DotBorderdep

          တနင်္သာရီတိုင်းဒေသကြီး မြိတ်ဒေသရှိ စက်ရုံများမှ ငါးသေတ္တာဘူးခွံများထုတ်လုပ်လျက်ရှိရာ ငါးသေတ္တာဘူးခွံလိုအပ်ချက်မှာလဲ နေ့စဉ်မြင့်မားလာသည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံမှထွက်ရှိသည့် ငါးသေတ္တာဘူးခွံများကို အသုံးပြုကြသော်လည်း Demand များလာသည့်အချိန်များတွင် ပြည်ပမှလည်း မှာယူတင်သွင်းကြသည်။

DotBorderdep

၂၀၂၃ခုနှစ်၊ မတ်လ(၂၂)ရက်

 

    မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို ပင်လယ်ရေကြောင်းနှင့် နယ် စပ်မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရှိသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ မတ်လ၂၂ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်းသည် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့နေသော စခန်းတစ်ခုဖြစ်သည်။

DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ပို့ကုန်တင်ပို့မှုအနေဖြင့်(၁၉-၃-၂၀၂၃)ရက်နေ့မှ(၂၀-၃-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

DotBorderdep

                   ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

DotBorderdep

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏၂၀၂၃ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်မှုမှာ ပို့ကုန်(၄.၇၇၃) ဒေါ်လာသန်း၊ သွင်းကုန်(၇.၆၅၉)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၂.၄၃၂) ဒေါ်လာသန်းဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၇)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုမရှိဘဲသွင်းကုန် (၀.၂၅၈) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၀.၂၅၈) ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူအပေါ် ပို့ကုန်(၄.၇၇၃)‌ဒေါ်လာသန်း၊ သွင်းကုန်တွင်(၇.၄၀၁)ဒေါ်လာသန်းပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၁၂.၁၇၄) ဒေါ်လာသန်း ပို

DotBorderdep

မတ်လ (၂၀) ရက်

          မြိတ်ဒေသမှ တစ်ဖက်ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ မတ်လ (၁၅) ရက်မှ (၂၀) ရက်နေ့အတွင်းအကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်ဖြင့် ထိုင်းနိုင်ငံသို့ကားလမ်းကြောင်းမှ ပရာကျွတ် ကရီခမ်သို့ ငါးကြိတ်သား (၁၄.၄၀)တန်နှင့်ငါးမှုန့် (၆၆၀.၀၀) တန်တင်ပို့နိုင်ခဲ့ပြီး၊ မြိတ်ဒေသ ထွက်ရော်ဘာ (၅၀၄.၀၀) တန်ကိုလည်း မလေးရှားနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းဒေါ်လာသန်း (၁.၁၈၄) သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။

DotBorderdep

    မောတောင်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံဘက်သို့ သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု ပိုမိုလျက် ရှိသော ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

    မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့မှ(၁၇) ရက်နေ့ အထိ တတိယအပတ်ကာလအတွင်း ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၄၃၆) ဒေါ်လာသန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၁၃)ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၄၄၉) ဒေါ်လာ သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

 ၂၀၂၃ ခုနှစ်၊ မတ်လ၂၀ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်၊ လျာထားချက်မှာ ပို့ကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁.၅၀၀) ဒေါ်လာသန်း ဖြစ်သည်။ (၁၉-၀၃-၂၀၂၃) ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၆.၅၅၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၄) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၆.၅၉၄) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး တစ်နှစ်လုံး ၏ လျာထားချက်အပေါ် (၁၄၄%) ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

DotBorderdep

          ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေးလျက်ရှိသည်။ (၁၉-၃-၂၀၂၃)ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၃၅)စောင် (၂.၁၄၁)ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီးတို့ကိုခွင့်ပြုထုတ်ပေးခဲ့ပြီး၂၀၂၃ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ (၁၉)ရက်နေ့ထိ ပို့ကုန် လိုင်စင် (-)စောင်နှင့် သွင်းကုန်လိုင်စင် (၅၇၅)စောင်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ (၁၉-၃-၂၀၂၃)ရက်နေ့ တွင