ကျောက်စိမ်းနှင့်သတ္တုတွင်းထွက်ပစ္စည်းများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှဒီဇင်ဘာလအထိ Mobile Team အဖွဲ့များမှ ကျပ်သန်း ၃၄၀၀ ကျော်ဖိုးသိမ်းဆည်း

  ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိကျောက်စိမ်းနဲ့ သတ္တုတွင်းထွက်ပစ္စည်းများကို ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၃၄၀၀ ကျော်ကို Mobile Team အဖွဲ့များမှ သိမ်းဆည်းနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အမှုတွဲများကတော့ ကျောက်စိမ်း ၇၁ မှု အင်ကြင်းကျောက် ၅ မှု၊ သလင်းကျောက် ၈ မှု၊ စကျင်ကျောက် ၇ မှု၊ သတ္တုကျောက်မှုန့် ၁၉ မှု၊ စုစုပေါင်းအမှုတွဲ ၁၁၀ ခန့်ရှိတယ်လို့သိရပါတယ်။ ယခင် ဌာနဆိုင်ရာများပူူးပေါင်းအဖွဲ့ (one stop services) ဦးဆောင်သည့် ၂၀၁၄-၂၀၁၅ မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ထိ ဖမ်းဆီး ရမိကျောက်စိမ်းနဲ့ တွင်းထွက် ပစ္စည်းများကို အမှုတွဲ ၃၂၂ မှုနဲ့ ခန့်မှန်းတန်ဖိုး ကျပ်သန်း သုည ဒသမ ၀၆၈ ဖြစ်တယ်လို့သတင်းရရှိပါတယ်။

DCCA