မူဆယ်မှရွှေဖရုံသီးပါ တင်ပို့

   ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှ ၁၆ ရက်အတွင်း ကန်ဒေါ်လာ ၅၅၀၇ တန်ဖိုးရှိတဲ့ ရွှေဖရုံသီး ၅၇ တန်ကို မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တရုတ်ပြည်ကို တင်ပို့ခဲ့ပါတယ်။ ရွှေဖရုံသီးအပြင် ပုံမှန်တင်ပို့နေကျ ဖရဲသီး ၃၂၅၂၃ တန်၊ သခွားမွှေး ၂၅၂၀ တန်၊ ဆီးသီး ၈၆၃ တန်ခွဲ တို့ကိုလည်း ကန်ဒေါ်လာ ၄ ဒသမ ၇၆၂ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခုရက်သတ္တပတ်မှာလည်း မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးကလည်း ကန်ဒေါ်လာ ၃၆၅၀၉ တန်ဖိုးရှိ လိမ္မော်သီး ၁၉၈ တန်တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တာချီလိတ်က လိမ္မော်သီး ၁၃၂ တန် သာတင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ လိမ္မော်သီးတင်ပို့မှုလည်း ပိုမိုလာတာတွေ့ရပါတယ်။

မော်မော်အောင် MIRT (DCCA)