DotBorderdep

          ၃၀-၄-၂၀၂၃ရက်နေ့မှာလယ်ယာထွက်ကုန်အနေဖြင့်တစ်သျှူးငှက်ပျောကားစီးရေ (၁၅)စီး၊ တန်ချိန် (၂၄၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၈၃)ဒေါ်လာသန်း၊ ဖရဲသီးကားစီးရေ (၁)စီး၊ (၁၇.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်း၊စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ(၀‌.၀၈၅)သန်း တင်ပို့နိုင်ခဲ့သည်။ တစ်ဖက်နိုင်ငံမှ မြက်ခင်းတုကားစီးရေ(၂)စီး၊ တန်ချိန် (၁၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၂) ဒေါ်လာသန်း၊ ပီနံအိတ်ကားစီးရေ(၁)စီး၊ တန်ချိန် (၁၃.၅၀၀)တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ဖော့ကားစီးရေ(၁)စီး၊ တန်ချိန် (၁.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၁) ဒေါ်လာသန်

DotBorderdep

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

DotBorderdep

မြန်မာ-ဘင်္ဂလားဒေ့ရှ့်နှစ်နိုင်ငံတို့အကြားကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလား ဒေ့ရှ့်နယ်စပ်ရှိရခိုင်ပြည်နယ်၊စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တော ကုန်သွယ်ရေး စခန်း တို့ဖွင့်လှစ်၍ နယ်စပ်မှတဆင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျှင် မြန်ချော မွေ့စေရေး အတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ 

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကိုတင်ပို့လျက်ရှိသည်။

DotBorderdep

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၂၂) ရက်နေ့မှ (၂၈) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်(၂.၅၅၄) ဒေါ်လာသန်း၊ သွင်းကုန်(၁၁.၄၃၅)ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ(၁၃.၉၈၉) ဒေါ်လာသန်းဖြစ်ပြီးယခင်နှစ်ကာလတူ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၂) ရက်နေ့မှ (၂၈)ရက်နေ့အထိလုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်(၁.၅၂၉) ဒေါ်လာသန်း၊ သွင်းကုန် (၀.၄၁၈) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၉၄၇)ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူအပေါ် ပို့ကုန်(၁.၀၂၅)‌ဒေါ်လာသန်း ပိုမိုခဲ့ပြီးသွင်းကုန်တွင်(၁၁.၀၁၇)ဒေါ်လာသန်းပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ အနေဖြင့် (၁၂.၀၄၂) ဒေါ်လာသန်းပိုမိုဆ

DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၂၅-၄-၂၀၂၃)ရက်နေ့မှ(၂၉-၄-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

DotBorderdep

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၅.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၀.၉၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၅.၉၀၀) ဒေါ်လာသန်း ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ (၂၅) ရက်နေ့ထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၂၃.၆၀၇) ဒေါ်လာသန်း၊ သွင်းကုန် (၁.၁၄၈) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၄.၇၅၅) ဒေါ်လာသန်းရရှိခဲ့သဖြင့် ဧပြီလနောက်ဆုံးပတ်ထိတွင် ကုန်သွယ်မှုလျာထားချက် (၁၅.၉၀၀) ဒေါ်လာသန်းကိုကျော်လွန်ပြီး (၁၅၅) ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်သည်။

DotBorderdep

                   ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

DotBorderdep

ယခုလက်ရှိအမေရိကန်နိုင်ငံတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတင်သွင်းသည့်လယ်ယာထွက်ကုန်ချောပစ္စည်းများသည် ၎င်းတို့နိုင်ငံရှိစုစုပေါင်းတင်သွင်းမှု၏ တစ်ရာခိုင်နှုန်းအောက်သာရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်ချောပစ္စည်းများတင်ပို့ရောင်းချရန်အမေရိကန်တွင် ကြီးမားသောဈေးကွက်ကြီးရှိပါကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဒေါက်တာMuhammad AbdurRazzaque က ယမန်နေ့ကပြောကြားခဲ့ကြောင်း ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့The Daily Star သတင်းတွင်  ရေးသားဖော်ပြထားသည်။

DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၂၃-၄-၂၀၂၃)ရက်နေ့မှ(၂၄-၄-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

DotBorderdep

ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာAbdurRazzaque က ဂျာမန်စီးပွားရေးလုပ်ငန်းရှင်များသည် စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရန် ဂြိုလ်တုနည်းပညာဖြင့် မြေဆီလွှာအရည်အသွေးစစ်ဆေးပြုပြင်ခြင်းပြုလုပ်နိုင်ရေးဘင်္ဂလားဒေ့ရှ်ကိုကူညီပေးမည်ဖြစ်ကြောင်းပြောကြားထားသည်ကို Dhaka Tribuneသတင်းတွင် ရေးသားဖော်ပြထားသည်။

ဂျာမနီနိုင်ငံ၊ဘာလင်မြို့၌ စိုက်ပျိုးရေးမဟာမိတ်အဖွဲ့နှင့် ထိပ်တန်းစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီးနောက် စိုက်ပျိုးရေးဝန်ကြီးဒေါက်တာAbdurRazzaqueက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။