admin_ygn

အာရှလမ်းမကြီးမှာ   တစ်စိတ်တစ်ပိုင်းပါဝင်နေတဲ့ ကလေး-တမူး-ကလေးဝလမ်းမကြီးရဲ့ လမ်းများ ကောင်းမွန် သော်လည်း တံတားများ ကြံ့ခိုင်မှုမရှိပါကြောင်း၊ တံတားကြံ့ ခိုင်မှုမရှိခြင်း မှာလည်း နှစ်ပေါင်းများစွာ ကြာပြီဖြစ်သလို၊  တံတားအမျိုးအစားတွေမှာလည်း ကွန်ကရစ်တံတားနည်းပါး ကြောင်း ဇူလိုင်လ ၃ ရက်နေ့ ကုန်သွယ်ရေး ဦးစီးဌာန တမူး ကုန်သွယ်ရေးစခန်း  အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ တမူးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

admin_ygn

ကုန်သွယ်ရေးဦးစီးဌာန မူဆယ် စခန်းထုတ်နုတ်အင်အားMobile Team  အဖွဲ့သည် ဇူလိုင်လ ၁ ရက်နေ့ ၁ရး၃၀ ချိန်တွင် အေးရှားဝေါလ်တိုးဂိတ် အနီးပြည်ထောင်စုလမ်းမကြီးပေါ် တွင် ရတနာစိုး Express  ယာဉ်ပေါ်မှ တရား မဝင်တင်ဆောင်လာတဲ့ Portable၃၅ လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါ တယ်။ အလားတူယင်းနေ့ ၁ရး၃၅ ချိန် တွင်  ရတနာ ထွန်း Express  ယာဉ်ပေါ်မှ တရားမဝင်တင်ဆောင်လာတဲ့  Por-table ၁၅ လုံး၊    ဓာတ်ပုံ ဆလိုက်မီး ၆လုံး ၊   Car Hand Stand (စလခ) ခုတို့ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပါ တယ်။ ယင်းနေ့ ၁ရး၄၀ ချိန်တွင်လည်း အဆို ပါနေရာမှာပင် ရှမ်းမင်းသား Express  ယာဉ်ပေါ်မှ တရားမဝင

admin_ygn

ဇွန်လ ၂၇ ရက်မှ ဇူလိုင်လ ၃ ရက်တာကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၄ ဒသမ ၇၅၃ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန်၁၆၀၇၅ တန်ခွဲ၊ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၉၀ သန်း တန်ဖိုးရှိ ပြောင်းတန် ၁၀၀၀ နဲ့ ကန်ပိုက်တီးမှ ကန်ဒေါ်လာ သုည ဒသမ ၀၄၄ သန်း တန်ဖိုးရှိ ပြောင်း ၁၄၇တန်ခွဲတို့ တင်ပို့နိုင် ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်က ထိုစခန်းမှ ပြောင်းတန်ချိန် ၁၂၆၇၀ တန်တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ပြောင်းတင်ပို့မှု ၄၅၅၃ တန်ပိုမိုလာပါတယ်။မူဆယ် ကုန်စည်ဒိုင် မှာတော့ ယခင်တစ်ပတ်က ပြောင်းတစ်တန်ကို ၃၆၈၂၀၈ ကျပ်ရှိခဲ့ရာ ယခုတစ်ပတ်တွင် ၃၇၀၃၀၄ ကျပ်သို့ ပြောင်းဈေးများ ထပ်မံမြင့်တက်လာ တာ တွေ့ရပ

admin_ygn

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ ဇွန်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းမှ ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၃၉၂ သန်း ၊ သွင်း ကုန် ကန်ဒေါ် လာ သုည ဒသမ ၀၀၅ သန်းနဲ့ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သုည ဒသမ ၃၉၇ သန်း ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့အများဆုံး ပို့ကုန်များ မှာ ရေထွက်ပစ္စည်းဖြစ်တဲ့ ငါးနီတူခြောက်၊ ငါးသ လောက်၊ ရေငန်ပုစွန် ၊ လယ်ယာထွက်ပစ္စည်း လဲမှို့ (အစေ့ပါ)၊ စက်မှုကုန်ချောပစ္စည်းများဖြစ်တဲ့ ဖိနပ်၊ ထွန်းရွှေဝါ၊ သနပ်ခါး ခဲ၊ ဆီးယို ထုပ်များဖြစ်ကြပြီး သွင်းကုန်များမှာ လူသုံးကုန် ပစ္စည်းဖြစ်တဲ့ ဒန်ရေတကောင်း၊ ပလတ်စတစ်ရေပုံး၊ တီရှပ်၊ ဖိနပ်တို့ဖြစ်ကြပါတယ်

admin_ygn

ပဲခူးတိုင်း ၊ ဝေါမြို့နယ်ညောင်ခါး ရှည်အနီး အခြေပြုတဲ့Mobile Team  လရ-၂ အဖွဲ့သည် မြဝတီမှ ရန်ကုန် ဘက်သို့ မောင်းနှင်လာတဲ့ မော်တော် ယာဉ်များအား စစ်ဆေးရာ ဇွန်လ ၂၆ ရက်မှ ၂၉ ရက်ထိကာလအတွင်း တရား ဝင် အထောက်အထား တင်ပြနိုင် ခြင်းမရှိတဲ့ ယာဉ်ကိုးစီးကို စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။အဆိုပါယာဉ်ကိုးစီး မှာ Toyota MarkII , Mitsubishi Pajero, Toyota Caldina, Honda Fit,  Toyota Hiace, Isuzu Bighorn  နှစ်စီး၊Honda CRV, Toyota Ipsum အမျိုးအစားများဖြစ်ပြီး ကညနအဖွဲ့နဲ့အတူ  အသေးစိတ်စစ် ဆေးမှုများပြုလုပ်ခဲ့ရာ အကောက်ခွန်မဲ့ တင်သွင်းလာသည့် တရားမဝင်မော် တော် ယာဉ်များဖြစ်ကြောင်း စိစစ်တွေ့ ရှိရသဖြင့်အကောက

admin_ygn

မေလကပြုလုပ်ခဲ့တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကျင်းပစဉ်က ကန်ပိုက်တီးကုန်သည်အသင်းမှ ဆွေးနွေးတင်ပြခဲ့တဲ့ ယန္တရားတင်သွင်းသူများ အနေနဲ့ မြစ်ကြီးနားမြို့ မှာ နေ ထိုင်ကြသူများဖြစ်ရာ ကန်ပိုက်တီးသို့ အခွန်ပေးဆောင် ရန် ငွေသိန်းပေါင်းများစွာသယ်ယူ၍ လုပ်ငန်းများ ဆောင်ရွက်နေရတဲ့အတွက် လုံခြုံရေးအရ သီးခြားဘဏ် စနစ် တစ်ခု ဆောင် ရွက်ပေးပါက ပိုမိုအဆင်ပြေမည် ဖြစ်ကြောင်း တင်ပြခဲ့ခြင်းနှင့်စပ်လျဉ်းပြီး မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)ကို စာပေး ပို့ခြင်း  ဇွန်လဆန်းက နေပြည်တော်မှာ လစဉ် ကျင်းပပြုလုပ်တဲ့ OSSှ ညွှန်ကြားရေးမှူး ချုပ်အဆင့် အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ မြစ်ကြီးနား

admin_ygn

ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ် အတွင်း ရှိ ဈေးများတါင် လိုင်စင်မဲ့အသားများ၊ ကျန်းမာရေးနဲ့ ညီ ညွတ်မှုမရှိသောအသားများ ရောင်းချမှုများကို ရှောင် တခင်  စစ်ဆေး မှု များ ပြုလုပ်သွားတော့မယ်လို့ သတင်း ရရှိပါတယ်။ရှောင်တခင်စစ်ဆေးမှုကို ဘယ်နေ့စစ်မယ် ဆိုတာတော့ ကြိုတင်မပြောနိုင်ဘဲ မြို့စွန်မှာရှိတဲ့ ဈေး များကို ဦးစားပေးစစ်ဆေးသွား မှာဖြစ်ပါတယ်။ မြို့တွင်း မြို့နယ်ကြီးများမှ ဈေးများကိုလည်း ဆက်စစ်ဆေးမှာ ဖြစ်ပြီး ယခုလတ်တလောမှာလည်း ပုံမှန်စစ်ဆေးမှုများကို လုပ်ဆောင်လျက်ရှိပါတယ်။ယခု အခါ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်တဲ့ အတွက် အိမ်နီးချင်းနယ်စပ် တစ်ဖက်နိုင်ငံများမှ အေးခဲ အသားများကို တရားမဝင်  တင်သ

admin_ygn

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ ဇွန်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းမှ ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၃၉၂ သန်း ၊ သွင်း ကုန် ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းနဲ့ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သုည ဒသမ ၃၉၇ သန်း ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့အများဆုံး ပို့ကုန်များမှာ ရေထွက်ပစ္စည်းဖြစ်တဲ့ ငါးနီတူခြောက်၊ ငါးသ လောက်၊ ရေငန်ပုစွန် ၊ လယ်ယာထွက်ပစ္စည်း လဲမှို့ (အစေ့ပါ)၊ စက်မှုကုန်ချောပစ္စည်းများဖြစ်တဲ့ ဖိနပ်၊ ထွန်းရွှေဝါ၊ သနပ်ခါး ခဲ၊ ဆီးယိုထုပ်များဖြစ်ကြပြီး သွင်းကုန်များမှာ လူသုံးကုန် ပစ္စည်းဖြစ်တဲ့ ဒန်ရေတကောင်း၊ ပလတ်စတစ်ရေပုံး၊ တီရှပ်၊ ဖိနပ်တို့ဖြစ်ကြပါတယ်။ဇွ

admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန် ၊ ကော့ သောင်းနယ်စပ်စခန်းနဲ့မြိတ်နယ်စပ်စခန်းများမှ ဇွန်လ ၂၇ ရက်မှ ဇူလိုင်လ ၃ ရက်အတွင်း  ကန်ဒေါ်လာ ၃ ဒသမ ၁၆၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၂၇၇၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါ တယ်။ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၁၁၈၈ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ-

admin_ygn

မုံရွာမြို့နယ်မှာ သဘာဝသယံဇာတများ  ပေါကြွယ်ဝသလို မိရိုးဖလာနည်း ပညာများနဲ့ အသေးစား ကုန်ထုတ်လုပ်ငန်းများအဖြစ် တစ်နိုင်တစ်ပိုင်ထုတ်လုပ်ကြတဲ့ လက်မှုလုပ်ငန်းမျိုးစုံရှိရာ ခတက္ကန်မြောက်ရွာက ကျောက် ဆစ်လုပ်ငန်းလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ဖိုးခေါင်တောင် (ခေါ်) ဗောဓိတစ်ထောင် တောင်ကြော များရှိ သဘာဝမီးသင့် ကျောက်များကို ပိုင်းဖြတ်ပြီး ကျောက်ငရုတ်ဆုံနဲ့ ကျောက် ဘီး၊ ကျောက်ပျဉ်များ ပြုပြင်ထုတ် လုပ်တဲ့ ကျောက်ဆစ်လုပ်ငန်းကို ရှေးယခင်မှ ယနေ့ထိ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိတာ တွေ့ရပါတယ်။ အဆိုပါ ကျောက်ဆစ်လုပ်ငန်း ရေရှည်တည်တံ့ ဖို့အတွက် လိုအပ်တဲ့နည်းပညာများ၊ အရင်းအနှီးများနဲ့  ဈေးကွက်များ ပိုမိုကျယ်ပြန့်