DotBorderdep

                   ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

DotBorderdep

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၇-၅-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ(၀.၉၁၀)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၂.၅၁၂) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၃.၄၂၂) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၄.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၅.၀၀၀) ဒေါ်လာသန်းဖြစ်ပြီး ပို့ကုန် (၁၀.၅၇၀) ဒေါ်လာသန်း၊ သွင်းကုန်(၃၈.၁၈၅) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၄၈.၇၅၅) ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၉၅.၀၂၀%) ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

    မောတောင်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံဘက်သို့ သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု ပိုမိုလျက် ရှိသော ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

   မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလ( ၁ )ရက်နေ့မှ( ၇ ) ရက်နေ့ အထိ ပထမအပတ်ကာလအတွင်း ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၁၇၂) ဒေါ်လာသန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၁၇)ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၁၈၉) ဒေါ်လာ သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃ခုနှစ်၊ မေလ ၃ရက်နေ့ထုတ်Tribune Desk သတင်းတွင် ဘင်္ဂလားဒေ့်ရှ်နိုင်ငံအစိုးရသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ တိုးမြှင့်နိုင်ရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်အခြားနိုင်ငံများနှင့်ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်များကိုညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်းရေးသားဖော်ပြထားသည်။

၎င်းတို့အနေဖြင့် LDC graduation ရပြီးနောက် ကုန်သွယ်ရေးဆိုင်ရာစိန်ခေါ်မှုများကိုအောင်မြင်စွာရင်ဆိုင်နိုင်လာမည်ဖြစ်ပြီးနိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာစေ့စပ်ညှိနှိုင်းရေးစွမ်းရည်ကိုလည်းအားကောင်းစေလာမည်ဟုတာဝန်ရှိသူများကပြောကြားခဲ့ကြောင်းရေးသားဖော်ပြထားသည်။

DotBorderdep

        ရခိုင်ငှက်ပျောကို မောတောင်မြို့ဒေသဝန်းကျင်တွင် အများအပြားစိုက်ပျိုးကြပြီး ယခုရာသီသည် ရခိုင်ငှက်ပျော လှိုင်လှိုင်ထွက်ရှိသောကာလဖြစ်သည်။

       ၂၀၂၃ ခုနှစ်၊ မေလ(၁)ရက်နေ့မှ(၃)ရက်နေ့အထိ မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ ဘက်သို့ ရခိုင်ငှက်ပျောတန်(၅၅) ဝန်းကျင်ခန့် တင်ပို့နိုင်ခဲ့သည်။

       လက်ရှိပေါက်​ဈေးအနေဖြင့် ရခိုင်ငှက်ပျော (1 KG) လျှင် (၆)ဘတ် ဈေးရရှိပြီး တင်ပို့သူများအနေဖြင့် အကောက်ခွန်သက်သာခွင့်အကျိုးခံစားခွင့်(Form-D) ဖြင့်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DotBorderdep

          ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ ဗဟိုဘဏ်၏ကန့်သတ်ချက်များကြောင့် ပို့ကုန်အမှာစာများ ကျဆင်းလျက် ရှိပြီးလက်ရှိဘဏ္ဍာနှစ်၏ပထမရှစ်လတွင်သွင်းကုန်အကြွေး (LC) သည်ကန်ဒေါ်လာ၁၄ဘီလီယံ ခန့်သို့မဟုတ်တစ်နှစ်ထက်တစ်နှစ်၂၃ဒသမ၄၅ရာခိုင်နှုန်းကျဆင်းမည်ဟုခန့်မှန်းထားရှိသည်။

ဘင်္ဂလားဒေ့ရှ်ဘဏ်၏အချက်အလက်များအရ အဆိုပါကာလအတွင်း ဒေါ်လာ ၄၅.၅၂ဘီလီယံ တန်ဖိုးရှိ LC များကိုဖွင့်လှစ်ခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်လျှင် ဒေါ်လာ၅၉.၄၆ဘီလီယံ ဖွင့်လှစ်ခဲ့ ကြောင်းသိရှိရသည်။

DotBorderdep

မေ (၃)

           မြိတ်ဒေသမှ မှတစ်ဖက်ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ် ၊ မေလ (၁) ရက်နေ့မှ (၃) ရက်နေ့အတွင်း အကောက်ခွန်သက်သာခွန့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံ လက်မှတ် Form E အကျိုးခံစားခွင့်ဖြင့် ထိုင်းနိုင်ငံသို့ကားလမ်းကြောင်းပရာကျွတ်ကရီခမ်မှတစ်ဆင့် မလေးရှားသို့ ရာဘာ (၂၆၀၄.၈၀) တန်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းဒေါ်လာသန်း (၀.၉၄၁) ဒေါ်လာသန်းခန့်တင်ပို့နိုင်ခဲ့ကြောင်းသိရှိရသည်။

DotBorderdep

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (2-5-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ(0.822)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (3.231) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (4.053) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

          ၃၀-၄-၂၀၂၃ရက်နေ့မှာလယ်ယာထွက်ကုန်အနေဖြင့်တစ်သျှူးငှက်ပျောကားစီးရေ (၁၅)စီး၊ တန်ချိန် (၂၄၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၈၃)ဒေါ်လာသန်း၊ ဖရဲသီးကားစီးရေ (၁)စီး၊ (၁၇.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်း၊စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ(၀‌.၀၈၅)သန်း တင်ပို့နိုင်ခဲ့သည်။ တစ်ဖက်နိုင်ငံမှ မြက်ခင်းတုကားစီးရေ(၂)စီး၊ တန်ချိန် (၁၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၂) ဒေါ်လာသန်း၊ ပီနံအိတ်ကားစီးရေ(၁)စီး၊ တန်ချိန် (၁၃.၅၀၀)တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ဖော့ကားစီးရေ(၁)စီး၊ တန်ချိန် (၁.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၁) ဒေါ်လာသန်