အောက်တိုဘာလ ၁၁ ရက်နေ့ ၀၉း၃၀ ချိန်က နောင်ချိုမြို့အနီး ယာယီအခြေပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ မိုဘိုင်းအဖွဲ့လရ-၁ သို့ ဝင်ရောက်စစ်ဆေးခံကာ မန္တလေးမှ မူဆယ်သို့ ထွက်ခွာလာတဲ့ ယာဉ် များအား စစ်ဆေးစဉ် ကိုယ်ပိုင်ယာဉ် ပရိုဘောက်4J/xxxx အတွင်းပိုင်းနှင့် ဝမ်းဗိုက်အတွင်းတို့၌ အံဝှက်များပြုလုပ်ပြီး သိုဝှက်သယ်ဆောင် လာသော ကျောက်စိမ်း လို့ ယူဆရတဲ့ ကျောက်ဖြတ်စများနဲ့ ကျောက်တုံးများ ၁၁ ထုပ်(၄၉၉)ကီလိုဂရမ် ခန့်မှန်းတန်ဖိုးကျပ် ၄၉၉၀၀၀၀ ကိုစစ်ဆေးတွေ့ရှိခဲ့ ပါတယ်။အဆိုပါယာဉ်အား အကောက်ခွန်ဦးစီး ဌာနသို့ အပ်နှံရန်အတွက် ယခင်ကျောက်များ ရှာဖွေစဉ်က ဖြုတ်ထားသော ကားပစ္စည်းများအား ပြန်လည်တပ်ဆင်စဉ် သံပြားများန
မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့ သောင်း ကုန်သွယ်ရေးစခန်းနဲ့ မြိတ် ကုန်သွယ်ရေးစခန်းတို့မှ အောက်တို ဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၆ ရက် အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၄၆၂ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၅၈၉ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက၁၇၁ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေး ဇုန်မှ ကန် ဒေါ်လာ သုည ဒ သမ ၁၆၃ သန်းတန်ဖိုး ရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ တန်၈၀ ကျော်၊ကဏန်း ၂၇ တန်ကျော်နဲ့ ပုစွန်၄ တန်တင်ပို့ နိုင်တဲ့အတွက် ယခင် သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၀ တန် ကျော်လျော့ နည်းတင်ပို့ခဲ့ပါတယ်။ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ကန်ဒေ
ထိုင်း-မြန်မာနယ်စပ်ရှိ မော တောင် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂၇၅၈၀ တန်ဖိုးရှိ ခဲသတ္တု ငါးတန်ကျော်ကို အောက်တိုဘာလမှ စတင်တင်ပို့နိုင်ခဲ့တယ်လို့ မောတောင် ကုန်သွယ်ရေးစခန်းက သတင်းရရှိပါ တယ်။မောတောင် ကုန်သွယ်ရေးစခန်း ဟာ အောက်တိုဘာလမှာ ပို့ကုန်ကန် ဒေါ်လာ သုည ဒသမ ၀၈၁ သန်း၊ သွင်း ကုန်ကန်ဒေါ်လာ သုည ဒသမ ၄၀၈ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၄၈၉ သန်းကျော် ဆောင် ရွက်နိုင်ခဲ့ပါတယ်။ အများဆုံးပို့ကုန် တွေကတော့ သင်္ဘောသီး၊ ငါးမျိုးစုံ၊ ကမာခွံ၊ ခရု၊ ဇင့် တို့ဖြစ်ကြပြီး အများ ဆုံးသွင်းကုန်တွေကတော့ မော်တော် ယာဉ်၊ မော်တော
မိုဘိုင်းအဖွဲ့များစတင်တာဝန်ချထားတဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် အောက်တိုဘာလအထိ ကာလအတွင်းမှာ အေးခဲအသားများ ၁၇၈ ဒသမ ၅၆၀ တန်၊ ခန့်မှန်းတန်ဖိုးကျပ် ၇၀၆ သန်း တန်ဖိုးကို အမှုတွဲ ၁၇၁ ခုဖွင့်လှစ်သိမ်းဆည်းနိုင်ခဲ့ပါတယ်။အောက်တိုဘာလ အတွင်း ကျပ် ၁၈၇၃ သန်းတန်ဖိုးရှိအေးခဲအသား ၇ တန်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ကျွဲနွားဆိတ်အရှင် ဖမ်းဆီးရမိမှုကတော့ ကျွဲ ၁၀၅ ကောင်၊ နွား ၉၉ ကောင်၊ဆိတ် ၄ ကောင်ဖြစ်ပြီး အမှုတွဲ ၁၅ ခု ခန့်မှန်းတန်ဖိုးကျပ် ၂၈၁ သန်းနဲ့ အမှုဖွင့်သိမ်းဆည်းခဲ့ပါတယ်။ &n
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာလ ၁ ရက်မှ ၂၅ ရက် ထိကာလအတွင်း ပို့ကုန်ကန်ဒေါ်လာ ၃ ဒသမ ၄၅၉ သန်း၊ သွင်းကုန်ကန်ဒေါ်လာ ၅၅ ဒသမ ၆၅၁ သန်း ဆောင်ရွက်နိုင်သဖြင့် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၅၉ သန်းကျော်ခဲ့ ပါတယ်။ ကုန်သွယ်မှုပမာဏ အကောင် အထည်ဆောင်ရွက်နိုင်မှုက လျာထား ချက်အပေါ် ၁၁၈ ရာခိုင်နှုန်းပိုမိုဆောင် ရွက်နိုင်ခဲ့ပါတယ်။ ကုန်သွယ်မှုပမာဏ တိုးတက်လာရခြင်းမှာ အာရှလမ်းမကြီး ဖွင့်လှစ်ပြီးနောက် ယာဉ်စီးရေတိုးတက် များပြားလာခြင်း၊ သမားရိုးကျ ပို့ကုန် သွင်းကုန်များအပြင Re-export သကြား ခွင့်ပြုခဲ့ခြင်းတို့ကြောင့် ဖြစ်ပါတယ်။အာရှလမ်းမကြီးဖွင့်လှစ်ပြီး နောက် ယာဉ်စီးရေတိုးတက်များပ
တာချီလိတ်-မိုင်းဆတ်လမ်းကြောင်းပေါ်ရှိ လွယ်တော်ခမ်းနဲ့ ဝှေ့ရဲ လှုပ်ရှားအဖွဲ့များ လုပ်ငန်းခေတ္တ ရပ်ဆိုင်းထားစဉ် အကောက်ခွန်မဲ့ပစ္စည်း များ မိုင်းဆတ်ဘက်သို့ တရားမဝင်သယ်ဆောင်မှုများရှိနေကြောင်း မြေပြင် သတင်းအရ တာချီလိတ်လှုပ်ရှားအဖွဲ့နဲ့ တာချီလိတ်သစ်တောဦးစီးဌာနပူး ပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၂ ရက် ၀၉၃၀ ချိန်တွင် တာချီလိတ်မိုင်းဆတ်လမ်းကြောင်းအား ဝင်ရောက်စစ်ဆေးရာ တာချီလိတ်မှ သုံးမိုင် အကွာ ဟွေ့ရဲလွယ်တော်ခမ်းလမ်းဆုံတွင် တရားမဝင်သယ်ဆောင်ရန် စုပုံ ထားတဲ့ ကျွန်းခုံတန်းရှည် နှစ်လုံးအားပိုင်ရှင်မဲ့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စစ်ဆေးတွေ့ရှိ ကျွန်းခုံတန်းရှည် နှစ်လုံးရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၇ သိန်း ခ
တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ ကွပ်ကဲမှု အောက်ရှိMobile Team အဖွဲ့များအနေ ဖြင့် တရားမဝင် ကုန်သွယ်မှုတားဆီးရေး၊ စားသုံးသူ အကာအ ကွယ်ေ ပးေ ရး လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် ၁၈း၃၅ နာရီအချိန်တွင် မူဆယ်ကုန်သွယ်ရေးဇုန် ရှိ မူဆယ်ထုတ်နုတ်အင်အား မိုဘိုင်း တင်းမ်မှAsia World Toll Gate အနီး တွင် ယာဉ်အမှတ်၊9A/xxxx (Toyota) ယာဉ်အား တားဆီးစစ်ဆေးရာ အကောက် ခွန်မဲ့ တင်ဆောင်လာသောDVD Player များအပြင် ဂြိုလ်တုရုပ်သံဖမ်းစက် Satellite Receiver ၁၀ခု Antenna Cable ၄ ကီလို၊ ှSatellite Receiver Head ၁၀ခု၊ စုစုပေါင်း ခန့်မှန်း တန်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန် သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ၂၀၁၅ ခုနှစ် အောက်တို ဘာလ ၁၇ ရက်မှ ၂၃ ရက်တာကာလ အတွင်း ကန်ဒေါ်လာ ၅ ဒသမ ၅၈၀ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၅၆၆၅ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင် သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၂၆၈၇ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
တစ်ဖက်ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ဆန်များ တရားမဝင် ဝင်ရောက်နေသည့်အတွက် သိမ်းဆည်းလျက်ရှိကြောင်း၊ သယ်ယူသောဆန်အိတ်များမှာ အမှတ်တံဆိပ်၊ အမှတ်အသား မပါရှိသော ပီနံအိတ်များဖြင့် လဲလှယ်ထုပ်ပိုး ၍ သယ်ဆောင်နေသည်ဟု ကြားသိရ ကြောင်း၊ ဈေးနှုန်းသက်သာ၍ စားသုံးသူများက ဝယ်ယူစားသုံးခြင်းမှာ နယ်စပ်မြို့များအနေဖြင့် ပြဿနာမရှိ ကြောင်း၊ ဥပမာ- မယ်ဆိုင်မှ ဆန်ကို တာချီလိတ်ဒေသမှ ပြည်သူများ ဝယ်ယူစားသုံးြ ခင်းမှာ ပြဿနာမရှိသော်လည်း တောင်ကြီးသို့ ရောက်ရှိမလာရန်လိုအပ်ကြောင်း၊ မိုဘိုင်းအဖွဲ့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို တားဆီး၍ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းမှန် ပ