admin_ygn

     ထိုင်းနှင့်မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား ဗီဇာ လျှောက်ထားရန်မလိုဘဲ ၁၄ ရက်အထိ ဝင်ရောက်လည်ပတ်ခွင့်ပြုမည့် နှစ်နိုင်ငံ သဘောတူစာချုပ်ကို ဇူလိုင်လ ၂၈ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့ကြပါ သည်။ အဆိုပါ သဘောတူစာချုပ်ကို နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် ရည်ရွယ်၍ ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်မှုမြှင့်တင်ရန်ဖြစ်ကြောင်း ဇူလိုင်လ ၂၈ ရက်နေ့တွင် ချင်းမိုင်၌ ကျင်းပခဲ့ေ သာ နှစ်နိုင် ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေး၌ ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Mr.Tanasak ကပြောကြားခဲ့ပါသည်။ ဗီဇာကင်းလွတ်ခွင့်

admin_ygn

     ဇူလိုင်လ နောက်ဆုံးပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် တစ်ခုတည်းမှသာ ကန်ဒေါ်လာ ၃ ဒသမ ၈၀၁ သန်း တန်ဖိုး ရှိတဲ့ ပြောင်းဖူးစေ့ ၁၂၆၇၀ တန်သာ တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ ယခင်ရက်သတ္တပတ် က မူဆယ်မှ ၁၉၂၄၀ တန်၊ လွယ်ဂျယ်မှ တန် ၂၀၀၀ နဲ့ ကန် ပိုက်တီးမှ ၅ တန်ကျော် တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ် ပြောင်းတင်ပို့မှု ၈၅၇၅ တန်ကျော်လျော့နည်းသွားပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ပြောင်းတစ် တန်ကို ယခင်တစ်ပတ်က ၂၇၅၀၂၁ ကျပ် ရှိရာမှ ယခုတစ်ပတ်တွင် ၃၇၄၈၀၄ ကျပ်သို့ ဈေးပြန်လည်မြင့်တက်လာတာ တွေ့ရပါတယ်။ နေရာအနှံ့ မိုးဆက် တိုက်ရွာသွန်းမှုကြောင့် ပြောင်းသီးနှံကို တ

admin_ygn

     မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းတလျှောက်ရှိ တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ Mobile Team လရ-၂ အဖွဲ့ သည် ကိုယ်ပိုင်ယာဉ်ငယ်များနဲ့ ခရီးသည်တင် မှန်လုံယာဉ်များပေါ်တွင် နိုင် ငံခြားဖြစ် အရက်၊ ဘီယာများ တင်ဆောင်၍ သယ်ယူရန်ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသဖြင့် ဇူလိုင်လ ၇ ရက်နေ့ ၀၉း၀၀ နာရီတွင် လရ-၂ အခြေပြုရာ ဖြစ်သော ညောင်ခါးရှည်လမ်းဆုံနဲ့ စစ်တောင်းတံတားသစ်တို့ကြား ရှိ ပြည်ထာင်စုလမ်းမကြီးတစ်လျှောက်နဲ့ ကျေးရွာအဝင်လမ်းတို့အား ကင်းပုန်းစောင့်ကြည့်လျက်ရှိစဉ် ယင်းနေ့ ၁၆း၃၀ ချိန်တွင် ပြည့်အားမာန် ယာဉ်လိုင်း မှန်လုံယာဉ်အမှတ် IA/xxxx သည် စစ်တောင်းတံတားသစ်

admin_ygn

     မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီကုန်သွယ်ရေးဇုန် ၊ ကော့သောင်းကုန်သွယ်စခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းတို့မှ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း ကန်ဒေါ် လာ ၂ ဒသမ ၂၂၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၂၃၀၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက တန် ၆၄၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှု များမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၃၂ သန်းတန်ဖိုးရှိ ကဏန်း ၂၈ တန်ခန့် ၊ ငါးမျိုးစုံ ၄၅ တန်ကျော် ၊ ပုစွန် ၁ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခင်သီတင်းပတ် နဲ့နှိုင်းယှဉ်ပါက ၁၀ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။

admin_ygn

     မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်း ကုန်သွယ်ရေးစခန်းတို့မှ ဇူလိုင်လ ၁၈ ရက် မှ  ၂၄ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၂၉ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၄၃ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၅ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုများမှာ- မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၂၃၆ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၃၁ တန်တင်ပို့တဲ့အတွက် ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၁ တန်ကျော် လျော့နည်းပိုမိုတင်ပို့ခဲ့ပါတယ်။

admin_ygn

     မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းက ဇူလိုင်လ ၁၈ ရက်မှ ၂၄ ရက်ထိ သီတင်းပတ်အတွင်း ရေထွက်ကုန်၊ လယ်ယာထွက်ကုန်နဲ့ စက်မှုကုန်ချောတန် ၁၆၀ ေ ကျာ် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၉၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၀၉၆ သန်းဖိုး တင်ပို့ခဲ့သဖြင့် ယခုသီတင်းပတ်မှာတော့ ကန်ဒေါ် လာ သုည ဒသမ ၀၀၁ သန်းဖိုးလျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုသီတင်းပတ်မှာ တင်ပို့ခဲ့တဲ့ ရေထွက်ကုန်ပစ္စည်းကတော့ ရေချို(ငါးမြစ်ချင်း) ၈၄ တန်နဲ့ လယ်ယာထွက်ကုန် ပစ္စည်း များဖြစ်တဲ့ မန်ကျည်းစေ့ ၅၆ တန်၊ ချင်း(အစို) ၃ တန်၊ ကွမ်းသီး ၂ တန်နဲ့ စက်မှုကုန်ချောပ

admin_ygn

     မြန်မာ-ထိုင်းနယ်စပ် သောင်ရင်း မြစ်ကမ်းတစ်လျှောက်မှာ  မြန်မာဂိတ် ၂၆ ဂိတ်၊ ထိုင်းဘက်မှာ ၁၉ ဂိတ်ရှိပြီး နယ်မြေခံတပ်၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ပြည်သူ့စစ် တို့မှ လုံခြုံရေးအတွက်  ယူထားတဲ့နေရာများ မှာ လူပစ္စည်းအဝင်အထွက်များပါ ပြု လုပ်နေကြကြောင်း ၊ အချို့ဂိတ်များမှာ ပစ္စည်းအဝင်အထွက် မရှိတော့သော်လည်း ၁၃ဂိတ်(ဖားခြောက်ေ ကာင်)၊ ၁၁/၁၁ ၊ ၁/၂ ဂိတ်၊ ၁၄ ဂိတ်၊ ၉၉၉၊ ဂေါက်ကွင်းရှေ့၊  (၁)ဂိတ်-မုတ်သုံဂိတ်၊ (မယ်တော်သလေး) ၊ ၁၇ ဂိတ်၊ မုတ်သုံဂိတ်၊  ၉၉၉ ဂိတ်သစ်၊  ဝ-ဂိတ်၊ ၆၆၉ (၉၉၉) ၊ နေစိုးမြဂိတ်၊  ဇီးတောဂိတ်၊ (ပြည်သူ့ စစ်ဂိတ်)၁၂ဂိတ်

admin_ygn

အာရှလမ်းမကြီးမှာ   တစ်စိတ်တစ်ပိုင်းပါဝင်နေတဲ့ ကလေး-တမူး-ကလေးဝလမ်းမကြီးရဲ့ လမ်းများ ကောင်းမွန် သော်လည်း တံတားများ ကြံ့ခိုင်မှုမရှိပါကြောင်း၊ တံတားကြံ့ ခိုင်မှု မရှိခြင်း မှာလည်း နှစ်ပေါင်းများစွာ ကြာပြီဖြစ်သလို၊  တံတားအမျိုးအစားတွေမှာလည်း ကွန်ကရစ်တံတားနည်းပါး ကြောင်း ဇူလိုင်လ ၃ ရက်နေ့ ကုန်သွယ်ရေး ဦးစီးဌာန တမူး ကုန်သွယ်ရေးစခန်း  အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ တမူးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။တမူးခရိုင်အတွင်း မှာ တံတားပေါင်း ၇၁ စင်းရှိပြီး ယခင်နှစ်က တစ်ဖက်အိန္ဒိယနိုင်ငံမှ ကွင်းဆင်းစစ်ဆေးမှု များပြုလုပ်ခဲ့သော်လ

admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်တာ သီတင်းပတ်အတွင်း  ကန်ဒေါ်လာ ၃ ဒသမ ၂၁၈ သန်းဖိုးရှိ ပြောင်းဖူးစေ့ ၁၀၇၂၇ တန်ခွဲကိုလည်းကောင်း၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၉၀ သန်းဖိုးရှိ ပြောင်းတန်ချိန် ၁၀၀၀ ကိုလည်းကောင်း အသီးသီး တင်ပို့ခဲ့ပါတယ်။  ယခင် သီတင်းပတ်က မူဆယ်မှ ၁၆၀၇၅ တန်ခွဲ၊ လွယ်ဂျယ် မှ တန် ၁၀၀၀ နဲ့ ကန်ပိုက်တီး မှ၁၄၇တန်ခွဲတင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မူဆယ် ကုန်စည်ဒိုင်မှာ ပြောင်းဝင်ရောက်မှု  နည်းပါးသွား တာတွေ့ရပါတယ်။ ပြောင်းအဝင် နည်းသလို မူဆယ်ကုန်စည်ဒိုင်မှာလည်း ယခင်တစ်ပတ်က ပြောင်းတစ်တန်ကို မိမိ ဘက်ပေါက်ဈေး ၃၇၀၃၀၄ ကျပ်ရှိခဲ

admin_ygn

မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းရှင်များသည် ဇူလိုင် ၃၀ ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပမည်ဖြစ် ကြောင်း သိရသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲ ကို အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် State Owned Enterprises တို့၏ ဦး ဆောင်မှုဖြင့် အင်ဒိုနီးရှားကုမ္ပဏီ ၁၆ ခုတို့သည် မြန်မာနိုင်ငံသို့လာရောက်၍ မြန်မာလုပ်ငန်းရှင်များနှင့်  စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။