DotBorderdep

          ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြု ပေးလျက်ရှိသည်။ (၇-၃-၂၀၂၃)ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၃၀) စောင် (၁.၉၆၈) ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီးတို့ကိုခွင့်ပြုထုတ်ပေးခဲ့ပြီး၂၀၂၃ ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ (၇)ရက်နေ့ထိ သွင်းကုန် လိုင်စင် (၁၅၁)စောင်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ (၇-၃-၂၀၂၃)ရက်နေ့တွင် အများဆုံး ပို့ကုန်ပစ္စည်းများ

mocadmin

   မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၅-၃-၂၀၂၃) ရက်နေ့မှ (၆-၃-၂၀၂၃)ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင် ပို့မှုရှိသည်။

mocadmin

   ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်း များမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်းတို့ဖြစ်သည်။

DotBorderdep

    အိမ်နီးချင်းနိုင်ငံဖြစ်သည့်  ဘင်္ဂလားဒေ့ရှ့်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ဒေသမှတဆင့် ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်ရှိစစ်တွေွကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့မှတဆင့် တဖက်နိုင်ငံတက္ကနဗ်မြို့သို့ ကုန်စည်များတင်ပို့၊ တင်သွင်းလျက်ရှိသည်။ 

DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၂၈-၂-၂၀၂၃)ရက်နေ့မှ(၄-၃-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

DotBorderdep

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုတစ်ပတ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ မတ်လ(၃)ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၁၀.၁၈၅)ဒေါ်လာသန်း၊ သွင်းကုန်(၆.၉၉၆) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၇.၁၈၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် (၂၁၅၈)စီး၊ သွင်းကုန် (၅၈၂)စီး ဆောင်ရွက်နိုင်ခဲ့သည်။

mocadmin

   အိမ်နီးချင်းနိုင်ငံဖြစ်သည့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ဒေသမှတစ်ဆင့် ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန် သွယ်ရေးစခန်းတို့မှတစ်ဆင့် တစ်ဖက်နိုင်ငံ၊ တက္ကနဗ်မြို့သို့ ကုန်စည်များတင်ပို့၊ တင်သွင်းလျက်ရှိသည်။ 

mocadmin

   မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် (၅-၃-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၈၄၃)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၄၈၈)သန်း၊ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ (၃.၃၃၁) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

   အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ပဲတီစိမ်း (၉၀၆.၇၅၂) တန်၊ ကြက်သွန်နီ (၅၃၈.၅) တန်၊‌ သခွားမွှေး (၆၂၂) တန်၊ ပဲကြီး (၁၀၃.၅) တန်၊ စွန်တာနီ (၁၃၇.၅) တန်၊ ငါးရှဉ့် (၂၆.၉၆) တန်၊ မြေထောက်ပဲ (၇၀) တန်၊ ဝါဂွမ်း (၅၁.၁) တန်၊ ဖရဲသီး (၈၁၉.၂) တန်နှင့် အလူမီနီယံ သတ္တု (၃၄.၄၁) တန် တို့ဖြစ်သည်။

DotBorderdep

 ၂၀၂၃ ခုနှစ်၊ မတ်လ ၀၁ ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်၊ လျာထားချက်မှာ ပို့ကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁.၅၀၀) ဒေါ်လာသန်း ဖြစ်သည်။ (၂၅-၀၂-၂၀၂၃) ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၅.၇၁၆) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၂) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၅.၇၅၈) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး တစ်နှစ်လုံး၏ လျာထားချက်အပေါ် (၁၃၇%) ဆောင်ရွက်နိုင်ခဲ့သည်။