေး-တမူး-ကလေးဝနယ်စပ်ကုန်သွယ်ရေးကုန်သည်အသင်းဥက္ကဋ္ဌနဲ့အလုပ်အမှုဆောင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊  ITC လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေးမော်တော် ယာဉ်လိုင်းဂိတ်တာဝန်ခံများ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်။

admin_ygn

  မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံ များသို့ အများဆုံးတင်ပို့တဲ့ သစ်သီးဝလံများမှာ ဖရဲ၊ သခွား၊ သရက်နဲ့ အခြား သစ်သီးဝလံများဖြစ်ပြီး မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှတစ်ဆင့် ဒီဇင်ဘာလ ၂၀ ရက် မှ ၂၆ ရက်အတွင်း ကန်ဒေါ်လာ ၃၉၀၃၁ တန်ဖိုးရှိ ဆီးသီး ၂၈၆ တန်ခွဲ၊ ကန် ဒေါ်လာ ၃ ဒသမ ၉၈၁ သန်း တန်ဖိုးရှိ ဖရဲသီး ၃၁၃၅၀ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၉၈၃ သန်းတန်ဖိုးရှိ သခွားမွှေး ၄၈၂၀ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမှ ကန် ဒေါ်လာ သုည ဒသမ ၀၀၆ သန်းတန်ဖိုးရှိ ဖရဲသီး ၄၆ တန်ကိုလည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က မူဆယ်မှ ဆီးသီးတင်ပို့မှုမရှိခဲ့ဘဲ ဖရဲသီးနဲ့ သခွားမွ

admin_ygn

တာချီလိတ် Mobile Team  ကဖမ်းဆီးရမိခဲ့တဲ့ပစ္စည်းများအနက် မီးဘေးအန္တရာယ်ရှိတဲ့  Gas Lighter ၁၉၁ ဖာကို ဒီဇင် ဘာလ ၃၁ ရက်နေ့က လေလံတင်ထုခွဲရောင်းချခဲ့ရာ ကျပ် သိန်း တစ်ရာ့နှစ်ဆယ်ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ လေလံထုခွဲရာမှာ ငါးဦးက လေလံဆွဲခဲ့ကြပြီး လေလံအောင်သူ၏ရောင်းချရငွေများကို လုပ်ထုံးလုပ်နည်းများနဲ့အညီ သတ် မှတ်ငွေစာရင်းသို့ပေးသွင်းခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ ဒီဇင်ဘာလ ၃၁ ရက် ၁၃း၀၀ချိန်မှာ ပြည်သူလူထုစားသုံးရန်မသင့်တဲ့ FDAထောက်ခံချက်မပါရှိတဲ့ခေါက်ဆွဲခြောက်၊ ေ၀ ဖာ၊ ငါးသေတ္တာ၊ ပဲနို့ရည်၊ ခနောကြက်သားမှုန့်၊ Zhulian အမှတ်တံဆိပ်ပါကော်ဖီမစ် ခန့်မှန်းတန်ဖိုးကျပ် ၆ ဒသမ ၈၂၂ သိန်းအား အဖွဲ့စုံနဲ့ မ

admin_ygn

   နယ်စပ်ကုန်သွယ်ရေးစခန်း (ကျိုင်းတုံ)၏ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး Mobile Team အဖွဲ့သည် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေးအတွက် မိုင်းလား-ကျိုင်းတုံကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ ရှောင်ကွင်းလမ်းများအား ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေး မှူး ဦးစိုးဝင်းမောင်ဦးဆောင်လျက် နေ့စဉ် ကြည့်ရှုစစ်ဆေးလျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက် ညနေ ၁၇ း ၄၀ နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ဖကန်ကျေးရွာ အနီးရှိ ရှောင်ကွင်းလမ်း၏ လမ်းဘေးတွင်  စုပုံ၍ ပလတ်စတစ်ဖြင့် ဖုံးအုပ်ထားရှိသော တရုတ်နိုင်ငံထုတ်ဘီယာ Jin Shun Hong Yan Beer

admin_ygn

  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း ကန် ဒေါ်လာ ၅ ဒသမ ၇၁၃ သန်းတန်ဖိုးရှိ ဖရဲသီး ၄၃၄၂၆ တန်ခွဲနဲ့ ကန် ကန်ဒေါ်လာ ၂ ဒသမ ၄၅၆ သန်း တန်ဖိုးရှိ သခွှားမွှေး ၁၂၀၃၉ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။ လွယ်ဂျယ် စခန်းကတော့ ကန်ဒေါ်လာ သုည ဒသမ ၀၃၅ သန်းဖိုးရှိ ဖရဲသီးတန် ၂၇၀ ကိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ဖရဲ၊ သခွားအပြင် မူဆယ်မှ တစ်ဆင့် တရုတ်ပြည်ကို ကန်ဒေါ်လာ ၁၄၅၅ တန်ဖိုးရှိ အုန်းသီး ၉ တန်ခွဲနှင့် ကန်ဒေါ် လာ ၄၀၈ တန်ဖိုးရှိ ဆီးသီး  ၃ တန် ကိုလည်းတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းက ဒီဇင်ဘာလ ၁၉ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းတန်ဖိုးရှိ ပင်လယ်ငါးရှဉ့် ၁၀ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခုသီတင်းပတ်တွင်းမှာလည်း တန်ချိန် ၃ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်းဖိုးတင်ပို့ နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ် ထက် ၁ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့သိရှိရပါတယ်။

ခင်မြနွယ် MIRT (DCCA)

 

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများက ဒီဇင်ဘာ ၂၀ ရက်မှ ၂၆ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁၂ ဒသမ ၅၂၇ သန်းတန်ဖိုးရှိ ဆန် ၃၃၈၄၆ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်သီတင်းပတ် က ၃၁၃၀၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုသီတင်းပတ်မှာ တန်ချိန် ၂၅၄၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုများမှာ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်မှ ငစိန်ဆန် ၁၈၀၀၀ တန်နဲ့ ဧည့်မထဆန် ၁၂၈၁၆ တန်၊ လွယ်ဂျယ်စခန်းမှ ဧည့်မထဆန် တန် ၂၅၀၀နဲ့ ချင်းရွှေဟော် စခန်းမှ တန် ၅၃၀ ဖြစ်ပါတယ်။

admin_ygn

   ရန်ကုန်တိုင်းဒေသကြီး ပြည် တွင်းပြည်ပဆိပ်ကမ်း ၁၂ ခုတွင် တစ်ခု အပါအဝင်ဖြစ်တဲ့ ပြည်တွင်းကမ်းရိုးတန်းသွား ဝါးတန်းဆိပ်ကမ်းတောက လူးအနီး ပင်လယ်ပြင်တွင် တာဝန်ထမ်းဆောင်နေတဲ့ ရေကြောင်း OSS အဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက မြိတ်မှ ရန်ကုန် သို့ထွက်ခွာလာတဲ့ ရန်မျိုးအောင် ရေယာဉ်ပေါ်တွင် စားသောက်ကုန်များနဲ့ အတူ အထောက်အထားမဲ့ ကြိမ်များတင်ဆောင်လာကြောင်း သက်ဆိုင်ရာ သစ်တောဦးစီးဌာနဲ့ Mobile Team  အဖွဲ့ထံသို့ ဆက်သွယ်သတင်းပေးပို့မှု အရ ဒီဇင်ဘာလ ၂ ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့ နယ်၊ ဝါးတန်းအမှတ် (၄) ဆိပ်ကမ်းတွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်အဆင့် သစ်တောမှတာဝန်ရှိ

admin_ygn

   တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့တာဝန်ပေးအပ်ချက်အရ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရန် Mobile Team များ ဖွဲ့စည်းလုပ်ဆောင်လျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း မူဆယ်(၁၀၅)မိုင်ထုတ်နုတ်အင်အား၊ နောင်ချိုနဲ့ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ညောင်ခါးရှည်တို့မှ Mobile Team အဖွဲ့များက သစ်တောထွက်ကုန်၊ အေးခဲအသား၊ ပင်လယ်စာ၊ ကြက်သွန်ဖြူ၊ စားသောက်ကုန်၊ Handset၊  ဘီယာ၊ သတ္တုမှုန့်ဟုယူဆရသော အမှုန့်၊ အခြား ပစ္စည်းများနဲ့သယ်ဆောင်လာသော ယာဉ်များ ၁၁ စီးအပါအဝင် ခန့်မှန်းတန်ဖိုးစုစုပေါင်းကျပ်သိန်း ၆၂၇၀ ဒသမ ၅၄၄ ဖိုးကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတ