DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၂၁-၅-၂၀၂၃) ရက်နေ့မှ (၂၂-၅-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

          လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ ပီလောပီနံ၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ ကွမ်းသီးနှင့် မန်ကျည်းသီးတို့ဖြစ်ပါသည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ပုဇွန်၊ ငါးမွှေတိုး၊ ငါးခွေးလျှာနှင့် ငါးဓားလွယ် တို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/အမျိုးသမီးဝတ် အထည်အလိပ်များ တင်ပို့လျက်ရှိသည်။  

DotBorderdep

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မေလ (၂၃) ရက်နေ့ထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော ဈေးနှုန်းတစ်တန်လျှင် (၂၄၂၀) ယွမ်ဖြင့် တန်ချိန်(၃၂၇၂၅) တန်၊ Iron Concentrate ဈေးနှုန်း တစ်တန်လျှင် (၁၃၂.၅) ဒေါ်လာဖြင့် (၈၀၀) တန်၊ ဖရဲဈေးနှုန်း တစ်တန်လျှင် (၁၅၀) ဒေါ်လာဖြင့် (၂၅) တန် တင်ပို့နိုင်ခဲ့သည်။

DotBorderdep

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

DotBorderdep

    တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ပို့ကုန်အပိုင်းတွင် ယခင်အပတ်ထက် သစ်ခေါက် (၁၅.၈) တန်၊ (၀.၀၀၅)ဒေါ်လာသန်း၊ ပလပ်စတစ် ဘူးခွံအဟောင်း (၂၄)တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း နှင့် ဘူးခွံအဟောင်း (၂၈) တန်၊ (၀.၀၀၃) ဒေါ်လာသန်း လျော့နည်းတင်ပို့ခဲ့သော်လည်း ပြောင်း (၈၆၀.၅၄၉)တန်၊ (၀.၂၅၉) ဒေါ်လာသန်း၊ ရာဘာစေး (၂၀)တန်၊ (၀.၀၂၀)ဒေါ်လာသန်း၊ ဇီးသီးစေ့ (၁၄)တန်၊ (၀.၀၁၁)ဒေါ်လာသန်း၊ ပုဇွန်ဖွဲ (၈၅)တန်၊ (၀.၀၃၉)ဒေါ်လာသန်း၊ ကြေးနီ(copper) (၂၂၉) တန်၊ (၀.၀၇၆)ဒေါ်လာသန်းနှင့် ကတ္ထူစက္ကူအဟောင်း (၆၄)တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း ပိုမိုတင်ပို့ခဲ့သောကြောင့် ပို့ကုန်တန်ဖိုး ပိုမိုရခြင်းဖြစ်သည်။ ငွေလဲနှုန်းအနေဖ

DotBorderdep

          လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် မေ ၁၇ မှ ၂၁ရက်နေ့အတွင်းပို့ကုန်ပိုင်းတွင်  ဆန်ကွဲ၊ တစ်သျှူးငှက်ပျော၊ ဆန်၊ ထောပတ်ပဲနှင့် ပဲတောင့်ရှည်(အခြောက်)တို့ အများဆုံး တင်ပို့နိုင်ခဲ့ ပါသည်။ ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန်ကွဲတစ်တန်လျှင် (၂.၉)ယွမ်၊ တစ်သျှူးငှက်ပျော တစ်တန်လျှင် (၂.၃၆) ယွမ်၊ ဆန်တစ်တန်လျှင် (၃.၂၅) ယွမ်ရှိပြီး သယ်ယူပို့ဆောင်ခမှာ ဗန်းမော် မှ လွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ် ရှိကြောင်းသိရှိရသည်။

DotBorderdep

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုတစ်ပတ် ၂၀၂၃ ခုနှစ်၊ မေလ (၁၃) ရက်နေ့မှ (၁၉) ရက်နေ့အတွင်းလုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်ဆောင်ရွက်မှုပို့ကုန် (၄.၄၅၉) ဒေါ်လာသန်းနှင့် သွင်းကုန်ဆောင်ရွက်မှု(၁၅.၆၁၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၂၀.၀၆၉)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီးယာဉ်စီးရေအနေဖြင့် ပို့ကုန် (၂၈၈)စီး၊ သွင်းကုန် (၁၁၂၁)စီးဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (21-5-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (0.890) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (2.197) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (3.087) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ တက္တနပ်မြို့ရှိ Sonali Bank နှင့်  AB Bank တို့မှ Bank Draft များကို ထုတ်ပေးခဲ့သော်လည်း AB Bank မှ Bank Draft ထုတ်ပေးမှုအား ဆက်လက်ရပ်ဆိုင်းလျက်ရှိပြီး Sonali Bank နှင့် Bank Draft များကို ဆက်လက်ထုတ်ပေးခဲ့သောကြောင့် မြန်မာဘက်မှ (Exporter) သမားများနှင့် တစ်ဖက်နိုင်ငံမှ (Importer) သမားများအတွက် အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရသည် ။

DotBorderdep

မောတောင်ဒေသအတွင်း ဆိုင်းကလုန်းမုန်တိုင်းပြီးဆုံးပြီဖြစ်သဖြင့် ၁၇-၅-၂၀၂၃ ရက်နေ့မှစ၍ တစ်ဖက်နိုင်ငံနှင့် ကုန်ပစ္စည်း တင်ပို့/တင်သွင်းမှုလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိရာ ပို့ကုန်လှေ(၃)စီး၊ ငါးမြစ်ချင်း၊ ချင်း(အစို)၊ ဆီးသီးခြောက်၊ ငါးခေါင်းပွ၊ တန်ချိန်(၇၆.၆၀၀)တန်၊ စုစုပေါင်းတန်ဖိုး(၀.၀၅၃)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။

mocadmin

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (16-5-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ(0.807)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (1.334) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (2.141) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်သီး (၁၂၆.၀၆၀) တန်၊ ငါးရှဉ့် (၃၀.၄၀၀) တန်၊ ရေခဲပုစွန် (၁၅.၈၅၀) တန်၊ ကြက်သွန်နီ (၂၉၀.၀၀၀) တန်၊ ကြေးနီ (၃၁.၅၀၀) တန်၊ ပုစွန်ဖွဲ (၁၀၀.၀၀၀) တန်၊ မိကျောင်းကွမ်းဖတ်စေ့ (၄၀.၃၂၀) တန်၊ နနွင်းတက် (၅၃.၂၀၀) တန်၊ သရက်သီး (၆၀.၀၀၀) တန်နှင့် မြေပဲ (၁၅.၃၅၀) တန်တို့ဖြစ်သည်။