လျာထားချက်ပြည့်မီကျော်လွန်တဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း

   မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလမှာ ပို့ကုန်ကန်ဒေါ်လာ ၃၃ ဒသမ ၄၂၆ သန်း၊ သွင်းကုန် ၆ ဒသမ ၁၉၄ သန်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် လျာထားချက်အပေါ် ၁၀၈ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

   အနီးစပ်ဆုံးကာလနဲ့နှိုင်းယှဉ်ပါက ပို့ကုန်မှာ ကန်ဒေါ်လာ ၂ ဒသမ ၆၈၉ သန်းပိုမိုခဲ့ပြီး သွင်းကုန်မှာ ကန်ဒေါ်လာ သုည ဒသမ ၂၈၉ သန်း လျော့နည်းခဲ့သော်လည်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂ ဒသမ ၄၀၀ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန်ပိုင်းပိုမိုရခြင်းမှာ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ မြေပဲဆံ၊ ရော် ဘာ၊ ပြောင်းဖူးစေ့၊ ကြိမ်နဲ့ ဆံပင်တို့ပိုမိုတင်ပို့ခဲ့ခြင်း ဖြစ်ပြီး သွင်းကုန်ပိုင်းမှာတော့ သွပ်နန်းကြိုးခွေ၊ ဓာတ်မြေသြဇာ၊ ဂျုံစေ့၊ ဆပ်ပြာမှုန့်၊ အမိုးရိုက်သံတို့လျော့ နည်းတင်သွင်းခဲ့တဲ့အတွက်ဖြစ်ပါတယ်။

   ဒီဇင်ဘာလအတွင်း ချင်းရွှေဟော်နယ်စပ်မှ ITC နဲ့ဆံပင်တင်ပို့မှုရှိပြီး ဆပ်ပြာမှုန့်တင်သွင်းမှုရှိခဲ့ပါတယ်။

   ဒီဇင်ဘာလအတွင်းအများဆုံးတင်ပို့သော ပို့ကုန်များမှာ လယ်ယာထွက်ကုန်အုပ်စုမှာ ဆန် (ဧည့်မထ)၊  ဆန်ကွဲ၊ နှမ်းရောင်စုံ၊ ပဲယင်း၊ နှံစားပြောင်း၊ မြေပဲ ဆံ၊ ရော်ဘာ အဆင့်စုံ (RSS, MSR) ၊ ပဲလွန်းဖြူ ၊ ပြောင်းဖူးစေ့၊ ငရုတ်သီးခြောက်၊ ရေထွက်ကုန်တွင် ငါးရှဉ့် (အရှင်)၊ သစ်တောထွက်ကုန်တွင် ကြိမ်၊ အခြား တွင် ဆံပင်တ့ို ဖြစ်ကြပါတယ်။ အများဆုံးသွင်းကုန်များမှာ  Zinc Coated Iron Wire Coil၊ အချိုမှုန့်၊ MIX  LPG၊ အိမ်ရိုက်သံ (6" နဲ့ အောက်)၊ ပဲပုပ်စေ့ဆီ၊ Welding rod၊ ဆပ်ပြာမှုန့် ၊ Plastic Shee၊ ဓာတ်မြေသြဇာ၊ အမိုးရိုက်သံ၊ ဘိလပ်မြေ စသည်တို့ဖြစ်ကြပါတယ်။

MIRT (DCCA)