admin_ygn

    မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်ကုန်သွယ်ရေးဇုန်မှ ဖေဖေါ်ဝါရီ ၂၇ ရက်မှ မတ် ၄ ရက်ထိ ကာလအတွင်း ကန် ဒေါ်လာ သုည ဒသမ ၂၇၂ သန်းတန်ဖိုးရှိ ဆီးဆန် ၆၇ တန် ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီ တင်းပတ်က မူဆယ်ကုန်သွယ်ရေးဇုန်အနေနဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၆၆ သန်းတန်ဖိုးရှိ ဆီးဆန် တန် ၄၀ ကျော်တင်ပို့ခဲ့တာမို့ယခုသီတင်းပတ်မှာတော့ ၂၆ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။စစ်တွေ ကုန်သွယ်ရေး စခန်းကတော့ ယခု သီတင်းပတ် မှာ ဆီးဆန်တင်ပို့မှု မရှိသော်လည်း ဆီးသီးခြောက် ၈၄ တန်၊ ဆီးဖတ် ၆၂ တန်နဲ့ ဆီးယိုထုတ်တန် ၄၀ ၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ သုည ဒသမ ၀၃၄ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လ

admin_ygn

     မြန်မာ-ထိုင်းနယ်စပ်ရှိမြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ ၁၀ ဒသမ ၃၂၃ သန်းတင်ပို့နိုင်တဲ့အတွက်ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ သုည ဒသမ ၉၀၀ သန်းပိုမို ဆောင်ရွက်နိုင် ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက်တော့ ၂ ဒသမ ၀၀၃ သန်းလျော့နည်းဆောင်ရွက်ခဲ့ပါတယ်။ယမန်နှစ်ကာလတူထက် ပို့ကုန်ပိုမိုတင်ပို့နိုင်ရခြင်းမှာ ရေထွက်ပစ္စည်းနဲ့ သစ်တောထွက်ပစ္စည်းပိုမိုတင်ပို့နိုင်လို့ဖြစ်ပါတယ်။ မြိတ်ကုန် သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလအတွင်း တင်ပို့နိုင်တဲ့ပစ္စည်းများမှာ လယ်ယာထွက်ကုန်အနေနဲ့ ရော်ဘာ MSR -၂၀ တန် ၁၀၀၊ ရော်ဘာRSS-၃ ၁၅၅ တန်၊ ရေထွက်ပစ္စည်းအနေနဲ့ ငါးမျိုးစုံ ၄၈၃၈

admin_ygn

        မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်ကုန်သွယ်ရေစခန်းမှ ၂၀၁၆ ခုနှစ် ဖေဖော် ဝါရီအတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၇၉ သန်းတန်ဖိုးရှိ ကဏန်းမျိုးစုံဖြစ်တဲ့ အေးခဲကဏန်းပျော့ ၅၈ တန်ကျော်၊ ကဏန်းနီ၅၁ တန်ကျော်၊ ကဏန်း သေး (အသေ)ငါးတန်ကျော်နဲ့ သဲကဏန်းနှစ်တန်ကျော်စုစုပေါင်း ၁၁၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလနဲ့ နှိုင်းယှဉ်ပါက ၅၄ တန်ကျော်ယမန်နှစ်ကာလတူနဲ့နှိုင်းယှဉ်ပါက ၂၄ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါ တယ်။မြိတ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီအတွင်း ကဏန်းမျိုးစုံအပြင် ကန်ဒေါ်လာ ၁၁ ဒသမ  ၁၈၉ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့  ငါးမျိုးစုံ ၄

admin_ygn

မူဆယ်ဈေးကွက်မှာ  ဒီတစ်ပတ်  ပြောင်းသီးနှံအနေဖြင့် တစ်ပတ်အတွင်း တန်ချိန် ၁၇၀၀၀ နီးပါးဝင်ရောက်ခဲ့သလို တရုတ်ဘက်ကလည်း အရည်အသွေးပေါ်မူတည်ပြီးဝယ်လိုအား ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် ၅၀ ကီလိုတစ်အိတ်ကို ၇၈ ယွမ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။

admin_ygn

 လားရှိုးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းအဝင်နည်းပေမယ့် တရုတ်ဘက်ကတော့ ဝယ်လိုအားပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့်  တစ်ပိဿာကို၄၃၀ ကျပ် ဈေးဖြင့် တစ်ပတ်အတွင်း ပိဿာချိန် ၁၁ သိန်းခန့် အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်းဈေးကွက်အတွင်းမှ သိရပါတယ်။

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၆၅ သန်းတန်ဖိုး ရော်ဘာ ၃၇၃ တန် ခန့်တင်ပို့ခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင်မှ RSS-3 တန် ၂၀၀၊ MSR- 20 ၁၀၇ တန်နဲ့ ချင်းရွှေဟော်စခန်းမှ RSS-၃၆၆ တန် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်တင်ပို့မှုထက် ၁၉၂ တန် လျော့နည်းခဲ့ပါတယ်။  ရော်ဘာတင်ပို့မှု လျော့ကျ သ လို ရော်ဘာဈေးလည်း အနည်းငယ်ကျပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ရော်ဘာတစ်တန်ကို ၁၃၆၈၄၀၆ ကျပ်ရှိပြီး ယခုတစ်ပတ်မှာ ၁၃၂၄၀၉၅ ကျပ်သာရရှိပါတယ်။    

 

admin_ygn

      မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ဒေါ်လာ ၃၈၅၀၁၄ တန်ဖိုးရှိ ငါးစုံလေးခြောက် ၄၆၀၉၀၂ ကီလို၊ ငါးနီတူခြောက် ၉၀၀၀၀ ကီလိုနဲ့ ငါးကုန်းညိုခြောက်ကီလို  ၈၀၀၀၀ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုလမှာ ယခင်လထက် ငါးခြောက် ၅၉၉၉၈ ဒေါ်လာဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိတဲ့ ပို့ကုန်များမှာ မိုးတွ င်းကာလတွင် ရေငန်ပုစွန်အများဆုံး တင်ပို့သော်လည်း ဆောင်းတွင်းနဲ့နွေရာသီတွင်ငါးခြောက်မျိုးစုံကိုသာ ပိုမိုတင်ပို့လျက်ရှိတယ်လို့  မောင်တောနယ်စပ

admin_ygn

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီလ ပထမ ပတ်တွင် ကန်ဒေါ်လာ ၂၀၂၉၉၆ တန်ဖိုးရှိ ကြက်သွန်နီ ၂၇၄ တန်ခွဲ တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က တန် ၂၂၀ သာတင်ပို့ခဲ့လို့ ယခုတစ်ပတ် ကြက်သွန် နီ တင် ပို့မှု ၅၄ တန်ခွဲ  ပိုမိုလာတာတွေ့ရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကတော့ ကန်ဒေါ်လာ ၁၃၆၁၂ တန်ဖိုးရှိ ကြက်သွန်နီ ၄၉ တန် ခွဲ တင်ပို့ခဲ့ပါတယ်။ အမြင့်ဆုံးဈေးသို့ရောက်ရှိခဲ့တဲ့ ပြည် တွင်းကြက်သွန်နီဈေးကြောင့် နှစ်စဉ်စိုက်ပျိုးခဲ့တဲ့ တောင်သူဦးရေထက် ယခုနှစ်ကြက်သွန်စိုက်တောင်သူဦးရေ ပိုများနေတယ်လို့ သိရပါတယ်။

 

admin_ygn

ဇန်နဝါရီလ တတိယပတ်တွင်မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလတတိယပတ်မှာ ကန်ဒေါ်လာ ၅ ဒသမ ၅၅၇ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၂၄၆၉၉ တန်ခွဲနဲ့ ချင်းရွှေဟော်မှကန်ဒေါ်လာသု ည ဒသမ ၁၄၂ သန်းဖိုးရှိ ပြောင်း ၆၃၁ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်က မူဆယ်မှ ၃၀၅၄၆ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၁၂၅၂ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ရဲ့ပြောင်းတင်ပို့မှု လျော့နည်းခဲ့တာတွေ့ရ ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ပြောင်းတစ်တန်ရဲ့ မိမိဘက်ဈေးဟာ ယခင်တစ်ပတ်က  ၂၉၂၄၅၆ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၂၉၂၁၇၄ ကျပ်သို့ အနည်းငယ်ကျ ဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်အနေဖြင့် ပြောင်းတစ်တန်ကို ၁၅၆၀ ယွမ် ဈေးရှိကြော

admin_ygn

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်း ရတနာဈေးနှင့် မြသလ္လာဈးများတွင် ဖြန့်ဖြူး ရောင်းချလျက် ရှိသော အန္တရာယ်ရှိ စားသောက်ကုန်ပစ္စည်းများကို ဇန်နဝါရီလ ၂၆ ရက် နေ့လယ်က စစ်ကိုင်းတိုင်းဒေသကြီး၊ စား သုံး သူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံ/စီးပွား ဝန်ကြီး ဦးစိန်မောင်းနှင့်အတူ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်း ဒေသကြီး ဦးစီးမှူး ဦးခမ်လျန်စွမ်း နှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး စီမံကိန်းဦးစီး ဌာန၊ ခရိုင် ပညာရေးမှူးရုံး၊ တိုင်းစက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းသမဝါယမ ဦးစီးဌာန