မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (16-5-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ(0.807)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (1.334) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (2.141) သန်း ဆောင်ရွက်နိုင်ခဲ့သည်။
အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်သီး (၁၂၆.၀၆၀) တန်၊ ငါးရှဉ့် (၃၀.၄၀၀) တန်၊ ရေခဲပုစွန် (၁၅.၈၅၀) တန်၊ ကြက်သွန်နီ (၂၉၀.၀၀၀) တန်၊ ကြေးနီ (၃၁.၅၀၀) တန်၊ ပုစွန်ဖွဲ (၁၀၀.၀၀၀) တန်၊ မိကျောင်းကွမ်းဖတ်စေ့ (၄၀.၃၂၀) တန်၊ နနွင်းတက် (၅၃.၂၀၀) တန်၊ သရက်သီး (၆၀.၀၀၀) တန်နှင့် မြေပဲ (၁၅.၃၅၀) တန်တို့ဖြစ်သည်။
