admin_ygn

       သြဂုတ် ၁၅ ရက် ၂၃း၂၀ ချိန်ခန့်မှာ ယာဉ်အမှတ် တပ်ဆင်ထားခြင်းမရှိသလို တရားဝင် စာရွက်စာတမ်းလည်း တင်ပြနိုင်ခြင်းမရှိတဲ့ ယာဉ်မှတ်ပုံတင်မထားတဲ့ Nissan LIDX UD   တစ်စီး၊ Concrete Mixer Truck   နှစ်စီး၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၈၀၀ စီ ၊ စုစုပေါင်း ကျပ်သိန်း ၁၆၀၀ တန်ဖိုးကို နောင်ချို Asia World  ယာယီအခြေပြု  Mobile Teamအဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

admin_ygn

      သြဂုတ်လ ၁၄ ရက် ဝရး၅၀ ချိန် မန္တလေးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသော ၂၂ ဘီးယာဉ်အား နောင်ချို ယာယီအခြေပြု Mobile Team အဖွဲ့က ရပ်တန့်စစ်ဆေးစဉ် ပြောင်းဖူးစေ့အိတ် များဖုံးအုပ်သိုဝှက် တင်ဆောင်လာ တဲ့ တမလန်းသစ်များကို စစ်ဆေးတွေ့ရှိ ခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်ခေါင်းခန်းကို စစ်ဆေးရာမှာ မြန်မာကျပ်ငွေ သိန်းနှစ်ဆယ့်ရှစ်သောင်းခြောက်ထောင် ကျပ်ကို ထပ်မံတွေ့ရှိရတယ်လို့သတင်းရရှိပါတယ်။

admin_ygn

     စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၏ တမူး-ကလေးကားလမ်းပိုင်းသည် ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ကာ ချောင်းရေစီးကြမ်းမှုကြောင့် တံတား ၄ စင်းဖြစ်တဲ့ တွီဗန်တံတား၊ ကမ္မကြီးတံတား၊ ကနန်တံတား၊ ခမ်းပတ်တံတားများမှာ ပျက်ဆီးချို့ယွင်းမှုများဖြစ်ပေါ် ပြီး ယာဉ်များသွားလာနိုင်ခြင်းမရှိတဲ့အတွက် ကုန်သွယ်မှုရပ်တန့်သွားတယ်လို့ တမူးနယ်စပ်ကုန်သွယ်ရေးမှ သိရပါတယ်။ ကုန်သွယ်မှုရပ်တန့်မှုကြောင့် မြန်မာ-အိန္ဒိယနယ်စပ်ရှိ နန့်ဖာလုံဈေးကိုလည်း နှစ်ပတ်ကျော်သည်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း၊ နန့်ဖာလုံဈေးသူဈေးသားများထံမှ စုံစမ်းသိရှိရပါတယ်။ ပြည်တွင်းမှ ပုံမှန်တင်သ

admin_ygn

        ရေဘေးကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာတဲ့ ယာဉ်ပေါ်မှ အကောက်ခွန်မဲ့တင်ဆောင်လာသော ကားအလှဆင်ပစ္စည်းများကို Mobile Team အဖွဲ့က  စစ်ဆေးတွေ့ရှိခဲ့တဲ့သတင်းကို ဖတ်လိုက်ရတော့ ဖြူစင်တဲ့ ကု သိုလ်အမှုပြုလုပ်တာကို ဘာကြောင့် တရားမဝင်လို့ဘဲပြောပြော မှောင်ခိုလုပ်တယ်ပဲဆိုဆို အနက်ရောင်မဆိုးသင့်ဘူး၊ အဖြူကို အနက်မဆိုးသင့်ပါလို့ တီးတိုးရေရွတ်မိလိုက်ပါတယ်။

admin_ygn

     ၂၀၁၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ ၁၂း၃၀ ချိန်က ခန့်မှန်းတန်ဖိုးကျပ် ၃၃၈ သိန်းတန်ဖိုးရှိ Beer နဲ့ Sprite အချိုရည် ပုလင်း ၄၄၅၉၂ ကို ရွှေပြည်သာမြို့နယ် အမှတ်(၄)ရပ်ကွက်၊ သာဓုကန်စက်မှုဇုန်အနီး   ကွန်ကရစ်ခင်းဒေါ နလမ်းသွယ်ပေါ်မှာ  ဌာနဆိုင်ရာ ကိုယ်စားလှယ်များပါဝင်တဲ့ Mobile Team အဖွဲ့က လမ်းကြိတ်စက်ဖြင့်နင်း ကြိတ်ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ကြီးကြပ် မှုနဲ့ ကုန်သွယ်မှုလမ်း ကြောင်းများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ကမ်းရိုးတန်းဆိပ်ကမ်းများ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များနဲ့ နှစ်နိုင်ငံနယ်စပ်ရှိ ကုန်သွယ်ရေး စခ

admin_ygn

     မြဝတီ-ရန်ကုန်လမ်းကြောင်း ပေါ်ရှိ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးနဲ့ စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိတဲ့ Mobile Team လရ-၂အဖွဲ့သည် သြဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန် -ဘားအံ-မြဝတီ ပြေးဆွဲနေတဲ့ ပြည့် အားမာန်  ခရီးသည်တင်မှန်လုံယာဉ် အမှတ် 9B/xxxx  ယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ  ခရီးသည်၊ ခရီးသွား များအသွင်သဏ္ဌာန်မတူခြင်း၊ ခရီးသည် ပစ္စည်းတင် တန်းပေါ်တွင် ခရီးေ ဆာင် အိတ်များ တင်ဆောင်လာခြင်းမရှိဘဲ ရှင်းလင်းနေကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် အသေးစိတ်ဖွင့်ဖောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

admin_ygn

     မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှု မြှင့်တင်နိုင်ရန် တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ တရားဝင်လမ်း ကြောင်းမှန်ပေါ်သို့ ရောက်ရှိအောင် ဆောင်ရွက်နိုင်ရန်အတွက် အုပ်ချုပ်ရေး အဖွဲ့အစ ည်းများ၊ OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများ၊ ဒေသခံကုန်သည်လုပ်ငန်းရှင်များနဲ့ ဇူလိုင်လ ၂၇ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမှာ  ညှိနှိုင်းဆောင်ရွက်ခဲ့ပါ တယ်။

admin_ygn

   မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ် ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်ရေး စခန်း ၁၅ ခုရှိတဲ့အနက် ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလ (ဧပြီ၊ မေ၊ ဇွန်) အတွင်းမှာ ကုန်သွယ်မှုလျာထားချက်အပေါ် အများဆုံးဆောင်ရွက်နိုင်တဲ့ အ ဆင့် (၁)ရရှိပြီး ရာနှုန်းပြည့်ထက် ကျော်လွန်အောင်ဆောင်ရွက်နိုင်သော စခန်းများအလိုက် ထိပ်ဆုံးမှာရှိတဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။ ယခုကဲ့သို့ လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခြင်းဟာ ကုန်သည်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ကုန်သည်အသင်း၊ ဌာနဆိုင်ရာတို့ စည်း စည်းလုံးလုံး ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်နိုင်မှုကြောင့်ဖြစ်တယ်လို့ ဇူလိုင်လ ၃၀ ရက်နေ့က ရိဒ်ကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမမှာ

admin_ygn

     မူဆယ်-မန္တလေး လမ်းကြောင်းတစ်လျှောက်ရှိ Mobile Team လရ-၁ အဖွဲ့ သည် ဇူလိုင် ၂၃ ရက် နေ့တွင်  မန္တလေး-မူဆယ် လမ်းကြောင်းအတိုင်း ဝင်ရောက် စစ်ဆေးခံတဲ့ Honda CR-V ယာဉ်အမှတ် IE/xxxx  အားစစ်ဆေးရာ ယာဉ်ပေါ်မှ စပယ်ယာဘီးခွက်အတွင်း တရားမဝင်သိုဝှက်တင်ဆောင်လာတဲ့ ကျောက်စိမ်းဟုယူဆရတဲ့ ကျောက်တုံးအသေး ၁၈ တုံးအား ဖမ်းဆီးသိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ်အား အဖွဲ့စုံဖြင့် အသေးစိတ်စစ်ဆေးစဉ် ယာဉ်မောင်း မှာ ထွက်ပြေးတိမ်း ရှောင်သွားခဲ့တယ်လို့သိရပါတယ်။ ယာဉ်ပေါ်မှ သိမ်းဆည်းရမိ ကျောက်စိမ်းဟုယူဆရတဲ့ ကျောက်တုံးများနဲ့ မော်တော်ယာဉ်အား အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆ