မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်အဝယ်လျော့ပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိ

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ဈေးကွက်သို့အဝင် ပုံမှန်ရှိပေမယ့် တရုတ်အဆွဲကအရင်ထက်စာရင် နည်းသွားတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဈေးတက်ချိန်မှာ ဝယ်ယူသိုလှောင်ထားတဲ့ တရုတ်ကုန်သည်တွေက သူတို့ဘက်မှာ လှောင်ထားတဲ့ပစ္စည်းတွေ ထုတ်ရောင်းမှုတွေရှိလို့ မူဆယ်ဈေးကွက်မှ ပြောင်းကို အဝယ်နည်းနေ တာဖြစ်တယ်လို့ ပြောင်းကုန်သည် တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ပတ်အတွင်း မက်တန် ၇၅၀၀ ခန့်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။