DotBorderdep

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်မှုမှာ ပို့ကုန်(၃.၂၃၄) ဒေါ်လာသန်း၊ သွင်းကုန်(၉.၃၆၉)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၂.၆၀၃) ဒေါ်လာသန်းဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၂ ခုနှစ်၊ ဧပြီလ(၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၀.၉၃၇)ဒေါ်လာသန်း၊ သွင်းကုန် (၄.၁၄၀) ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ (၅.၀၇၇)ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူအပေါ် ပို့ကုန်(၂.၂၉၇)‌ဒေါ်လာသန်းပိုမိုခဲ့ပြီး သွင်းကုန်တွင်(၅.၂၂၉)ဒေါ်လာသန်းပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၇.၅၂၆) ဒေါ်လာသန်း

DotBorderdep

          ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိသည်။ (၁၆-၄-၂၀၂၃)ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၃) စောင် (၀.၈၆၆)ယွမ်သန်းတန်ဖိုးရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ (၁၆)ရက်နေ့ထိပို့ကုန်လိုင်စင်(-)စောင်နှင့် သွင်းကုန်လိုင်စင် (၆၆၉)စောင်ခွင့်ပြု ထုတ်ပေးခဲ့သည်။ (၁၆-၄-၂၀၂၃)ရက်နေ့တွင် အများဆုံးပို့ကုန်ပစ္စည်းများမှာ ငရုတ်သီး

DotBorderdep

၂၀၂၃ ခုနှစ်၊ ဧပြီလ ၀၆ ရက်နေ့

အိမ်နီးချင်းနိုင်ငံဖြစ်သည့်  ဘင်္ဂလားဒေ့ရှ့်နိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြားနယ်စပ်ဒေသမှတဆင့် ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်ရှိစစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့မှတဆင့် တဖက်နိုင်ငံတက္ကနဗ်မြို့သို့ ကုန်စည်များတင်ပို့၊ တင်သွင်းလျက်ရှိသည်။ 

DotBorderdep

၂၀၂၃ ခုနှစ်၊ ဧပြီလ ၀၆ ရက်နေ့

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

DotBorderdep

                   ကော့သောင်းမြို့မှ တစ်ဖက်ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ ရေထွက်ပစ္စည်းများကို အဓိကတင်ပို့ လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ် (ဇန်နဝါရီလ မှ မတ်လထိ) လှေစီးရေ (၁၈၂၃)စီး၊ တန်ချိန် (၆၁၅၃၀.၉၈၁)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၃.၆၇၂)သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ ဧပြီလ ၀၃ ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်၊ လျာထားချက်မှာ ပို့ကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁.၅၀၀) ဒေါ်လာသန်း ဖြစ်ပြီး၊ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၆.၈၅၅) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၄) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၆.၈၉၉) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး တစ်နှစ်လုံး၏ လျာထားချက်အပေါ် (၁၄၇%) ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

          မောတောင်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံဘက်သို့ သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု ပိုမိုလျက်ရှိ သော ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

          မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ(၁.၈၃၉)သန်း၊ သွင်းကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ(၀.၀၉၁) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၁.၉၃၀) သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ပို့ကုန်တင်ပို့မှုအနေဖြင့်(၂၈-၃-၂၀၂၃)ရက်နေ့မှ(၃၁-၃-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

DotBorderdep

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ယာဉ်စီးရေ (၃၅၂၉) စီး၊ တန်ချိန်အားဖြင့် (၈၈၂၂၅) တန် တင်ပို့နိုင်ခဲ့ပြီး တစ်သျှူးငှက်ပျောအပြင် ငရုတ်(အစို) တင်ပို့မှုအနေဖြင့် ယာဉ်စီးရေ (၁၅) စီး၊ (၂၅၅) တန်၊ ဖရုံသီးတင်ပို့မှုအနေဖြင့် ယာဉ်စီးရေ (၅) စီး၊ (၁၀၀) တန်၊ ဖရဲသီးတင်ပို့မှု အနေဖြင့် ယာဉ်စီးရေ (၂၄) စီး၊ တန်ချိန် (၆၀၀) တန်နှင့်Rice Husk Charcoal တင်ပို့မှုအနေဖြင့် ယာဉ်စီးရေ (၄) စီး၊ (၁၃၇) တန်တို့ တင်ပို့နိုင်ခဲ့သည်။